တားရော့ပုံပြင် (3)
အရိုးကို အရွက်မဖုံးစေနှင့်
အခုတစ်ခါ
ကားချပ်တွေဘက်ကိုလှည့်ကြည့်ရအောင်။ ပထမဦးဆုံး ကျွန်တော့် လက်ထဲရောက်လာ တာက
A.E. Waite ရဲ့ Rider ကားချပ်ထုပ်နဲ့ Eden Gray ရေးတဲ့ The Tarot Revealed
ဆိုတဲ့စာအုပ်ပါ။ အစမှာပြောခဲ့သလို ဆရာလဲမရှိ၊ ဘာသာပြန်နိုင်လောက်အောင်
အချိန်လဲမအား၊ အခုလောက် ဒီပညာရဲ့ တန်ဖိုးကိုလဲမသိတော့၊
ပေါ့ပေါ့တန်တန်ပါပဲ၊ အထူးအဆန်းအဖြစ် စိတ်ဝင် စားရုံ/
လိုချင်တဲ့ပစ္စည်းလက်ထဲ ရောက်လာလို့ ပျော်ရုံမျှပါပဲ။ မျောက်လက်ထဲကို
အုန်းသီးရောက်သလို၊ စားရကောင်းမှန်းတော့ သိပါရဲ့ ဘယ်လိုလုပ်စားရမှန်းလဲ
မသိနဲ့။ ကားချပ်ကလေးတွေကို တစ်ကတ်ခြင်းကြည့်၊ စိတ်ဝင်စားတဲ့ကတ်တွေရဲ့
အကြောင်းကို ဖတ်ကြည့်-နဲ့ တားရော့ကားချပ်ထုပ်ကို
စတင်မြင်ဘူး-ထိတွေ့ဘူးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကားချပ်ထုတ် အမျိုးမျိုး၊
စာအုပ်အမျိုးမျိုးရလာခဲ့တယ်၊ အထုပ်တောင်မဖြေဖြစ်ဘူး၊ သေတ္တာထဲ
ထည့်သိမ်းထားတာ နှစ်ပေါင်း (၂ဝ)နီးပါးရှိတော့မှ စတင်ဇောက်ချမိတယ်။
စတင် ဘာသာပြန်ဖို့
စာအုပ်ရွေးတော့ သိပ်ပြီးမထူမပါးလဲဖြစ်၊
အင်္ဂလိပ်စာတွေကလဲ သိပ်ခက်ခက်ခဲခဲ မဖြစ်တဲ့ စာအုပ်ကို ရွေးရတာပေါ့။ ဒီတော့ စာအုပ်ရဲ့မျက်နှာဖုံးမှာရော - ကားချပ်တွေရဲ့ နောက်ကျောဘက်မှာပါ ''နေမင်း'' ရုပ်ပုံပါတဲ့ - စာအုပ်နဲ့ကတ်ထုတ်ကို ရွေးချယ်မိပါတယ်။ ဒီရုပ်ပုံတွေက ရှေးဆန်တယ်၊ သိပ်မလှဘူး၊ ရိုးရှင်းတယ်၊ မရှုပ်ထွေးဘူး၊ အရောင်တွေကလဲ ရှင်းလင်းတောက်ပမှုရှိတယ်။ အဲဒီ နေမင်းတံဆိပ် ကားချပ်လေးတွေကို ကြည့်ပြီး တားရော့လောကထဲဝင်လာလိုက်တာ - စာအုပ်တွေတော်တော်များများလဲ ဖတ်မိရော၊ ကားချပ်တွေဟာ အဓိကအရေးပါတဲ့ နေရာမှာ ရောက်နေကြောင်း သိလာရပါတယ်။
အင်္ဂလိပ်စာတွေကလဲ သိပ်ခက်ခက်ခဲခဲ မဖြစ်တဲ့ စာအုပ်ကို ရွေးရတာပေါ့။ ဒီတော့ စာအုပ်ရဲ့မျက်နှာဖုံးမှာရော - ကားချပ်တွေရဲ့ နောက်ကျောဘက်မှာပါ ''နေမင်း'' ရုပ်ပုံပါတဲ့ - စာအုပ်နဲ့ကတ်ထုတ်ကို ရွေးချယ်မိပါတယ်။ ဒီရုပ်ပုံတွေက ရှေးဆန်တယ်၊ သိပ်မလှဘူး၊ ရိုးရှင်းတယ်၊ မရှုပ်ထွေးဘူး၊ အရောင်တွေကလဲ ရှင်းလင်းတောက်ပမှုရှိတယ်။ အဲဒီ နေမင်းတံဆိပ် ကားချပ်လေးတွေကို ကြည့်ပြီး တားရော့လောကထဲဝင်လာလိုက်တာ - စာအုပ်တွေတော်တော်များများလဲ ဖတ်မိရော၊ ကားချပ်တွေဟာ အဓိကအရေးပါတဲ့ နေရာမှာ ရောက်နေကြောင်း သိလာရပါတယ်။
