ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Tuesday, May 13, 2014

မြန်မာ့ရိုးရာဇာတာ ပရိုဂရမ်

မြန်မာ့ရိုးရာဇာတာ ပရိုဂရမ်
==============

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာရိုးရာဇာတာပရိုဂရမ်အား online ပေါ်မှ တိုက်ရိုက် အသုံးပြုနိုင်အောင် မျှဝေပေးလိုက်ပါတယ် . . .

ပရိုဂရမ်အသုံးပြုနည်းအား အောက်ပါလင့်တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
http://mmastrolesson.blogspot.com/2014/01/blog-post_24.html

မြန်မာ့ဗေဒင်လောက ဖွံ့ဖြိုးတိုးတက်ပါစေသတည်း . . .

ရွှင်လန်းချမ်းမြေ့ကြပါစေ။
မောင်အောင်ဟိန်းအေး



ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

Sunday, April 20, 2014

မြန်မာ/ရခိုင်သက္ကရာဇ် ၁၃၇၇ ခုနှစ်အား ၀ါငယ်ထပ်မည်လား ၀ါကြီးထပ်မည်လား (၁-က)

၁၃၇၇ ခုနှစ်ဝါငယ်ထပ်အတွက် ၁၃၇၇ ခုနှစ်မှ မှ ၁၃၈၀ခုနှစ် ထိ လပြည့်စန်းယှဉ်နက္ခတ်ဇယား
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

မြန်မာ/ရခိုင်သက္ကရာဇ် ၁၃၇၇ ခုနှစ်အား ၀ါငယ်ထပ်မည်လား ၀ါကြီးထပ်မည်လား (၁-ခ)

၁၃၇၇ ခုနှစ်ဝါကြီးထပ်အတွက် ၁၃၇၇ ခုနှစ်မှ မှ ၁၃၈၀ခုနှစ် ထိ လပြည့်စန်းယှဉ်နက္ခတ်ဇယား
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

Saturday, April 19, 2014

မြန်မာ/ရခိုင်သက္ကရာဇ် ၁၃၇၇ ခုနှစ်အား ၀ါငယ်ထပ်မည်လား ၀ါကြီးထပ်မည်လား (၁)

Swiss Ephemeris ဖြင့် လေ့လာခြင်း


ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

Friday, January 24, 2014

မြန်မာရိုးရာဗေဒင် ပရိုဂရမ် ကြေငြာ . .


မြန်မာရိုးရာဗေဒင် ပရိုဂရမ်အသုံးပြုနည်း

ဤပရိုဂရမ်တွင် . .

ခရစ်ရက်စွဲ
အင်္ဂလိပ်ပြက္ခဒိန်စနစ်အား နက္ခတ္တဗေဒပညာရှင် Oliver Montenbruck ၏ Pracital Ephemeris Calculations စာအုပ်မှ  ဖော်မြူလာများကို အသုံးပြုထားပါသဖြင့် BC 1.1.4713 မှစ၍ တနင်္ဂနွေနေ့ တနင်္လာနေ့ စသည်တို့အား မှန်ကန်စွာ တွက်နိုင်ပါမည် . . .
ဂျူလီယမ်မှ ဂရက်ဂိုရီယမ် ပြက္ခဒိန်စနစ် အလိုအလျောက် ပြောင်းလဲပေးသော စနစ်ကို အသုံးပြုထားပါသည် . . . 4.10.1582 မတိုင်မီ ရက်စွဲများသည် ဂျူလီယမ်ရက်စွဲများဖြစ်ပြီး ထို့နောက်ရက်စွဲများသည် ဂရက်ဂိုရီယမ် ရက်စွဲများအဖြစ် ပရိုဂရမ်မှ တွက်မည်။

မြန်မာသက္ကရာဇ်
    မြန်မာသက္ကရာဇ်များအား သူရိယသိဒ္ဓါန္တ သင်္ကြန်တွက်ရိုးကို အသုံးပြု တွက်ထားပါသည်။ ထို့ကြောင့် မြန်မာသက္ကရာဇ်အကူးအပြောင်း ခရစ်နှစ်ရက်စွဲများနှင့်အား မှန်ကန်စွာ တွက်ပေးပါမည်။
ဥပမာ . .
ယခု မြန်မာသက္ကရာဇ် 1375 ခုနှစ်သည် ခရစ်ရက်စွဲအရ 17.4.2013 တွင် နှစ်သစ်စတင်သည်။

