ဂြိုဟ်လေးတွေ ဘယ်လိုသွား
ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .
Friday, March 2, 2012
ရာသီ ပရိယာယ်များ (၂)
ဝေဒပညာရှင်းတမ်း
ရာသီပရိယာယ်များ
          ရာသီပရိယာယ်ကျက်မှတ်နည်းကို နှစ်ပါး၊ သုံးပါး၊ လေးပါးစုနှင့် သီးခြားပရိယာယ်ကို ဖော်ပြပြီးဖြစ်သည်။
          ယခုတွင် ရာသီအလိုက် ပရိယာယ်များကို စုပေါင်း၍ဖော်ပြပါမည်။
ရာသီပရိယာယ်ဇယား
မိဿ
ပြိဿ
မေထုန်
ကရကဋ်
၁။
ဝိသမ၊ သမ
ဝိသမ
သမ
ဝိသမ
သမ
၂။
မ၊ စုံ
စုံ
စုံ
၃။
ပါပ၊ သောမ
ပါပ
သောမ
ပါပ
သောမ
၎။
ကျား၊ မ
ကျား
ကျား
၅။
ကြမ်းနု
ကြမ်းတမ်း
နူးညံ့
ကြမ်းတမ်း
နူးညံ့
၆။
နေ့၊ ည
၇။
အစ၊ အဆုံး
အဆုံး
အဆုံး
အစ၊ အလယ်
အဆုံး
၈။
မွေးဖွားခြင်း
ပိဋ္ဌောဒယ
ပိဋ္ဌောဒယ
ဥဘတောဒယ
ပိဋ္ဌောဒယ
၉။
စရ၊ ထိရ၊ ဒွေးဒဟ
စရ
ထိရ
ဒွေးဒဟ
စရ
၁၀။
ဂုဏ်
တမ
ရဇ
သတွ
တမ
၁၁။
သက်ရှိ၊ သက်မဲ့
ဓာတု
မူလ
ဇီဝ
ဓာတု
၁၂။
နေရာ
အ၀င်တံခါး
အိမ်အပြင်
အတွင်း
အ၀င်တံခါး
၁၃။
တို၊ ရှည်
တို
တို
လတ်
လတ်
၁၄။
အရွယ်
ပအရွယ်
ပအရွယ်
ပအရွယ်
ပအရွယ်
၁၅။
အရပ်လေးမျက်နှာ
အရှေ့
တောင်
အနောက်
မြောက်
၁၆။
ဓာတ်
တေဇော
ပထ၀ီ
ဝါယော
အာပေါ
၁၇။
အရောင်
အနီ
အဖြူ
အစိမ်း
အဖြူနှင့်အနီ
၁၈။
လူ၊ သတ္တ၀ါ
ပသု
ပသု
နရ
အမ္ဗုစရ
၁၉။
မြို့၊ တော
နေ့တော ညမြို့
နေ့တော ညမြို့
မြို့
ရေ
၂၀။
ကျက်စားရာ
သစ်တော
ကွင်း၊ ရေမြုပ်လယ်
အိပ်ခန်း
ရေရှိသောတွင်းချိုင
့်
ရာသီပရိယာယ်ဇယား
သိဟ်
ကန်
တူ
ဗြိစ္ဆာ
ဓနု
မကာရ
ကုံ
မိန်
၁။
ဝိသမ
သမ
ဝိသမ
သမ
ဝိသမ
သမ
ဝိသမ
သမ
၃။
ပါပ
သောမ
ပါပ
သောမ
ပါပ
သောမ
ပါပ
သောမ
၎။
ကျား
ကျား
ကျား
ကျား
၅။
ကြမ်းတမ်း
နူးညံ့
ကြမ်းတမ်း
နူးညံ့
ကြမ်းတမ်း
နူးညံ့
ကြမ်းတမ်း
နူးညံ့
၆။
နေ့
နေ့
နေ့
နေ့
နေ့
နေ့
၇။
အစ
အစ
အစ
အစ
အဆုံး
စမှဆုံး
အစ
အခါခပ်သိမ်း
၈။
သိသောဒယ
သိသောဒယ
သိသောဒယ
သိသောဒယ
ပိဋ္ဌောဒယ
ပိဋ္ဌောဒယ
သိသောဒယ
ဥဘတောဒယ
၉။
ထိရ
ဒွေးဒဟ
စရ
ထိရ
ဒွေးဒဟ
စရ
ထိရ
ဒွေးဒဟ
၁၀။
ရဇ
သတွ
တမ
ရဇ
သတွ
တမ
ရဇ
သတွ
၁၁။
မူလ
ဇီဝ
ဓာတု
မူလ
ဇီဝ
ဓာတု
မူလ
ဇီဝ
၁၂။
ဖွင့်ထားသောတံခါး
အတွင်း
အ၀င်