အထက်မှာ ပြောခဲ့သလို
တားရော့ပညာဆိုတာတားရော့ရုပ်ပုံကားချပ်တွေကို ကြည့်ပြီး၊ ဒီကားချပ်
တစ်ခုချင်းစီကပေးတဲ့ ဆိုလိုရင်းအနှစ်သာရတွေကို ဖတ်ရတာဆိုတော့၊
ရုပ်ပုံကားချပ်တွေဟာ အဓိကပေါ့။
တားရော့ကားချပ်တွေကို
ကြည့်ပြီး ဟောပြောနိုင်တဲ့အထိ ကျွမ်းကျင်ပိုင်နိုင်ဖို့ အောက်ပါအချက်ကို
သိရှိနားလည်ပြီးသား ဖြစ်ဖို့လိုပါတယ်။ တားရော့စာအုပ်အမျိုးမျိုးမှာ
ဖေါ်ပြထားတဲ့ မူကွဲတွေထဲက မျိုးမတူတာတွေ စုပေါင်းဖော်ပြလိုက်ပါတယ်။
(၁) ရုပ်ပုံနောက်ကွယ်မှ အခြေခံကောက်ကြောင်းများ၊
(၂) ပန်းချီပုံများဖြင့်
ဖုံးအုပ်ထားသော - ဂြိုလ်/ရာသီတို့၏ သင်္ကေတများ၊ ဂဏန်းသင်္ချာတို့ဖြင့်
ဆက်နွယ်မှုများ၊
(၃) ပါဝင်သော အရောင်များ၊
(၄) နောက်ခံပုံပြင်၊
(၅) အမြင်အာရုံခံစားချက်၊
(၆) ခင်းကျင်းထားစဉ် ရုပ်ပုံ အသွင်သဏ္ဍန်ချင်း ဆက်နွယ်မှု၊
(၇) ခင်းကျင်းထားစဉ် ကားချပ်တစ်ခုနှင့်တစ်ခု အဓိပ္ပါယ်ချင်းဆက်စပ်မှု၊
ဥပမာ- '' The Fool = အရူး''
ကားချပ်ဆိုပါတော့၊ အရူးကားချပ်မှာ အရူးဟာ အထုပ်ထမ်းထားတယ်၊ လက်ထဲမှာ
တုတ်တစ်ချောင်းကိုင်ထားတယ်၊ ခွေးတစ်ကောင်ပါတယ်၊ ခွေးကမတ်တပ်ရပ်ပြီး
အရူးရဲ့ ဘောင်းဘီကိုဆွဲတယ်၊ ဘောင်းဘီပြဲနေတယ်၊ (ကားချပ်ကို
လူနဲ့မျက်နှာချင်းဆိုင်ကြည့်ရင်) အရူးကသူ့ရှေ့မှာရှိတဲ့ ချောက်ထဲကို
ခြေလှမ်းပြင်နေတယ်။ ရှေ့မှာ ဘာရှိနေတယ်ဆိုတာ သူဂရုမပြုဘူး။ ဒီနေရာမှာ
ဆက်စပ်မှုရှိလို့ ကြားဖြတ်ပြောချင်တာက၊ တားရော့ကတ်တွေကို ဖတ်ကြားရာမှာ၊
ကတ်တွေကို စားပွဲပေါ်မှာ ပက်လက်လှန်ပြီး စီချထားလိုက်ပြီး၊ ဖတ်ကြားမယ့်သူက
ကြည့်တဲ့အခါမှာ ဖတ်ကြားမယ့်သူရဲ့
မျက်နှာချင်းဆိုင်ရှေ့တည့်တည့်ကတ်ကလက်ရှိပစ္စုပ္ပန်၊ လကျာ်ဘက်သည် အနာဂတ်၊
လက်ဝဲဘက်သည် အတိတ်ရယ်လို့ အဓိပ္ပါယ်ကောက်ယူ ဟောပြောရပါတယ်။
