ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Thursday, July 19, 2012

ဆရာ ဘိုးတော် ကျော်မြသန်းနှင့် ဟိန်းဆက်



ဆရာကျော်မြသန်း၊ ဘိုးတော်ကင်း၊
ဘိုးတော်ကင်း၊ ကန္နားစီးမောင်မောင်လတ်
ဆရာကျော်မြသန်း၊ သမ္မတ
သမ္မတ၊ ဆရာကျော်မြသန်း
 . . . . . . . .   . . . . . . . . .
ဆရာကျော်မြသန်း . . .     . . . ။

            တစ်ခုနှင့်တစ်ခု ခွဲခြားမရသော အမည်နာမများ၊ အသိအာရုံနှင့် သညာသိ ခန္ဓာမှာ အတိုင်းအတာတစ်ရပ်အထိ နေရာယူလွှမ်းမိုးထားခဲ့သော အမည်နာမများ၊ ထိုအမည်နာမများက မိမိနှင့်အတူ အခြားစာဖတ်ပရိသတ်ထုကြီးကိုပါ လွှမ်းမိုးထားဖူးသည်။ ဘာ့ကြောင့် လွှမ်းမိုးထားနိုင်ခဲ့ပါသလဲ။
            ဆရာ့အကြောင်းမပြောခင် မိမိအကြောင်း နည်းနည်းပြောချင်သည်။ ပြောခွင့်ပြုပါ။ ၁၀ နှစ် ၁၁နှစ် ၀န်းကျင်ကတည်းက ဘိုးတော်ပေါင်းစုံ၊ ဆရာပေါင်းစုံ၊ ဆရာတော်မျိုးစုံ တွေ့ဖူး၊ ကြုံဖူး၊ ဆုံးဖူး ဖူးသည်။ အံ့သြဖွယ်ရာ ဖြစ်ရပ်များ ကြုံဆုံခဲ့ဖူးသည်။ ယုတ်စွအဆုံး ရသေ့ကြီးကျိကုန်းကဲ့သို့သော မြေလျှောက် ဂန္ဓရီခရီးသည် ၀ိဇ္ဖာဆိုသူများပင် ကြုံဆုံဖူး၏။ လူကိုယ်တိုင် ကြုံဆုံဖူးသလို ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)၏ ကတိသစ္စာ အစပြုသော ဂမ္ဘီရစာပေများ ဖတ်ရှုဖြစ်ခဲ့ပြန်သည်။ ၁၀ နှစ်ဝန်းကျင်မျှ ဂမ္ဘီရ ဘာသာရပ်ကြီးက လွှမ်းမိုးခဲ့သည်ဟု သုံးသပ်မိသည်။ ထို ၁၀ နှစ်ဝန်းကျင် အတွင်းထဲမှာပင် ဖတ်ဖြစ်ခဲ့သော စာအုပ်က ဘိုးတော်ကင်း။
            ဆရာကျော်မြသန်း၏ အခြားစာအုပ်များကို သိပ်အာရုံမရောက်ခဲ့သော်လည်း ဘိုးတော်ကင်းမှစ၍ စူးစူးစိုက်စိုက် ဖတ်မိလာခဲ့သည်။ အထူးသဖြင့် ဘိုးတော်ကိစ္စ၊ နတ်ကိစ္စ၊ ဗေဒင်ဆရာကိစ္စများ . . . ။
            ဆရာက ၀တ္ထုတစ်ပုဒ်ကို ဇာတ်လမ်းဇာတ်ကွက်အရ တောက်လျှောက်ရေးဖွဲ့လေ့မရှိ။ ဆရာအသိ၊ ဆရာ့အတွေးအခေါ်ကို ဆရာကိုယ်တိုင် ၀င်၍ ပြောပြသွားသည်။ ညွှန်ပြသွားသည်။ ဆရာ့ အာဘော်များကို ဇာတ်ဆောင်အား သိပ်ပြီး ပြောခိုင်းလေ့မရှိ။ ဆရာကပဲ ပြောလေ့ရှိသည်။
            ဆရာ့ဝတ္ထုများကို ဖတ်ရဖန်များသောအခါ ဆရာသည် လောကီကိစ္စများကို စနစ်တကျ သိရှိသူ၊ စာဖတ်ပရိတ်သတ်ကို ဆရာကဲ့သို့ သိရှိစေလိုသူဟု နားလည်မိခဲ့သည်။ “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော စေတနာသည် ပေါ်လွင်လှသည်။
            စာနယ်ဇင်းသမားတစ်ယောက်၏ တာဝန်က ဘာများပါလဲ။ ထိုတာဝန်းများထဲမှာ စာဖတ်သူတွေ “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော စေတနာတွေ မလွဲမသွေ ပါဝင်သည်ဟု ထစ်ထစ်ချ ယုံကြည်သည်။
           