ဖွင့်ထားသောတံခါး
အတွင်း
အ၀င်
ဖွင့်ထားသောတံခါး
အတွင်း
၁၃။
ရှည်
ရှည်
ရှည်
ရှည်
လတ်
လတ်
တို
တို
၁၄။
ဒုတိယအရွယ်
ဒုတိယအရွယ်
ဒုတိယအရွယ်
ဒုတိယအရွယ်
တတိယအရွယ်
တတိယအရွယ်
တတိယအရွယ်
တတိယအရွယ်
၁၅။
အရှေ့
တောင်
အနောက်
မြောက်
အရှေ့
တောင်
အနောက်
မြောက်
၁၆။
တေဇော
ပထ၀ီ
ဝါယော
အာပေါ
တေဇော
ပထ၀ီ
ဝါယော
အာပေါ
၁၇။
အဖြူ
အပြောက်
အနက်
အညိုနှင့်အ၀ါ
ကြောင်ရွှေသော
ရောနှောအရောင်
မိုးတိမ်အရောင်
ညစ်နွမ်းအရောင်
၁၈။
ပသု
နရ
နရ
ကိဋ
နရ ပသု
အမ္ဗုစရ ပသု
နရ
အမ္ဗုစရ
၁၉။
တော
မြို့
မြို့
မြို့
မြို့
ရေတော
မြို့
ရေ
၂၀။
တောင်ကုန်း
စပါးစိုက်ရာမြေ
ကုန်သည်အိမ်
တွင်းအခေါင်းပေါက်
နန်းတော်
ရေပြည့်သောတော
အိုးလုပ်သူအရပ်
ရေ
          ရာသီပရိယာယ်များကို ရာသီဇယားဖြင့် မှတ်သားနိုင်သလို ရာသီခွင်စက်ဝိုင်းတွင်လည်း ထည့်သွင်းမှတ်သားထားသင့် သည်။
          ရာသီပရိယာယ်၊ ဂြိုဟ်ပရိယာယ်၊ ဘာဝပရိယာယ် ကဗျာများ ဦးသန်းဌေး (ဒေ၀)မှရေးသားခဲ့ရာ ပရိယာယ်များကို ကဗျာဖွဲ့၍ ကျက်မှတ်လိုသူများအတွက် ဖော်ပြလိုက်ပါသည်။
ရာသီပရိယာယ်စက်ဝိုင်း
မိဿရာသီ
          ဦးခေါင်း - စရ၊ အရှေ့ည၊ တမ-တေဇော၊ မ-သစ်တော၊ ပိဋ္ဌောဒယ၊ ၀ိသမ၊ ပါပ-ဓာတု၊ ကြမ်းတမ်းမှု၊ ပသု-ပထမ၊ တိုလွန်းလှ၊ ည-မြို့၊ နေ့တော၊ နီစေသော၊ ၀င်သောတံခါး၊ အဆုံးထား၊ ကျား ဟုမှတ်ကြမည်။
ပြိဿရာသီ
          မျက်နှာ - ထိရ၊ တောင်ဘက်-ည၊ ရဇ-ပိဋ္ဌော၊ နူးညံ့သော၊ နေ့တော-ညမြို့၊ မူလသို့၊ မှတ်စို့အိမ်ပြင်၊ လယ်ကွင်းတွင်၊ ဖြူစင်-သောမ၊ ပထမ၊ သမ-စုံညီ၊ ပထ၀ီ၊ တိုသည်-ပသု၊ အဆုံးပြု၊ မ ဟုမှတ်ကြသည်။
မေထုန်ရာသီ
          ပခုံး - ဒွေးဒဟ၊ အနောက်ည၊ သတွ-၀ါယော၊ ညာတော၊ စိမ်းသောဝိသမ၊ ကြမ်းတမ်းကြ၊ ပါပမြို့-ကျား၊ ဇီဝထား၊ မှတ်သား စ-လယ်၊ အိပ်ခန်းဝယ်၊ အရွယ်ပထမ၊ အတွင်း-မ၊ နရ မှတ်ကြမည်။
ကရကဋ်ရာသီ
          သောမ-အာပေါ၊ ရေရှိသော၊ ပိဋ္ဌော-စရ၊ မြောက်-တမ၊ သမ-ဓာတု၊ နူးညံ့မှု၊ အမ္ဗုစရ၊ စုံ-ရေ-ည၊ မနှင့်ဖြူနီ၊ အဆုံး သည်၊ ၀င်မည် ရင်ဘတ်၊ အရွယ်လတ်၊ သိမှတ် ပထမ။
သိဟ်ရာသီ
