ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Wednesday, March 7, 2012

ရာသီနှင့်ဂြိုဟ်တို့၏ဓာတ် (၁)


ဝေဒပညာရှင်းတမ်း
ရာသီနှင့်ဂြိုဟ်တို့၏ဓာတ်

ရာသီ၏ဓာတ်
          မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့၏ အခြေခံဝေဒပညာ သိမှတ်စရာများစာအုပ်တွင် ရာသီ၏ဓာတ်ဟုဖော်ပြရာတွင် လေးပါးစုံရာသီ တေ၊ ပ၊ ၀ါ၊ အာ ဟုမှတ်သားကြ ပါသည်။
          အဆင့်(၁)ဂဏိတပညာ ပို့ချချက်တွင် ဓာတ်လေးပါး၏ အာဒိ(အစ)အိမ်များနှင့် တေဇော၊ ပထ၀ီ၊ ၀ါယော၊ အာ ပေါဓာတ်အိမ်များကို သိမှတ်လွယ်ရန် ခွဲခြားဖော်ပြထားပါသည်။

ဂြိုဟ်တို့၏ဓာတ်
          အခြေခံဝေဒပညာ သိမှတ်စရာစာအုပ်တွင် ဂြိုဟ်တို့၏ဓာတ်သဘာဝကို တနင်္ဂနွေဂြိုဟ်-မီး၊ တနင်္လာဂြိုဟ်-ရေ၊ အင်္ဂါဂြိုဟ် - မီး၊ ဗုဒ္ဓဟူးဂြိုဟ် - မြေ၊ ကြာသပတေးဂြိုဟ် - အာကာသ၊ သောကြာဂြိုဟ် - ရေ၊ စနေဂြိုဟ် - လေ စသည်ဖြင့်ဖော်ပြထား သည်။

         
ရာသီ၏ဓာတ်
          မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့၏ အခြေခံဝေဒပညာ သိမှတ်စရာများစာအုပ်တွင် ရာသီ၏ဓာတ်ဟုဖော်ပြရာတွင် လေးပါးစုံရာသီ တေ၊ ပ၊ ၀ါ၊ အာ ဟုမှတ်သားကြ ပါသည်။
          အဆင့်(၁)ဂဏိတပညာ ပို့ချချက်တွင် ဓာတ်လေးပါး၏ အာဒိ(အစ)အိမ်များနှင့် တေဇော၊ ပထ၀ီ၊ ၀ါယော၊ အာ ပေါဓာတ်အိမ်များကို သိမှတ်လွယ်ရန် ခွဲခြားဖော်ပြထားပါသည်။

ဂိုဟ်တို့၏ဓာတ်
          အခြေခံဝေဒပညာ သိမှတ်စရာစာအုပ်တွင် ဂြိုဟ်တို့၏ဓာတ်သဘာဝကို တနင်္ဂနွေဂြိုဟ်-မီး၊ တနင်္လာဂြိုဟ်-ရေ၊ အင်္ဂါဂြိုဟ် - မီး၊ ဗုဒ္ဓဟူးဂြိုဟ် - မြေ၊ ကြာသပတေးဂြိုဟ် - အာကာသ၊ သောကြာဂြိုဟ် - ရေ၊ စနေဂြိုဟ် - လေ စသည်ဖြင့်ဖော်ပြထား သည်။

          ထိုနည်းတူ ဗြို့ဟတ်ဇာတကကျမ်းတွင် အင်္ဂါဂြိုဟ်သည် မီးကိုလည်းကောင်း၊ ဗုဒ္ဓဟူးဂြိုဟ်သည် မြေကိုလည်းကောင်း၊ ကြာသပတေးဂြိုဟ်သည် အာကာသကောင်းကင်ကိုလည်းကောင်း၊ သောကြာဂြိုဟ်သည် ရေကိုလည်းကောင်း၊ စနေ ဂြိုဟ်သည် လေကိုလည်းကောင်း စိုးမိုး၏ဟု ဖော်ပြထားပါသည်။
          ပရာသရဟောရာသျှတ္တရ (ပတွဲ)တွင် မီးဓာတ်၊ မြေဓာတ်၊ အာကာသဓာတ်၊ ရေဓာတ်နှင့် လေဓာတ် စသည့် ဓာတ်ကြီး ငါးပါးကို အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသပတေး ဂြိုဟ်၊ သောကြာဂြိုဟ်နှင့် စနေဂြိုဟ်တို့က အသီးသီးအုပ်စိုးကြ၏ဟုဖော်ပြ ထားသည်။ ဝေဒပညာရပ်တွင် ဓာတ်ကြီးငါးပါးကိုသာ ဖော်ပြခဲ့သော်လည်း ဓာတ်ခြောက်ပါးရှိပုံကို ''ပဏ္ဍိတဝေဒနိယဒီပနီ ကျမ်း''တွင် ...

