ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Wednesday, March 7, 2012

ရာသီနှင့်ဂြိုဟ်တို့၏ ဓာတ် (၂)



ဝေဒပညာရှင်းတမ်း
ရာသီနှင့်ဂြိုဟ်တို့၏ ဓာတ်
ဓာတ်လေးပါးနှင့် လက်ဖ၀ါးပြင်
          ဓာတ်လေးပါးကို လက်ဖ၀ါးပြင်နှင့်ဆက်စပ်မှုရှိကြောင်းကို“ . . . .. ” ၏စာအုပ်တွင် ဖော်ပြထားသည်မှာ ...

 

(ဗေဒစိန္တာမယ) ဆရာဦးလှကြိုင်၏ 'ဖလိတစိန္တာမဏိကျမ်း' ပထမတွဲတွင်
ဓာတ်လေးပါးရာသီကို မိတ်ရန်ခွဲပြခြင်း

ဓာတ်ရာသီ
မိတ်
ရန်
မီး - မိဿ၊ သိဟ်၊ ဓနု
လေ - မေထုန်၊ တူ၊ ကုံ
မြေ - မကာရ၊ ပြိဿ၊ ကန်


ရေ - ကရကဋ်၊ ဗြိစ္ဆာ၊ မိန်
မြေ - ပြိဿ၊ ကန်၊ မကာရ
ရေ - ကရကဋ်၊ ဗြိစ္ဆာ၊ မိန်
မီး - မိဿ၊ သိဟ်၊ ဓနု


လေ - တူ၊ ကုံ၊ မေထုန်
လေ - မေထုန်၊ တူ၊ ကုံ
မီး - မိဿ၊ သိမ်၊ ဓနု  
မြေ - မကာရ၊ ပြိဿ၊ ကန်


ရေ - ကရကဋ်၊ ဗြိစ္ဆာ၊ မိန်
ရေ - ကရကဋ်၊ ဗြိစ္ဆာ၊ မိန်
မြေ - မကာရ၊ ပြိဿ၊ ကန်
မီး - မိဿ၊ သိဟ်၊ ဓနု


လေ - တူ၊ ကုံ၊ မေထုန်
 
         
အဟောမှာ
          အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာနှင့်တပည့်၊ အဖေနှင့်သား၊ လင်နှင့်မယား တွဲဖက်ဟူသရွေ့ အချင်းချင်းသင့်မြတ်ခြင်း ရှိ, မရှိကို သိလိုလျှင် လဂ်နှင့်စန်းတို့သည် မည်သည့်ရာသီတို့ ရှိနေသည်ကို ဝေဖန်၍ဟောရမည်။
          စန်းသည် စိတ်၏ ကာရကဂြိုဟ်ဖြစ်၏။ စန်းတည်သောရာသီတို့သည် အချင်းချင်းမိတ်ဖြစ်လျှင် ထိုသူတို့၏ စိတ်နေ သဘောထားသည် တိုက်ဆိုင်ခြင်းများတတ်သည်။ အကယ်၍ စန်းတည်သောရာသီတို့သည် အချင်းချင်း မိတ်မဖြစ်သော်လည်း လဂ်တည်သောရာသီအချင်းချင်း မိတ်ဖြစ်လျှင် တစ်ဦးအပေါ်တစ်ဦး မေတ္တာဓာတ်ရှိပြီးလျှင်  စိတ်သဘော အယူအဆကွဲလွဲ တတ်၏။ သို့ရာတွင် တစ်ဦးလဂ်မှ တစ်ဦးလဂ်သည် ၆တန့်၊ ၈တန့်ဖြစ်လျှင် ရန်သူဖြစ်တတ်၏။ အနိုင်လုတတ်၏။
          စန်းနှင့်လဂ် နှစ်မျိုးစလုံး ရာသီအချင်းချင်း ရန်ဖြစ်လျှင်လည်း တစ်ဦးနှင့်တစ်ဦး သင့်မြတ်ခြင်းမရှိချေ။ အတိုက်အခံ သဘော အမြဲရှိတတ်၏။ လဂ်အိမ်နှင့် စန်းအိမ်ရှင်ဂြိုဟ်တို့ တည်ရှိသောရာသီကလည်း ဝေဖန်၍ဟောရမည်ဟု ဖော်ပြထား ပါသည်။

မူလဓာတ်၊ မိတ်၊ ရန်၊ ဥဒါသိန်
          ဇောတိသဝေဒမဂ္ဂဇင်းတွင် မင်းသစ်ကျော်(ဥဿာ)က ဖော်ပြထားသည်မှာ မိတ်၊ ရန်သာမကဘဲ ဥဒါသိန်ကိုပါ ထည့်သွင်း ထားသည်ကို တွေ့ရပါသည်။
         