ကန်ရာသီ
          သမ-ဒွေးဒဟ၊ တောင်-သတွ၊ နရ-စုံ-ရှည်၊ ပထ၀ီ၊ သီသော-အပြောက်၊ မြို့ကိုရောက်၊ ထို့နောက် ဇီဝ၊ နေ့-အစ၊ သောမ-စုံစွာ၊ ဒုတိယာ၊ နုစွာမှတ်သား၊ အတွင်း - ခါး၊ စပါးစိုက်ပျိုးကြ။
တူရာသီ
          ဆီးစပ် - စရ၊ အနောက်က၊ တမ-၀ါယော၊ ကြမ်းတမ်းတော၊ သိသောဒယ၊ ၀ိသမ၊ နရ-မြို့-ကျား၊ ဓာတုထား၊ ရှည်လျား-နေ့ဝယ်၊ ဒုအရွယ်၊ ကုန်သည်အိမ်မှ ၀င်လာကြ အစ-နက်ကြသည်။
ဗြိစ္ဆရာသီ
          ရာဇ-သိသော၊ ရှည်-အာပေါ၊ သောမ-ညိုဝါ၊ အစမှာ၊ စုံလာထိရ၊ နူးညံ့ကြ၊ ကိဋနေ့မှတ်၊ အင်္ဂါဇာတ်၊ မြို့ရပ်-မူလ၊ အင်က၊ သမ-ဒုရွယ်၊ တွင်းခေါင်းဝယ်၊ မှတ်ဖွယ်ကဗျာသီး။
ဓနုရာသီ
          ပေါင် - ဒွေးဒဟ၊ တတိယ၊ သတွ - တေဇော၊ ပသု - တော၊ ပိဋ္ဌောဝိသမ၊ အရှေ့-ည၊ ကျား-မ-ကြောင်ရွှေ၊ မြို့မှာ နေ၊ မှတ်လေနန်းတွင်း၊ ကြမ်းတမ်းခြင်း၊ အတွင်း-ပါပ၊ အဆုံးကြ၊ ဇီဝမှတ်ကြမည်။
မကာရရာသီ
          မစုံ-သောမ၊ နူးညံ့ကြ၊ သမ-ရောနှော၊ ရေပြည့်တော၊ ပိဋ္ဌောစရ၊ ဓာတ်-တမ၊ တောင်က ဒူးဆီ၊ ပထ၀ီ၊ ၀င်သည်အစ၊ တတိယ၊ ပသွ-အမ္ဗု၊ ရေ-တောဟု၊ မှတ်စုရေးကာသီ။
ကုံရာသီ
          ကျား-မ-ပါပ၊ ၀ိသမ၊ ထိရ-၀ါယော၊ မိုးတိမ်ဟော၊ သိသောဒယ၊ တတိယ၊ ရာဇ-အပြင်၊ ခပ်သိမ်းပင်၊ နေ့လျှင်မူလ၊ အနောက်မှ၊ နရ-တိုဆုံး၊ ခြေသလုံး၊ အိုးသုံးသူရပ်၊ မြို့ဟုမှတ်၊ ဖွဲ့စပ်ကုံရာသီ။
မိန်ရာသီ
          မ စုံ-သောမ၊ နူးညံ့ကြ၊ သတွ-အာပေါ၊ ဥဘတော၊ ညစ်သောရောင်စဉ်၊ မြောက်ဘက်တွင်၊ နေ့လျှင်ဇီဝ၊ တတိယ၊ တိုလှခြေဖ၀ါး၊ အတွင်းထား၊ မှတ်သားရေမှ၊ အမ္ဗုစရ၊ သမ-မိန်ရာသီ။
          ဤနေရာတွင် ရာသီပရိယာယ်၏ ထူးခြားသောပရိယာယ်ဖြစ်သည့် ကာလပုရိသကို သီးခြားဖော်ပြထားကြောင်းတွေ့ ရပေမည်။
ရာသီ၏ကာလပုရိသ
Ä        ခေါင်း၊ မျက်နှာ၊ ရင်၊ နှလုံး
          ကိုလစဉ်သုံးခါထား၊
Ä        ၀မ်း၊ ခါးမှီ၊ ဆီးစပ်၊ အင်္ဂါဆီ၌၊
          ပေါင် ဒူးမှီ၊ ခြေသလုံးငယ်၊ ဆုံးတဲ့ဖ၀ါး။
ဆက်လက်ရေးသားပါမည်။
မှူးဝေဒ
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့
No comments:
Post a Comment