ယခုဥပမာအနေနဲ့ဖော်ပြနေတဲ့
Fool - အရူးကားချပ်ရဲ့ရှေးဟောင်းမူလရုပ်ပုံတွေဟာ၊ ကြည့်သူရဲ့ လကျာ်ဘက်ကို
မျက်နှာမူ ရှေ့ရှုနေတဲ့ အရူးရဲ့ပုံအဖြစ်ဖော်ပြပါတယ်။ ''
ဘာမှဆင်ချင်စဉ်းစားမှုမရှိပဲ ရှေ့သို့
ပေါ့ပါးလွတ်လပ်စွာတိုးဝင်ခြင်း/ထွက်ခွာခြင်း'' ဆိုတဲ့ အဓိပ္ပါယ်ကို
ရည်ညွှန်းပါတယ်။ နောက်ပေါ်ခေတ်သစ် တားရော့ကားချပ်တွေထဲက Fool ရုပ်ပုံတွေဟာ၊
ကြည့်သူရဲ့လက်ဝဲဘက် (အတိတ်)ဆီကို မျက်နှာမူထားတဲ့
အနေအထားနဲ့ပြောင်းလဲဖော်ပြလာတာကို တွေ့ရပါတယ်။ ''
ပျော်ရွှင်လွတ်လပ်စွာနောက်ကြောင်းပြန်လှည့်ခြင်း'' လို့
အဓိပ္ပါယ်ထွက်လာပါတယ်။ မူလအဓိပ္ပါယ်နဲ့ ဆန့်ကျင်မှုလုံးဝဖြစ်သွားသလို၊
လက်တွေ့ဟောကြားရာမှာလဲ လုံးဝလွဲမှားတဲ့ အဓိပ္ပါယ်တွေထွက်ပေါ်လာပါတော့တယ်။
ထို့အတူ သီလရှင်ချုပ်၊ ရသေ့၊
ဧကရာဇ်ကားချပ်တွေရဲ့ ရုပ်ပုံအနေအထားတွေ ပြောင်းလဲထားတာကို နောက်ဖော်
တားရော့ကားချပ်တွေမှာ တွေ့ရှိရပါတယ်။
Fool
ကားချပ်အကြောင်းဆက်ရအောင်၊ ရုပ်ပုံတွေကို သရုပ်ဖော်ရရင် '' အရူး ''
ရုပ်ပုံက လောကမှာ ပထမဦးဆုံးပေါ်ပေါက်လာတဲ့လူသား၊
ဘုရားသခင်ဖန်ဆင်းလိုက်တဲ့လူသား၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ အယူဝါဒ
ဘာမှမရှိသေးတဲ့ လူသားတစ်ဦးရဲ့အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ ''အထုပ်''
သူထမ်းလာတဲ့ အထုပ်ထဲမှာ ဘာတွေပါမှန်း သူမသိဘူး၊
ဖွင့်ကြည့်ရမှန်းတောင်မသိဘူး ''တုတ်'' အရူးက တုတ်/တောင်ဝှေးကို
ကိုင်ထားတယ်။ တုတ်-ဆိုတာက ရုပ်ဝါဒရဲ့သင်္ကေတ၊ မသိစိတ်ရဲ့စွမ်းအား၊
ဘဝရှင်သန်ဖို့ခွန်အား ''ခွေး'' ခွေးဆိုတာ သခင်ရဲ့ သက်တော်စောင့်၊
ရန်သူကိုကာကွယ်မယ်၊ တားဆီးမယ်၊ သတိပေးမယ်၊ မရရင် အဝတ်စကို ဆွဲပြီးတားမယ်၊
ဆွဲခေါ်မယ်၊ မသိစိတ်ကိုကိုယ်စားပြုတယ်။
Fool
ကတ်မှာပါဝင်တဲ့အရောင်တွေကို အဓိပ္ပါယ်ဖော်ရရင် - လိမ္မော်ရောင် =
စိတ်လှုပ်ရှားမှု၊ လွင့်ပါးမှု၊ ဆွဲဆောင်ရာကိုလိုက်ပါတတ်မှု။ အနီရောင် =
စိတ်အားထက်သန်မှု၊ တက်ြွကမှု၊ သတ္တိရှိမှု၊ တဇွတ်ထိုးနိုင်မှု၊ အပြာရောင် =