ဓာတ်ခြောက်ပါး
          ပထ၀ီ၊ အာပေါစ တေဇောစ၊ ၀ါယော အာကာ - ၀ိညာဏိဒံ...
          ၁။ ပထ၀ီစ၊ မြေဟု ခေါ်ဆိုအပ်သော ပထ၀ီဓာတ်သည်လည်းကောင်း
          ၂။ အာပေါစ၊ ရေဟု ခေါ်ဆိုအပ်သော အာပေါဓာတ်သည်လည်းကောင်း
          ၃။ တေဇောစ၊ မီးဟု ခေါ်ဆိုအပ်သော တေဇောဓာတ်သည်လည်းကောင်း
          ၄။       ၀ါယောစ၊ လေဟု ခေါ်ဆိုအပ်သော ၀ါယောဓာတ်သည်လည်းကောင်း
          ၅။ အာကာသ၊ ကောင်းကင်ဟု ခေါ်ဆိုအပ်သော အာကာသဓာတ်သည်လည်းကောင်း
          ၆။ ၀ိညာဏဉ္စ၊ သိတတ်သောသဘောဟု ခေါ်ဆိုအပ်သော ၀ိညာဏဓာတ်သည်လည်းကောင်းရှိ၏ဟု ဖော်ပြပါသည်။

ဓာတ်လေးပါးပရိယာယ်
          ဇောတိသဝေဒမဂ္ဂဇင်း အမှတ်(၁)တွင် တက္ကသိုလ်မင်းကျော်စွာက ...

တေဇော (မီးဓာတ်) ရာသီပရိယာယ်
          (မိဿ၊ သိဟ်၊ ဓနု)
          မီးဓာတ်ရာသီများသည် ပူပြင်းတောက်လောင်ခြင်း၊ လှုပ်ရှားတက်ြွကခြင်း၊ နှိပ်ကွပ်ဖျက်ဆီးခြင်း၊ လောင်ကျွမ်းခြင်း၊ ကျွမ်းဝင်နွေးထွေးခြင်း၊ နှစ်သက်လွယ်၊ စိတ်ဆိုးလွယ်ခြင်းကိုဖြစ်စေသည်။ ဇာတာတစ်စောင်တွင် မီးဓာတ်ရာသီများအား ကောင်းပါက ဇာတာရှင်သည် လှုပ်ရှားတက်ြွကခြင်း၊ စိတ်ထက်သန်ခြင်း၊ စိတ်ဝင်စားမှုရှိခြင်း၊ ကျယ်လောင်စွာပြောဆိုတတ်သော သဘာဝရှိခြင်း၊ အာသာဆန္ဒပြင်းပြခြင်း၊ ရန်လိုခြင်း၊ တိုက်ခိုက်လိုသော သဘာဝရှိခြင်း၊ စိတ်တိုခြင်း၊ ပျော်ရွှင်စွာနေတတ်ခြင်း၊ ဟာသဥာဏ်ရှိခြင်း၊ စိတ်မြန်ကိုယ်မြန်ရှိခြင်း၊ အားကစားဝါသနာပါခြင်း၊ အလျင်စလိုပြုမူတတ်ခြင်းတို့ ရှိပါသည်။ မီးဓာတ်သဘာဝ အား ရေဓာတ်က ငြှိမ်းသတ်၏။ မြေဓာတ်က သမမျှတစေ၏။ လေဓာတ်က ပိုမိုတောက်လောင်မှုကို ဖြစ်စေပါသည်။

ပထ၀ီ (မြေဓာတ်) ရာသီပရိယာယ်
          (ပြိဿ၊ ကန်၊ မကာရ)
          မြေဓာတ်ရာသီများသည် ပြည့်ဝခြင်း၊ မှီခိုအားထားမှုကိုရစေခြင်း၊ တည်ငြိမ်ခြင်း၊ လှုပ်ရှားမှုမရှိခြင်းတို့ကို ဖြစ်စေသည်။ ဇာတာတစ်စောင်တွင် မြေဓာတ်ရာသီများအားကောင်းပါက ဇာတာရှင်သည် တည်ငြိမ်ခြင်း၊ မှီခိုအားထားဖွယ်ဖြစ်ခြင်း၊ လက်တွေ့ ကျခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ ဇွဲရှိခြင်း၊ သည်းခံခြင်း၊ အသေးစိတ်ကျခြင်း၊ ဂရုစိုက်ခြင်း၊ လေးနက်ခြင်း သဘာဝတို့ရှိပါသည်။ မြေဓာတ်အားကောင်းသူများသည် ပစ္စည်းဥစ္စာဓနများကို ပိုင်ဆိုင်ရတတ်၏။ မြေဓာတ်သဘာဝအား လေဓာတ်က ခြောက်သွေ့ စေ၏။ မီးဓာတ်က ပူလောင်စေ၏။ သို့သော် ရေဓာတ်က လန်းဆန်းစေ၏။

