ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Sunday, April 1, 2012

သင်္ကြန်ကျချိန်၊ တက်ချိန် များတွက်ရန် excel program


မြန်မာသက္ကရာဇ် နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းချိန်များ တွက်ရန် excel file လေး (နှစ်ကူးလက်ဆောင်)
သူရိယသိဒ္ဓန္တ တွက်ရိုးအတိုင်း ပြုစုထားသော မြန်မာသင်္ကြန်ကျချိန်၊ တက်ချိန်၊ နှစ်ဆန်းတစ်ရက်နေ့ များအား ကမ္ဘာသုံးပြက္ခဒိန်ဖြင့် ကြည့်ရှုနိုင်ရန် ပြုစုထားပါသည်။
တွက်လိုသော နှစ်အမျိုးအစားများအား နှစ်သက်ရာ ရွေးချယ်၍ မြန်မာပြက္ခဒိန်တွက်ကိန်း၏ အစဦးဆုံး ကာလဖြစ်သော ကလိယုဂ်မှ စတင်၍ တွက်နိုင်ရန် ပြုစုထားပါသည်။ တစ်ကြိမ်တွက်လျှင် တွက်သည့်ခုနှစ်မှ စ၍ နှစ်ပေါင်း 50 ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။ နှစ်ပေါင်း တစ်သိန်း၊ တစ်သန်း မက တွက်နိုင်သော်လည်း ပရိုဂရမ်လေးမည်ဖြစ်ပါသဖြင့် နှစ်50သာ ကြည့်နိုင်ရန် စီစဉ်ထားရခြင်း ဖြစ်ပါသည်။
အောက်လင့်ရဲ့ အဆင်ပြေရာမှာ ဒေါင်းလိုက်ပါ ခင်ဗျာ. .
http://www.mirrorcreator.com/files/Q32XIFMV/aha_Thingyan_0.rar_links
တွက်နိုင်သော ခေတ်တွေကတော့ ကလိယုဂ်၊  ဘုရားရှင်လက်ထက် မဟာသက္ကရာဇ်၊ သာသနာသက္ကရာဇ် တွေအပါအ၀င် ယနေ့ မြန်မာ သက္ကရာဇ်တွေရဲ့ သင်္ကြန်ရက်စွဲတွေကိုပါ တွက်ယူနိုင်ပါသည် . . . နှစ်အမျိုးအစားရွေးရန် ဟုရေးသားထားသော စာအောက်ရှိ ယခုသက္ကရာဇ်အား click ပါက ဘေးတွင်ပေါ်လာသော list မှတဆင့် ခေတ်အမျိုးအစားများအား ရွေးချယ်၍ တွက်နိုင်ပါသည်။
အတာဗိုလ်ကိန်းများကို လည်း ကြည့်နိုင်ရန် စီစဉ်ပေးထားပါသည်။ ဒေသကွာခြားချက်တွေကိုလည်း မိမိအသုံးပြုလိုတဲ့ လောင်ဂျီကျုအလိုက် ပြင်ဆင်တွက်နိုင်ပါသည်။

No comments:

Post a Comment