ကိစ္စတစ်ရပ်၊
            ဖြစ်ရပ်တစ်ခု
            လောကတစ်လွှာ . . .။
            အရာရာအပေါ်မှာ စာဖတ်သူတွေ အမှန်သိ အသိမှန်ဖို့ ဆောင်ရွက်ပေးနိုင်ခြင်းသည် စာနယ်ဇင်း၏ တာဝန်တစ်ရပ် ဖြစ်သည်။ ဒါဆို ဆရာကျော်မြသန်း၏ စေတနာနှင့် စာနယ်ဇင်း၏ တာဝန်ဦးတည်ချက် မတူဘူးလား။ အထူးသဖြင့် ထင်ယောင်ထင်မှားဖြစ်စေသည့် ဂမ္ဘီရ၊ လောကီနယ်ပယ်နှင့် စပ်လျဉ်း၍ အမှန်သိရေး အသိမှန်ရေးအတွက် ဆရာကျော်မြသန်းနှင့် ဆွေးနွေးဖို့ အချိန်ကျပြီဟု ယူဆမိပါသဖြင့် . . . .

ဆရာ့အနေနဲ့ ဗေဒင်၊ လက္ခဏာ၊ ယတြာ အစရှိတဲ့ ပညာရပ် (ပညာစစ် ပညာမှန်) တွေကို ယုံကြည်မှု အပြည့်ရှိပါသလား။ လက်ခံမှုရော ရှိပါသလား။ ဘာကြောင့် ယုံကြည်တာလဲ။ ဘာကြောင့် လက်ခံတာလဲ။
            ယုံကြည်မှု အပြည့်အ၀ရှိပါတယ်။ ပညာရပ်အကောင်းကိုလည်း လက်ခံပါတယ်။ မြန်မာ့မျိုးနွယ် အစဉ်အဆက် ဘုရားရှင် လက်ထက်တော်ကတည်းက ရှိခဲ့သော ပညာရပ်ဖြစ်၍ ယုတ္တိယုတ္တခိုင်လို့ ပညာရပ်ဆိုင်ရာ ကျမ်းရင်းများ ရှိသောကြောင့် ယုံကြည်လက်ခံတာပါ။ ပညာရှင်နဲ့ ဆရာကိုတော့ ခွဲခြားရမယ်ထင်ပါတယ်။ ယနေ့ခေတ်မှာ ပညာရှင်ထက် ဆရာများနေတယ်လို့ ဆိုပါရစေလား . . .။

အဲဒီပညာရပ်တွေရဲ့ တန်ဖိုးဟာ ဘယ်လိုအနေထားမျိုးဆိုရင် ပိုပြီး တန်ဖိုးကြီးမားနိုင်ပါသလဲ။ ပညာရပ်အစစ်အမှန်ရဲ့ တန်ဖိုးဟာ ပညာရပ်ပေါ် တည်တည်သလား၊ လူအပေါ်မူတည်သလား။
            လောကီပညာရပ်များရဲ့ တန်းဖိုးဟာ ပညာစစ် ပညာမှန်ဘက်သို့ ဇောင်းပေးမှုကို ဦးတည်ချက်ထားရင် ပိုပြီး တန်ဖိုးကြီးမားပါလိမ့်မယ်။ အပေါ်ယံ အဟောအပြောဘက်သို့ ဇောင်းပေးရင် တန်ဖိုးလျော့သွားမယ်လို့ ထင်ပါတယ်။ သိပ္ပံခေတ်အားပြိုင်မှုမှာ ပညာစစ် ပညာမှန်နှင့်သာ အားပြိုင်မှု ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ လူထက် ပညာရပ်ပေါ်မှာသာ တည်ပါတယ်။ ယနေ့ခေတ်မှာ ကြေငြာဟိတ်ဟန်ထည်ဝင့်မှုနဲ့ လူအပေါ်တင်နေတာကို ၀မ်းနည်းဖွယ်ရာ တွေ့နေရပါတယ်။ အဓိကဟာ ပညာပါ။ သာမညဟာ လူပါ။