ဝါယော (လေဓာတ်) ရာသီပရိယာယ်
          (မေထုန်၊ တူ၊ ကုံ)
          လေဓာတ်၏သဘာဝသည် သက်ရှိသတ္တ၀ါများ၏ အသက်ရှူရှိုက်မှုကိုဖြစ်စေသည်။ အသံလှိုင်းကို သယ်ဆောင်သည်။ လေမရှိပါက အသံကိုကြားရမည် မဟုတ်ပေ။ အသံကိုဖြစ်စေမည် မဟုတ်ပေ။ လေသည် အရာအားလုံးနှင့် ဆက်သွယ်လျက်ရှိ သည်။ ဟိုမှဒီသို့ ရွေ့လျားတိုက်ခတ်လျက်ရှိ၏။ သို့ဖြစ်၍ ဇာတာတစ်စောင်တွင် လေဓာတ်ရာသီများအားကောင်းပါက ဇာတာ ရှင်သည် ဆက်သွယ်ရေးလုပ်ငန်းမျိုးတွင် ကျွမ်းကျင်ခြင်း၊ အကြောင်းအကျိုး ရှင်းပြတတ်ခြင်း၊ အသိဥာဏ်ြွကယ်ဝခြင်း၊ စိတ်ကူး ဥာဏ်ကောင်းခြင်း သဘာဝတို့ရှိပါသည်။ လေသည် ပေါ့ပါးသောသဘောရှိ၍ မြေအောက်တွင်ရှိသော ရေနှင့်ဓာတ်မတည့်ပေ။ လေဓာတ်သည် မီးဓာတ်ကို ကြိုက်နှစ်သက်၏။

အာပေါ (ရေဓာတ်) ရာသီပရိယာယ်
          (ကရကဋ်၊ ဗြိစ္ဆာ၊ မိန်)
          ရေဓာတ်၏သဘောသည် အရောင်တုံ့ပြန်မှု၊ အရာဝတ္ထုများကို ပျော်ဝင်စေမှု၊ အညစ်အကြေးများကို သန့်စင်စေမှုနှင့်  ကြီးထွားမှုကိုဖြစ်စေသည်။ ရေ၏မူလမျက်နှာပြင်သည် တည်ငြိမ်မှုရှိသော်လည်း မုန်တိုင်းကျသည့်အခါ လှိုင်းတံပိုးများဖြစ်စေ သည်။ ရေသည် ကိုယ်ပိုင်အရောင် အဆင်းအနံ့အရသာနှင့် ပုံသဏ္ဌာန်မရှိပေ။ ရေသည် ထည့်သည့်ခွက် ပစ္စည်း၏ပုံသဏ္ဌာန် အတိုင်းသာ တည်ရှိတတ်၏။ ဇာတာတစ်စောင်တွင် ရေဓာတ်ရာသီများ အားကောင်းပါက မိမိကိုယ်မိမိ ယုံကြည်မှုနည်းသည်။ ထိလွယ် ခိုက်လွယ်သောစိတ်ရှိ၏။ ခံစားမှုလွယ်၏။ အနုပညာ၊ ဂီတစာပေကို ခုံမင်၏။ ရေဓာတ်အား မီးဓာတ်က ဆူပွက်စေ၏။ လေဓာတ်က လှုပ်ရှားထြွကလေ၏။ မြေဓာတ်က ထိန်းသိမ်းပေး၏။

ဓာတ်လေးပါးကို ရှေးပညာရှင်တို့၏အမြင်
        Mathematics for the Million စာအုပ်တွင် ပိုက်သာဂိုးရပ်စ်၏အမြင်ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

စသည်ဖြငMathematics for the Million သင်္ချာစာအုပ်တွင် ပါဝင်ခဲ့ပါသည်။

(ဆက်လက်ရေးသားပါဦးမည်)
မှူးဝေဒ
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

No comments:

Post a Comment