မြန်မာသက္ကရာဇ် 1 ခုနှစ်တွင် ခရစ်ရက်စွဲအရ 23.3.639 တွင် နှစ်သစ်စတင်သည်။

လာမည့် 10000 တွင် သင်္ကြန်သည် မည်သည့်နှစ်တွင် စတင်မည်လဲ ဆိုသည်များကို တွက်နိုင်ပေမည်။
မြန်မာသက္ကရာဇ် 10000 စတင်သောရက်စွဲသည်သည် ခရစ်ရက်စွဲအရ 5.9.10639 သို့ ရောက်ရှိသွားသည်ကို တွေ့ရှိနိုင်ပေလိမ့်မည်။

မြန်မာပြက္ခဒိန်
ခရစ်ရက်စွဲသိရှိယုံဖြင့် မြန်မာပြက္ခဒိန်ရက်စွဲများအားသိရှိနိုင်ရန် နှစ် 300 ကျော်မြန်မာပြက္ခဒိန် အား ထည့်သွင်းပြုစု ပေးထားပါသည်။ မြန်မာပြက္ခဒိန်အား ပြုစုရာတွင် ထုတ်ဝေပြီး မြန်မာပြက္ခဒိန်များ၊ ဆရာတော် ဦးတိက္ခဓမ္မာလင်္ကာရ နှင့် သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းတို့ပြုစုသော ကုန်းဘောင်ခေတ် မြန်မာရက်စွဲသမိုင်း စာအုပ်ပါ ရက်စွဲတို့ဖြင့် စစ်ဆေး၍ မှန်ကန်မှုရှိစေရန် ပြုစုထားပါသည်။ ခရစ်နှစ် 1701 ခုနှစ်မှစတင်၍ မြန်မာရက်စွဲများအား သိရှိနိုင်ပါမည်။ နှောင်းတန်ခူး၊ ဦးတန်ခူးများအား ခွဲခြားမှတ်သားနိုင်ရန် ပြုစုထားသည်။
ဥပမာ . .
ခရစ်နှစ် 1.1.1701 = မြန်မာသက္ကရာဇ် 1062 ခု နှောင်းတန်ခူး လဆုတ် (၁) ရက် ဗုဒ္ဓဟူးနေ့

မြန်မာ့ရိုးရာဇာတာသည် သက္ကရာဇ်နှင့် မွေးနေ့ကို သိလျှင် တွက်နိုင်သောကြောင့် ဤပရိုဂရမ်သည် အင်္ဂလိပ်ပြက္ခဒိန်တွက်နည်းများနှင့် မြန်မာ သင်္ကြန်တွက်ရိုးများကို ချိတ်ဆက်အသုံးပြုထားပါသဖြင့် BC 4713 မှ AD မည်သည့်နှစ်အတွက်မဆို တွက်နိုင်ပါသည်။ မြန်မာသက္ကရာဇ် 1 ခုတွင် 1 ကြွင်းသည်။။ မြန်မာသက္ကရာဇ် မစတင်မီ 1 နှစ်အလိုတွင် 0 ကြွင်းပေလိမ့်မည်။ ဤနည်းဖြင့် BC နှစ်များရှိ ဇာတာများကို တွက်ယူထားပါသည်။

ပရိုဂရမ်အသုံးပြုနည်းစလိုက်ကြရအောင် . .
(၁) ဇာတာရှင်လာမေးသောအချိန် (သို့မဟုတ်) လက်ရှိအချိန် အတွက် အသုံးပြုနည်း

၁။ ဇာတာရှင်နေရာတွင် အမည်ရိုက်ထည့်ပါ  . .


၂။ မွေးသက္ကရာဇ် ခရစ် ရက်- လ- နှစ် တို့အား အ၀ါရောက်ချယ်ထားသော အကွက်များတွင် ဖြည့်ပါ . .


