ဂြိုဟ်လေးတွေ ဘယ်လိုသွား
ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .
Friday, March 30, 2012
ရာသီနှင့် ဂြိုဟ်တို့၏ ဂုဏ် နှင့် ဓာတ်
ဝေဒပညာရှင်းတမ်း
ရာသီနှင့် ဂြိုဟ်တို့၏ ဂုဏ် နှင့် ဓာတ်
ဓာတ် (၄) ပါးနှင့် ဓာတု၊ မူလ၊ ဇီဝ
ဆရာဦးမြင့်လွင်၏ သိရီပတိဇာတာ အလုပ်အကိုင်နှင့်ပတ်သက်သော အဟောများ မှတ်စုတွင်
          ဓာတု (၄)မျိုး
          (၁) တေဇောဓာတု (၂) အာပေါဓာတု (၃) ၀ါယောဓာတု (၄) ပထ၀ီဓာတု
          မူလ (၄)မျိုး
          (၁) မူလတေဇော (၂) မူလအာပေါ (၃) မူလ၀ါယော (၄) မူလပထ၀ီ
          ဇီဝ (၄)မျိုး
          (၁) ဇီဝတေဇော (၂) ဇီဝအာပေါ (၃) ဇီ၀၀ါယော (၄) ဇီဝပထ၀ီ
တေဇော (၃) မျိုး
          ဓာတုတေဇော
          မိဿရာသီ
          လောင်ကျွမ်းစေတတ်သော၊ လောင်စာဖြစ်သောဓာတု
          မူလတေဇော
          သိဟ်ရာသီ
          တေဇော - လောင်ကျွမ်းစေ၊ ရင့်ကျက်စေ၊ နူးညံ့စေသော
          မူလ - မြေပေါ်ရှိသစ်ပင်များ
          ဇီဝတေဇော
          ဓနုရာသီ
          အသက်ကိုဖြစ်စေသော အပူဓာတ်၊ ရှင်သန်မှုကိုဖြစ်စေသော အပူဓာတ်
အာပေါ (၃) မျိုး
          ဓာတုအာပေါ
          ကရကဋ်ရာသီ
          အာပေါဓာတ်သည် ပံျ့နှံ့တတ်၊ ဖွဲ့စည်းတတ်၊ စိမ့်ယိုတတ်သောဓာတ်မျာ၊ ကော်စေး ကပ်မှု
          မူလအာပေါ
          ဗြိစ္ဆာရာသီ
          မူလ - မြေပေါ်ရှိပစ္စည်းများ
          အာပေါ - ဖွဲ့စည်းမှု
          ဇီဝအာပေါ
          မိန်ရာသီ
          အာပေါဇီဝ - ဇီဝ(အသက်) + ယိုစီး + ပံျ့နှံ့ + စိမ့်ဝင် အသက်ရှင်သန်ကြီးထွားမှု အတွက် ဆောင်ရွက်ရန်ကိစ္စများ
ဝါယော (၃) မျိုး
          ဓာတုဝါယော
          တူရာသီ
          အငွေ့ အနံ့အသက်နှင့် ပတ်သက်သော ဇာတ်သဘောတရား
          မူလ၀ါယော
          ကုံရာသီ
          သစ်သီးသစ်ရွက်တို့မှ ၀ါယောဓာတ်ဖြစ်စေခြင်း
          ဇီ၀၀ါယော
          မေထုန်ရာသီ
ပထ၀ီ (၃) မျိုး
          ဓာတုပထ၀ီ
          မကာရရာသီ
          မြေကထွက်သည့် ဓာတ်သတ္တုအားလုံးပါဝင်သည်။
          မူလပထ၀ီ
          ပြိဿရာသီ
          ပထ၀ီ - မာကျောခြင်း၊ ကြမ်းတမ်းခြင်း
          မာကျောခြင်း၊ အနှစ်ရှိသောသစ်ပင်များ
          ဇီဝပထ၀ီ
          ကန်ရာသီ
          ဇီဝ - အသက်ရှင်မှု
          ပထ၀ီ - အစိုင်အခဲ