         
မူလဓာတ်
မိတ်
ရန်
ဥဒါသိန်
ပထ၀ီ
အာပေါ
ဝါယော
တေဇော
အာပေါ
ပထ၀ီ
တေဇော
ဝါယော
ဝါယော
တေဇော
ပထ၀ီ
အာပေါ
တေဇော
ဝါယော
အာပေါ
ပထ၀ီ



ရှေးဆရာမြတ်တို့က...
          ''မီးဓာတ်နှင့်လေ၊ မြေနှင့်ရေ၊ မိတ်ဆွေတော်ကြ၊ သဟာယ''
          ''မီးဓာတ်နှင့်ရေ၊ မြေနှင့်လေ၊ မိတ်ဆွေမစပ်၊ ပဋိယတ်'' ဟု ရေးမှတ်ကြပါသည်။

ဓာတ်ကြီးငါးပါးကြီးစိုးသော အမှုကိစ္စများ
၁ ။      ပထ၀ီဓာတ်
          (၁) အချစ်ရေး (၂) လက်ထပ်ရေး (၃) အိုးအိမ်ဆောက်လုပ်ရေး (၄) လက်ဝတ်လက်စားအသစ် ၀တ်ဆင်ရေး
(၅) ကုသိုလ်ကောင်းမှုပြုခြင်းများ
၂ ။      အာပေါဓာတ်
          (၁) အလုပ်အကိုင် (၂) ပညာရေး (၃) စာပေနှင့်ပတ်သက်သောကိစ္စများ
၃ ။      ၀ါယောဓာတ်
          (၁) ကျန်းမာရေး (၂) ခရီးထွက်ခြင်းများ
၎ ။      တေဇောဓာတ်
          (၁) မကောင်းမှုအကုသိုလ်လုပ်ခြင်း (၂) ဆင်းရဲဒုက္ခခံနိုင်ခြင်း (၃) လောင်းကစားခြင်း (၄) ကာမဂုဏ်ကိစ္စများ
၅ ။      အာကာသဓာတ်
          (၁) ဥစ္စာပစ္စည်း (၂) အမွေပစ္စည်း (၃) ရှေးဟောင်းဝေဒကျမ်းများ၊ သိပ္ပံ-၀ိဇ္ဇာ သမိုင်းဝင်ပစ္စည်းများ (၄) ရေပေါ်ရေ အောက် မြေပေါ်မြေအောက်ရှိသော သဘာဝ  ဓာတ်သတ္တုပစ္စည်းများ (၅) ပုဂ္ဂိုလ်ရေးရာ အမှတ်တရပစ္စည်းများ၊ အခွင့် အရေးများ စသည်ဖြင့် မင်းသစ်ကျော် (ဥဿာ)က ဖော်ပြရေးသားထားပါသည်။
          ဆရာဝန်ဖေဥာဏ်၏ ''အနောက်တိုင်းနက္ခတ်ပညာ'' စာအုပ်တွင် ...
၁ ။      မီးနှင့်လေ အုပ်စုမျိုးသည် စိတ်လိုက်မာန်ပါခံစားမှုအတိုင်း လုပ်ဆောင်ကြသည်။
၂ ။      ရေနှင့်မြေ အုပ်စုသည် ခေါင်းအေးအေးဖြင့် ကြံစည်စဉ်းစားလုပ်ဆောင်ကြသည် ဟု ရေးသားထားပါသည်။

ဂြိုဟ်တို့၏ဓာတ်လေးပါးကိုပြခြင်း
          ဖလိတစိန္တာမဏိကျမ်းတွင် ...
          မူလဇာတာကို စစ်ဆေးသောအခါ၌ဖြစ်စေ၊ ကာလဇာတိကိုဟောသောအခါ၌ဖြစ်စေ၊ အားနည်းသောဂြိုဟ်၏ စိုးပိုင် သောဓာတ်ကိုကြည့်၍ ရောဂါဝေဒနာဖြစ်တတ်ကြောင်းကို ဟောနိုင်၏။

တေဇောဓာတ်အားကြီးလျှင်
          မီးနှင့်ပတ်သက်သောပစ္စည်းကိုလည်းကောင်း၊ မီးနှင့်သက်ဆိုင်သော စက်မှုလုပ်ငန်းကိုလည်းကောင်း၊ အဂ္ဂိရတ်ထိုးရာ ၌လည်းကောင်း အကျိုးပေးတတ်၏။ ပူအိုက်သောဒဏ်ကို ခံနိုင်စွမ်းရှိ၏။ မီးသတ်ဌာန၊ မီးရထားစက်ရုံ၊ မီးနှင့်ပတ်သက်သော ဌာနမှာလုပ်ကိုင်လျှင် အကျိုးပေး၏။