၃။ ကျား/မ အားရွေးချယ်ပါ . .
ကျား/မ ရွေးချယ်ခြင်းသည် ဆန်းဗေဒင်အတွက် ဣဌ၊ အနိဌ (သက်ရှိ၊ သက်မဲ့)စသည်တို့အား တွက်ချက်ရန် ရွေးချယ်ရခြင်းဖြစ်သည်။
ကျား/မရွေးချယ်ရန်အတွက် အောက်ပါအတိုင်း cell box တွင် ကလစ်တစ်ချက်နှိပ်ပါ . . ထောင့်တွင်မျှားပုံလေး ပေါ်လာမည် . . ထိုမျှားပေါ်တွင် ထပ်မံကလစ်ပါ . . မေးမြန်းသူသည် အမျိုးသားဖြစ်လျှင် အပေါ်ရှိ (ကျား) အား ရွေးပါ . .  အမျိုးသမီးဖြစ်လျှင် အောက်ရှိ (မ) အားရွေးပါ . . ပြီးလျှင် Enter ခေါက်ပါ . . .



ပရိုဂရမ်မှ အောက်ပါအချက်များ တွက်ပေးပါလိမ့်မည် . . .
 ဇာတာရှင်၏
o    မွေးနေ့၊ သက်ရောက်၊ ဂြိုဟ်စား
o    ဇာတာရှင်မွေးဖွားသော မြန်မာသက္ကရာဇ် ရက်စွဲ ခုနှစ် လ(လဆန်းလဆုတ်၊ လပြည့်လကွယ်) ရက် နေ့
o    ဇာတာရှင်၏ အသက်
o    တွက်သောအချိန်ရှိရက်စွဲ
o    မူလမဟာဘုတ်၊ ကောဇာမဟာဘုတ်၊ မူလနာမက္ခရတိုင်၊ ကောဇာနာမက္ခရတိုင်


အင်္ဂ၀ိဇ္ဇာဗေဒင်အတွက်
၁ နာရီခွဲအခါတိုင်၊ ၁နာရီအခါတိုင်

သေသ၀ိဇ္ဇာတိုင်

ဇာတာရှင်သည်  . .
စတုဂု မ္ဘာန်နိစ်ကြီး၊ စတုဂု မ္ဘာန်နိစ်လတ်၊ စတုဂု မ္ဘာန်နိစ်ငယ် ကိန်း မိ/မမိ
တောင်းမှောက်ကိန်း၊ တောင်းလှန်ကိန်း မိ/မမိ
ဘုမ္မိကြီး၊ ဘုမ္မိနှစ်ထပ်၊ သက်ရောက်ဘုမ္မိ၊ ဂြိုဟ်စားဘုမ္မိကိန်း မိ/မမိကို အညိုရောင်အကွက်တွင် တွက်ပေးမည် ဖြစ်သည်။ နမူနာဇာတာတွင် စတုဂု မ္ဘာန်နိစ်ငယ်ကိန်း မိနေသည်ကို ဖော်ပြနေသည်။



ဆန်းဗေဒင်အတွက် ဇာတာရှင်၏
o    အတ္တတိုင် ပရတိုင်၊ ကပ်ဂြိုဟ်၊ အားဗလ၊
o    စာခြောက်တန်း- မိတ်ရန်ဓာတ်ဥဒါသိန် ခွဲခြားခြင်း
o    သက်ရှိ/သက်မဲ့ ခွဲခြားခြင်း
o    လူ၊ တိရစ္ဆာန်၊ အပျို၊ အအို၊ မုဆိုးဖို/မ ခွဲခြားခြင်း
o    အနီးအဝေးအရပ် ခွဲခြားခြင်း
o    လူမျိုးတူ၊ လူမျိုးကွဲ၊ သူစိမ်း၊ ဆွေမျိုး ခွဲခြားခြင်း
o    ဓာတ်လေးပါး (မီး၊ ရေ၊ လေ၊ မြေ) ခွဲခြားခြင်း
o    ကာရက (၈)ပါး . .  (ကတ္တု၊ သာမိ . . . ) ခွဲခြားခြင်း

ဆန်းကျင်ဂြိုဟ် . . အနီရောင်ဖြင့်ဖော်ပြမည်
နမူနာဇာတာတွင် ကပ်ဂြိုဟ်တိုင်ရှိ အနီရောင်ဖြင့် ဖော်ပြနေသော စနေဂြိုဟ်သည် ဆန်းကျင်နေသောဂြိုဟ်ဖြစ်သည်။

မွေးနံ နိစ်ပြမိနေလျှင်လည်း ၀ိပ္ပရိတ်ပြန်ဟောရန် အတွက် ခရမ်းရောင်အကွက်တွင် သတိပေးစာသား ဖော်ပြပေးလိမ့်မည် . .