          အသက်ရှင်မှုအတွက် အထောက်အကူပြုသော ပစ္စည်းများ စသည်ဖြင့်ဖော်ပြထား ပါသည်။
ဓာတ်(၄)ပါးနှင့်ဓာတ်ဆင်မှု
          တေဇောဓာတ် - ပူသည်တစ်ချက်၊ ကျက်သည်တခြား၊ ကျော်ကြားစေမှု၊ တေဇောပြုရှင့်။
          အာပေါဓာတ် - ငြိမ်းမှုငြိမ်းစွာ၊ အေးရာအေးကြောင်း၊ ပြီးကောင်းသမှု၊ အာပေါပြုရှင့်။
          ပထ၀ီဓာတ် - ကြီးမှုတစ်တန်း၊ ခိုက်ရန်တခြား၊ လှုပ်ရှားမရှိ၊ ငြိမ်းဘိစေမှု၊ ဆင်ခြင်ရှု၍သာ၊ ပြုလော့ပထ၀ီ စသည်ဖြင့် အင်္ဂ၀ိဇ္ဇာဋီကာကြီး (တတိယတွဲ)တွင် ဖော်ပြထားပါသည်။
ဓာတ်နှစ်ပါး စသည်သည် ဓာတ်တစ်ပါးအားကြေနိုင်ကြောင်း
          ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဓာတ်လေးပါးတို့သည် သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက တည်းဟူသော လောကသုံးပါး၌ ထင်ရှားပြုပြင်သောကြောင့် ဓာတ်လေးပါးသည် ဓာတ်တစ်ပါးအား နိုင်ခြင်း၊ ရှုံးခြင်း၊ ရှင်ခြင်း၊ သေခြင်း စသည်တို့ဖြစ်ကုန်သော အကြောင်းတို့သည် ရှိအပ်၏။
          (၁) အာပေါ၊ ၀ါယော ဓာတ်နှစ်ပါးသည် ပထ၀ီဓာတ်ကိုကြေစေ၏။
          (၂) ပထ၀ီ၊ ၀ါယော ဓာတ်နှစ်ပါးသည် အာပေါဓာတ်ကိုကြေစေ၏။
          (၃) ပထ၀ီ၊ အာပေါ ဓာတ်နှစ်ပါးသည် တေဇောဓာတ်ကိုကြေစေ၏။
          (၄) ပထ၀ီ၊ တေဇော ဓာတ်နှစ်ပါးသည် ၀ါယောဓာတ်ကိုကြေစေ၏။
          (၅) ပထ၀ီ၊ တေဇော၊ ၀ါယော ဓာတ်သုံးပါးသည် ပါပလေးရပ်ဓာတ်တို့ကို ကြေစေ၏ဟု အင်္ဂ၀ိဇ္ဇာဋီကာကြီး (တတိယတွဲ) တွင် ဆက်၍ဖော်ပြထားပါသည်။
          - ပထ၀ီပျက်သော် အာပေါအားကြီးလာမည်။
          - အာပေါပျက်သော် တေဇောအားကြီးလာမည်။
          - တေဇောပျက်သော် ၀ါယောအားကြီးလာမည်။
          - ဓာတ်လေးပါးပျက်သော် အာကာသအားကြီးလာမည်။
          ပထ၀ီဝါယောပျက်သော် ကြောက်ရွံ့ထိတ်လန့်ဆွံ့အမည်။
          ပထ၀ီပျက်သော် ခွန်အားနည်းချည့်နဲ့၊ ချူချာ၊ မောပန်း၊ ကွေးဆန့်လွယ်မည်။
          အာပေါပျက်သော် အသားအရေခြောက်ကပ်၊ ရွှင်လန်းကြည်လင်မှုမရှိခြင်း။
          တေဇောပျက်သော် ခုံျ့ ခြင်း၊ ချပ်ခြင်း၊ ပိန်ကပ်၊ နွမ်းနယ်ခြင်းရှိမည်။
          အာကာသပျက်သော် စက္ခုနြေ္ဒဖောက်ပြန်၊ ဦးခေါင်းစောင်း၊ ရုပ်ဆင်းမလှ ဖြစ်မည်။
ဝေဒပညာနိဒါန်းမှ ဓာတ်(၄)ပါး
          ဆရာမိုးတားဦးထွန်းရှိန်၏ ဝေဒပညာနိဒါန်းကို ဇောတိသဒေ၀မဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြခဲ့ရာ ...