အာပေါဓာတ်အားကြီးလျှင်
          အေးသောဒဏ်ကိုခံနိုင်၏။ ရေကို ခဏခဏချိုးတတ်၏။ အေးသောရာသီကိုကြိုက်၏။ ရေမှ ပေါ်ထွက်သော ပစ္စည်း ကို ရောင်းဝယ်ခြင်း၊ ရေကြောင်းခရီးဖြင့် ကူးသန်းရောင်းဝယ်ခြင်း၊ ရေနှင့်ပြုလုပ်သော ပစ္စည်းတို့ကို လုပ်ကိုင်ရောင်းချခြင်း၊ လှေသမ္ဗန်၊ စက်လှေ၊ တုန်ကင်း၊ သင်္ဘောအစရှိသည့် ရေယာဉ်များနှင့် အကျိုးပေးတတ်၏။ ရေ၀န်ရုံး၊ သင်္ဘောကျင်းဌာန၊ ရေနှင့်နီးစပ်ရာလုပ်ငန်းများမှာလည်း အကျိုးပေးတတ်၏။

ပထ၀ီဓာတ်အားကြီးလျှင်
          ဥယျာဉ်၊ ခြံ၊ လယ်ယာ၊ ကိုင်းကျွန်း အစရှိသည့် မြေနှင့်ပတ်သက်သောလုပ်ငန်း၊ သတ္တုတွင်းတူးခြင်းနှင့် ဘူမိဗေဒပညာ များကို ၀ါသနာပါ၏။ ကုန်းကြောင်းခရီးဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးဌာန၊ လယ်ဝန်ရုံး နယ်ခြားအကောက်ဌာနများ၌ အကျိုးပေးတတ်၏။

အာကာသဓာတ်အားကြီးလျှင်
          သျှတ္တရပညာနှင့် နက္ခတ်ဗေဒင်ပညာကို ၀ါသနာပါတတ်၏။ ငှက်၊ တိရစ္ဆာန်ရောင်းဝယ်ခြင်း၊ လေကြောင်းခရီး သယ် ယူပို့ဆောင်ရေးဌာန စသည်တို့ကို လုပ်ကိုင်ပါက အကျိုးပေးတတ်၏။ မိုးရာသီကို ကြိုက်နှစ်သက်၏။

ဝါယောဓာတ်အားကြီးလျှင်
          လေကိုအသုံးပြုတတ်သောပညာ၊ ကြေးနန်း၊ တယ်လီဖုန်း၊ ရေဒီယိုအတတ်ပညာတို့ကို ၀ါသနာပါတတ်၏။ လေညင်း ခံလိုသော ၀ါသနာကြီး၏။ ဤအချက်များကို လဂ်စန်းစီးသောန၀င်းဂြိုဟ်တို့ကိုလည်းကောင်း၊ လဂ်စန်းအိမ်ရှင် န၀င်းစီးသော ဂြိုဟ်ကိုလည်းကောင်း အားကြီးရာကိုယူလေ။ အားချင်းတူလျှင်လည်း ဆိုင်ရာဓာတ်သဘာဝအတိုင်း အကျိုးကို အထိုက် အလျောက်ပေး၏။
          အားနည်းသော အန္တရဒသာဂြိုဟ် ဒသာစားသောအခါ ပိုင်ဆိုင်ရာဓာတ်သဘာဝနှင့် လျော်ညီစွာလည်းကောင်း၊ ဂြိုဟ် တည်သောဘာဝနှင့် ဆိုင်ရာကိုယ်ခန္ဓာ အစိတ်အပိုင်းများမှာ ရောဂါဝေဒနာ ပေးတတ်၏။ ဆိုင်ရာအကျိုးများလည်း ပျက်စေ၏။
          အားကြီးသော အန္တရဒသာစားလျှင် ပိုင်ဆိုင်သော ဓာတ်သဘာဝအားလျော်စွာ အထက်ပါအတိုင်း ဝေဖန်ပြီးလျှင် ကောင်းကျိုးပေးမည်ဟု ဟောနိုင်၏။
          အားနည်းသောဂြိုဟ်သည် လဂ်စန်းပေါ်၌ ကောဇာအားဖြင့်လာစီးလျှင် စိုးပိုင်သောဓာတ်သဘာဝအလျောက် အားရှိ အားမဲ့ဝေဖန်၍ အဆိုးအကောင်း ဟောနိုင်၏။

(ဆက်လက်ရေးသားပါဦးမည်)
မှူးဝေဒ
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

No comments:

Post a Comment