စိတ်ပိုင်းဆိုင်ရာ နားလည်တတ်မှု၊ ဥာဏ်ပညာဦးစီးမှု - ရယ်လို့
အဓိပ္ပါယ်အသီးသီးရှိပါတယ်။ ဒီကားချပ်မှာ လိမ္မော်ရောင်နဲ့ လွှမ်းနေပါတယ်၊
အနီရောင်နဲ့ အပြာရောင်ကနဲတယ်။
အထက်ပါ သင်္ကေတတွေရဲ့
အဓိပ္ပါယ်တွေနဲ့ အရောင်ရဲ့အဓိပ္ပါယ်တွေကို ပေါင်းစပ်လိုက်တဲ့အခါ၊
အရူးဆိုသည်မှာ - အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုးကို
ခွဲခြားဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသူ၊ အာရုံတစ်ခုရဲ့
ဆွဲဆောင်ရာကိုပါတတ်သူ၊ ရည်မှန်းချက်ပျောက်နေသူ - ဦးတည်ချက်မရှိသူ၊
အစီအစဉ်မရှိသူ-မိမိကိုယ်ကို မထိမ်းချုပ်နိုင်သူ -- စသည်ဖြင့်၊
စာရေးပြလို့မပြည့်စုံ၊ တိတိကျကျ စကားလုံးတွေနဲ့ ထုတ်ဖော်ဖို့ မလုံလောက်တဲ့
အရူးကားချပ်ရဲ့ အနှစ်သာရ-သဘာဝဟာ သင့်ရဲ့ ရင်ထဲကို
စွဲထင်သွားစေတယ်မဟုတ်ပါလား၊ ဘာစာ- ဘာအဓိပ္ပါယ်မှ ကျက်နေစရာမလိုတော့သလို -
ဘယ်တော့မှလဲ မေ့သွား/လွဲသွားမှာ မဟုတ်တော့ပါဘူး။ သဘာဝကို ဆက်စပ် ခံစား
နားလည်ထားတဲ့ သဘောတရား-အနှစ်သာရဆိုတဲ့ ဘောင်ထဲကလဲ ဘယ်သော အခါမှ
လွဲချော်ပြီး ထွက်သွားမှာလဲ မဟုတ်တော့ပါဘူး။
အစောက ကျွန်တော်ပြောခဲ့တဲ့
Voiceless Language = အသံမယ့်ဘာသာစကားရဲ့ အဓိပ္ပါယ်၊ Sybdism = သင်္ကေတဝါဒရဲ့
အဓိပ္ပါယ်တွေကို အဲဒီလိုသဘောပေါက်လာပါတယ်။
အထက်မှာဖော်ပြခဲ့သလိုပဲ
တားရော့ပညာကို လေ့လာရာမှာ၊ ဟောပြောရာမှာ ရုပ်ပုံကားချပ်များဟာ
အဓိကအခန်းကဏ္ဍမှာ ရှိနေပါတယ်။ နောက်ပြီး ကားချပ်တွေရှိနေယုံမျှ၊ တားရော့
စာအုပ်တွေရှိနေယုံ ဖတ်တတ်နေယုံမျှနဲ့ တားရော့ရဲ့ပညာအနှစ်သာရကို
မရယူနိုင်ဘူး ဆိုတာနားလည်လာပါတယ်။ ဟောပြောရာမှာလဲ ရာနှုန်းပြည့်
မမှန်နိုင်ဘူးဆိုတာတွေ့ရှိလာပါတယ်။
အဲဒီလို လေ့လာဟောပြောရာမှာ
အဓိကကျတဲ့၊ ကားချပ်ထုပ်တွေနဲ့ ပတ်သက်လို့၊ ကျွန်တော့်မှာရှိနေတာတွေရော၊
အခြားမှာတွေ့မြင်နေရတာတွေရော လေ့လာကြည့်တဲ့အခါ - ( Original ) မူရင်း
ရုပ်ပုံ ကားချပ်တွေ အတော်နည်းနေပြီ၊ တစ်ချို့ကလှပအောင်ထွင်တယ်၊
တစ်ချို့ဆရာကြီးတွေက ရုပ်ပုံတွေရဲ့ သဏ္ဍာန်တွေကို ဘယ်လှဲ့ - ညာလှဲ့