(၁)     လေ (Jaiyu)၀ါယုသည် သပ္ပာယဖြစ်အောင်ပေါင်းစပ်ခြင်းကို ဖြစ်စေ၏။
          ဥပမာဆိုသော် (Prana - Jaiyu) ပရာဏ (၀ါယု)သည် အသက်ဇီဝတစ်ခု၏ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ(အတွင်းနှင့်အပြင်) လောကဓာတ်တို့ကို သပ္ပာယဖြစ်အောင် ၀င်လေထွက်လေဖြင့် ပေါင်းစပ်ပေး၏။ လေသည်ပကတိအားဖြင့် ငြိမ်ငြိမ် သက်သက် ရှိခဲ့၏။ မကြာခဏဆိုသလို ဆွဲရာသို့ ယိမ်းယိုင်ပါတတ်၏။ တစ်ခါတစ်ရံမှာ ဘေးအန္တရာယ်ကြီးမားသည်အထိ မွှေနှောက်တတ်၏။ များသောအားဖြင့် ဖြည်းညင်းသာယာစွာ နေလေ့ရှိ၏။ လေတို့၏တိုးဝှေ့ရွေ့လျားခြင်းကို မမြင်ရ။ မည်သည့်နေရာမှာမဆို အကြီးမားဆုံးသော တိုးဝင်ထိုးဖောက်နိုင်သည့် စွမ်းအင်ရှိ၏။
(၂)     မီး (သို့မဟုတ်) Agni အဂ္ဂနိသည် ရုပ်လုံးပုံပန်းသဏ္ဌာန် အပြောင်းအလွဲကို ဖြစ်စေ၏။ ရုပ်လုံးပေါ်အောင် ပုံလောင်း ရာတွင် အဂ္ဂိနိသည်သာ အခရာဖြစ်၏။ သူမပါက မပြီးချေ။ နာမ်ပိုင်းဆိုင်ရာ မြင့်မားရေး၊ ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးရေး (သို့မဟုတ်) စိတ်ကူးဥာဏ်ညှစ်ထုတ်ရေးတို့၌ အဂ္ဂိနိသည်သာ အဓိကအားကိုးစရာဖြစ်၏။ မီးတွင် တစ်စုံတစ်ခု၏ အညစ်အကြေးကို လောင်ကျွမ်းစေတတ်သည့် သတ္တိရှိသဖြင့် စင်ကြယ်ခြင်းကိုဖြစ်စေတတ်၏။ ခက်မာသောအရာဝတ္ထုကို နူးနူးညံ့ညံ့ အပြင်းအပျော့ဖြစ်အောင် ပြုပြင်နိုင်ခြင်းသည် ရုပ်လုံးပုံသဏ္ဌာန် အပြောင်းအလဲကို မီးဓာတ်၏သတ္တိဖြစ်၏။
(၃)     ရေ (သို့မဟုတ်) ဇလ (အာပေါ)သည် ဓာတ်ငွေ့အရည်ဖြစ်၏။ ထို့ကြောင့် ရေတွင်စီးဆင်းမှု (သို့မဟုတ်) ယိုစီးမှုသည် အခရာဖြစ်၏။ ၎င်းသည် တမဂုဏ Gamaguna နှင့်ယှဉ်သောအခါ ရုပ်နှင့်နာမ်တို့အပြိုင် ရုန်းကန်သည့် ဂမ္ဘီရ အတွေးအကြံများ ၀င်ရောက်စေတတ်၏။ သတွဂုဏ Sattuau Guna နှင့်ယှဉ်သောအခါ စိတ္တဗေဒကိုဖြစ်ပေါ်စေ၏။ 
(၄)     မြေ (သို့မဟုတ်) Prthvi  သည် ရုပ်ဒြပ်အထည်ကိုယ်များ (သို့မဟုတ်) ကိရိယာတန်ဆာများအပေါ်၌ ဧကဂ္ဂတာကျ အောင် အာရုံစူးစိုက်ခြင်းဖြစ်၏။ ခက်မာမှု၊ နူးညံ့မှု (သို့မဟုတ်) သိမ်မွေ့မှုကို အကြောင်း+အကျိုး ဆက်ကြံရာမှာ အာရုံစူး စိုက်ခြင်းသည်သာ အခရာဖြစ်၏။ အတွေးအကြံများကို ဘာသာစကားထဲမှ လိပ်ပတ်လည်အောင် ပိုင်ပိုင် နိုင်နိုင်သုံးသည့် စကားလုံးတို့ကို အကဲခတ်ခြင်းဖြင့် အမြဲမသွေ သိသာစေလျက် (နိမိတ်ပြ) အမှတ်လက္ခဏာတို့ဖြင့်လည်း ထင်ရှားပေါ်လွင်စေ၏။
          ...စသည်ဖြင့် ရေးသားခဲ့ပါသည်။
ဆက်လက်ရေးသားပါမည်။
မှူးဝေဒ
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့
No comments:
Post a Comment