ဇာတာရှင် မေးသောအချိန်အရ
၁၄ အင်းဝ (အတွင်းရန်)၊  ဦးဝေ (ဓာတ်ရန်)
၂၄ ကုလား (အပြင်မိတ်)၊ ကိုရှာ (အတွင်းမိတ်)
၂၅ ခေမာ (အပြင်ရန်)၊ ဂဗ္ဘေ (ဓာတ်မိတ်)
၃၂ စံကူး (ဓာတ်ရန်)၊ ပါပ ပဋိပက္ခ
၃၄ ဇာရာ (အပြင်မိတ်တု)၊ စရေ (ဓာတ်မိတ်)
၄၄ ဝေရီ (အပြင်ရန်)၊ ရီဝေ (အတွင်းမိတ်တု)
၄၅ ရေဘူး(ဓာတ်ရန်)၊ သောမအညမည
၀၄ တော်ရင်း (အပြင်မိတ်)၊ ဒါန်းလှ (အတွင်းမိတ်) စသည်တို့အားလည်း မည်သည့် ပရိယာယ် ရွေးချယ်ရမည်ကို ပရိုဂရမ်မှ မေးချိန် နံနက်ပိုင်း/ညနေပိုင်းအား တွက်ပြီး အဆင်သင့် ရွေးချယ်ပေးသွားပါလိမ့်မည် . .



နမူနာဇာတာအပြည့်အစုံ . .
ဆရာဦးမောင်မောင်ကြည်အတွက် ပြုစုထားသော ပရိုဂရမ်အား နမူနာအဖြစ် ဖော်ပြလိုက်ပါသည်။ Print ထုတ်နိုင်ရန် တစ်မျက်နှာတည်းတွင် တွက်ထားပါသည်။




၂။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းဖွား ရာဟုနေ့သားများအား တွက်ခြင်း
    အထက်တွင် ဖော်ပြခဲ့သော နမူနာဇာတာသည် 1-1-2013 (အင်္ဂါနေ့)သားအတွက် ဖြစ်သည်။
အောက်တွင် 2-1-2013 (ဗုဒ္ဓဟူး)နေ့သားအတွက် ဖော်ပြထားသည် . . ပုံတွင်ဖော်ပြထားသော ၄ဟူး/ရာဟု (နံနက်ပိုင်း၊ ညနေပိုင်း)ရွေးချယ်ရန်အကွက်သည် မွေးသက္ကရာဇ်အရ ဗုဒ္ဓဟူးနေ့နှင့် ကိုက်ညီမှသာ မြင်ရမည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့သားများအတွက် နံနက်ပိုင်း/ညနေပိုင်း မရွေးလျှင် သက်ရောက်၊ ဂြိုဟ်စားများ လွဲချော်သွားမည်ဖြစ်သည်။ အောက်တွင် တစ်နေ့တည်းတွင် မွေးဖွားသော ဗုဒ္ဓဟူးနေ့သား နံနက်ပိုင်းမွေး၊ ညနေပိုင်းမွေး ဇာတာနှစ်ခုအား ဖော်ပြထားပါသည်။
နံနက်ပိုင်းမွေးအတွက် စနေ သက်ရောက်၊ ဗုဒ္ဓဟူးဂြိုဟ်စားဖြစ်သည်။
ညနေပိုင်းမွေးအတွက် သောကြာ သက်ရောက်၊ ရာဟုဂြိုဟ်စားဖြစ်သည်။

ထို့အပြင် အတ္တတိုင် ပရတိုင်ရှိ အားဗလများ၊ မိတ်ရန်ဓာတ်ဥဒါသိန်၊ သက်ရှိသက်မဲ့ စသည်တို့လည်း ကွာခြားကုန်မည်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဟူးနေ့သား လာမေးလျှင် နံနက်ပိုင်း/ညနေပိုင်း မွေးဖွားသူလား ဆိုသည်ကို သေချာအောင်မေးမြန်း၍ ပရိုဂရမ်တွင် ရွေးချယ်ပေးရပါမည်။
နံနက်ပိုင်းမွေးဖွားသူအတွက် တွက်ပုံ