ပြောင်းတယ်/ကားချပ်တွေရဲ့ နေရာ-နံပါတ်တွေကို ပြင်တယ်၊ တစ်ချို့ကြ တော့လဲ
မိမိတို့လူမျိုးရဲ့ဘာသာရေး၊ ယဉ်ကျေးမှု အစဉ်အလာတွေကို
ထည့်သွင်းရေးဆွဲလာကြတယ်။ တစ်ချို့ကြတော့လဲ အရောင်စိမ်းစိမ်းစိုစိုနဲ့
ရုပ်ပုံတွေကို ပီပီပြင်ပြင်မပေါ်တဲ့ စိတ္တဇပန်းချီကဲ့သို့သော ကားချပ်တွေကို
တွေ့လာ ရပါတယ်။
ကျွန်တော့အမြင်ပြောရရင်
မူရင်းသရုပ်ဖော်ပုံတွေ၊ အရောင်တွေ၊ သင်္ကေတတွေကို၊ လှပဆန်းသစ်မှု တွေက
လွှမ်းမိုးနေပါပြီ၊ မူလရည်ရွယ်ရင်း ဖော်ညွှန်းချက်တွေ ပြောင်းလဲ၊
ပျောက်ပျက်သွားတဲ့အတွက်၊ အခြေခံလေ့လာဖို့လိုအပ်တဲ့ အထက်ဖော်ပြပါအချက်ကြီး
(၇)ချက်ကိုလဲ ပြည့်စုံပီပြင်အောင် မတွေ့ရ၊ လေ့လာလို့ မရတော့ပါဘူး။ အဓိက
သော့ချက် ( Key ) တွေမပါဝင်တော့တဲ့အတွက်၊ အဓိပ္ပါယ်
ကောက်ယူလေ့လာ-ဟောပြောရာမှာလဲ မမှန်ကန်/မပြည့်စုံနိုင်တော့ပါဘူး။
ကျွန်တော်လဲ ဒီအကြောင်းတွေ
မသိခင်တုန်းက ရုပ်ပုံလှလှ၊ ဒီဇိုင်းလှလှ၊ ရောင်စုံလှလှလေးတွေပါဝင်တဲ့
တားရော့ကားချပ်တွေကိုပဲ နှစ်သက်ခဲ့တာပါ။ အခုမှ
ရှေးဟောင်းမူရင်းရုပ်ပုံဒီဇိုင်းတွေက ပိုပြီးအဓိပ္ပါယ်
ပြည့်စုံကြောင်းသိလာရပါတယ်။
The Fool (20 ရာစု)
|
The Fool (၁၈ ရာစု)
|
ကျွန်တော်တိုက်တွန်းချင်တာက၊
တားရော့ပညာကို အနှစ်သာရရှိရှိ ထိထိမိမိလေ့လာ လိုက်စားချင် တယ်ဆိုရင်၊
Original ရှေးဟောင်းမူရင်း ရုပ်ပုံတွေပါတဲ့ ကားချပ်ထုပ်ကိုရအောင်ရှာပြီး၊
အခြေခံသဘောတရား တွေက အစပြုလို့၊ တဆင့်ချင်း ဖြည်းဖြည်းလေ့လာ၊ သင်ယူ၊
လေ့ကျင့်ပြီးတော့မှ ရင်ထဲမှာတစိမ့်စိမ့် ရောက်ရှိလာတဲ့ /
တားရော့ကားချပ်တွေက ပြောပြနေတဲ့ Voiceless Language ကို
ကျွမ်းဝင်ရင်းနှီးစွာနဲ့ လွယ်ကူရှင်းလင်းစွာ အသုံးပြုကြပါလို့။
မဖြစ်နိုင်တဲ့
ဖြတ်လမ်းကလိုက်ဖို့၊ ပုံသေကျက်မှတ်ဟောပြောတာမျိုးမလုပ်ဖို့နဲ့ '' ကျား -
ကျား၊ မီးယပ် ” ပဲ ဆိုတဲ့ ဆေးဆရာ အတုအယောင်မျိုး မဖြစ်ပါစေနဲ့၊
မိမိအတွက်ရော တစ်ဖက်သူအတွက်ပါ အန္တရာယ် များပါတယ်။
ဆက်ရန် . . .
နိမိတ်ပုံ - တားရော့ (အပိုင်း-4)
No comments:
Post a Comment