ညနေပိုင်းမွေးဖွားသူအတွက် တွက်ပုံ


၃။ လိုအပ်သောအချိန်ရှိ ဇာတာအားတွက်ချက်ခြင်း
    လိုအပ်သောအချိန်ရှိ ဇာတာအား တွက်ချက်ခြင်းဆိုသည်မှာ အတိတ်ကာလဇာတာများနှင့် အနာဂတ်ကာလ ရှိဇာတာများ တွက်ရန်ကို ဆိုလိုခြင်းဖြစ်သည်။
ဥပမာ-
ကျွန်တော်တို့သည် 1.1.2000 တွင် မွေးဖွားပြီး 1.1.2010 ညနေ (5)နာရီ  တွင်ကွယ်လွန်သော သူတစ်ဦး၏ သေဆုံးချိန် ရှိဇာတာကို တွက်လိုသည်ဆိုပါစို့ . .  အောက်ပါအတိုင်း တွက်ယူရပါမည်…
မွေးသက္ကရာဇ် နှစ်လရက် ကျား/မတို့အား ရွေးပါ။
ပုံတွင်ပြထားသည့်အတိုင်း မွေးသက္ကရာဇ် အောက်ရှိ ယနေ့ဟူသော အကွက်အား ရွေးပြီး တွက်လိုသောနေ့ ဟူ၍ ပြောင်းလိုက်ပါ . .  မိမိတွက်လိုသော ရက်လနှစ် နာရီမိနစ်တို့အား ဖြည့်သွင်းရန် အ၀ါရောင်ချယ်ပြထားသော အကွက်များပေါ်လာမည်။ အတိတ်ကာရှိဇာတာများအား ထိုနည်းအတိုင်း မိမိတွက်လိုသော ရက်လနှစ် နာရီမိနစ်တို့အား ဖြည့်သွင်းပြီး တွက်နိုင်ပါသည်။ မွေးဖွားချိန်မူလမဟာဘုတ်နှင့် ဖြည့်သွင်းထားသောအချိန်၏ ကောဇာမဟာဘုတ် စသည်ဖြင့် တွက်ပေးပါလိမ့်မည်။

နာရီဖြည့်သွင်းရာတွင် 24 နာရီစနစ်ကို အသုံးပြုထားပါသဖြင့် ညနေ (5)နာရီ = 12 + 5 =17 နာရီဟု ဖြည့်သွင်းရပါမည်။




လာမည့်နှစ် 1.1.2020 ရှိ ဇာတာအား ကြိုတင် တွက်ကြည့်ချင်သည် ဆိုပါစို့။ ထိုရက်စွဲအား မွေးသက္ကရာဇ် နေရာနှင့် တွက်လိုသောနေ့ နေရာနှစ်ခုစလုံးတွင် တူညီစွာ ဖြည့်သွင်းလိုက်ပါ. . ထိုနေ့ရက်ရှိ ဇာတာအား တွက်ပေးမည် ဖြစ်ပါသည်။


ပရိုဂရမ်အသုံးပြုရန်အတွက် လိုအပ်ချက်များ
၁။ Office - Microsoft Excel
၂။ Zawgyi-One Font
ပရိုဂရမ်နှင့် ပတ်သက်၍ ဝေဖန် အကြံပြုလိုသည်များရှိပါက aungheinayeaha@gmail.com သို့ ဆက်သွယ်အကြံပြုနိုင်ပါသည် . .


ကျေးဇူးတင်ပါသည် . .
မောင်အောင်ဟိန်းအေး
aungheinayeaha@gmail.com

ပရိုဂရမ်ရှိပြီးသားသူများအနေဖြင့် ယခုအသုံးပြုနည်းလမ်းညွှန်အား အောက်ပါနေရာတွင် ဒေါင်းနိုင်ပါသည် . .
မြန်မာရိုးရာဗေဒင် ပရိုဂရမ်အသုံးပြုနည်း PDF
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

Tuesday, January 7, 2014

ပြက္ခဒိန်ဆိုင်ရာ စာအုပ်များ (၂),

ပြက္ခဒိန်ဆိုင်ရာ စာအုပ်များ (၂),
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

ပြက္ခဒိန်ဆိုင်ရာ စာအုပ်များ (၁)

ပြက္ခဒိန်ဆိုင်ရာ စာအုပ်များ (၁)


ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>