“ဘိုးတော်ခေတ်”ဟာ ဆရာ “ဘိုးတော်ကင်း”ရေးတဲ့ ၁၉၇၅-၇၆ နဲ့သည်ဘက်ကာလတွေမှာ ပိုပြီး ကျယ်ပြန့်လာတယ်လို့ ထင်ပါတယ်။ ဒီအရင်က မကျယ်ပြန့်ဘဲ အဲဒီကာလကျမှ ပိုမိုကျယ်ပြန့်လာတာ ဘာကြောင့်ပါလဲဆရာ။ ဆရာ့အယူအဆပေါ့။
            ဘိုးတော်ခေတ်ဟာ ကျွန်တော် ဘိုးတော်ကင်းရေးပြီး ကျယ်ပြန့်လာတာပါ။ ကျွန်တော်ရဲ့ စာအုပ်ကြောင့်များလားလို့ ယနေ့အထိ သံသယရှိနေဆဲပါ။ ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားများ ဖြစ်သွားလေသလားလို့။ လူသိများအောင် သူတို့အကြောင်း ကြေငြာပေးလိုက်သလို ဖြစ်သွားလေသလားလို့။ ဒါပေမယ့် ဘိုးတော်ခေတ်ဟာ ကျဆုံးသည့်ဘက်သို့ ဦးတည်နေပါပြီ။ အတုဟာ ခဏသာခံပါတယ်။

ဘိုးတော်မယ်တော်တွေ ကျယ်ပြန့်လာသလို လောကီဖြစ်ရပ်ဆန်း၊ ထူးခြားတဲ့သစ်ပင်၊ အမြုတေ၊ မိုးကြိုးသွား . . . စတဲ့ အကြောင်းအရာတွေလည်း ကျယ်ပြန့်လာပါတယ်။ ဒါ စာနယ်ဇင်းဆိုတဲ့ Media တွေကြောင့်လား။
            ထူးခြား ဆန်းကျယ်တဲ့ အကြောင်း ဖြစ်ရပ်မျိုးကစုံ လူတွေစိတ်ဝင်တစား လက်ခံလာခြင်းဟာ အကြောင်းဖြစ်ရပ်တွေ ထူးခြားဆန်းကျယ်သောကြောင့်လို့ မထင်ဘူး။ မထူးခြား မဆန်းကျယ်တာတွေကို လူတွေစိတ်ဝင်စားလာခြင်းဟာ စာနယ်ဇင်း Media များကြောင့်လို့ ထင်ပါတယ်။

အဲဒီ လောကီဖြစ်ရပ်ဆန်း၊ ထူးခြားတဲ့ အရာဝတ္ထုတွေက လူတွေကို အကျိုးပြုနိုင်ပါသလား။ အဲဒါကို ဖော်ပြတဲ့ Media တွေကရော အကျိုးပြုနိုင်ပါသလား။
            လောကီဖြစ်ရပ်ဆန်း ထူးခြားတဲ့ အရာဝတ္ထုတွေက လူတွေကို အကျိုးမပြုနိုင်ပါ။ တဒင်္ဂဟန် စိတ်ဝင်စားမှုဖြစ် စေမည်တာပါ၊ ကြွက်ကို ဆင်ဖြစ်အောင် ချဲ့ထွင်ပေးတဲ့ စာနယ်ဇင်း၊ Media များကိုတော့ အကျိုးပြုလိမ့်မယ်လို့ ထင်မြင်ပါတယ်။ ဒီအကြောင်းအရာတွေက လူဗြိန်းကြိုက်မို့ ပိုရောင်းရမယ်လေ။ ဒါကြောင့် စာနယ်ဇင်းကို အကျိုးပြုတာပေါ့။

ဆရာက လောကီဝိဇ္ဖာ အစစ်အမှန်တွေရှိတယ်လို့ ယုံကြည်တယ်နော်။
            ယုံကြည်ပါတယ်။

ဒါဆို အဲဒီလောကီဝိဇ္ဖာ အစစ်အမှန်တွေဟာ ကျွန်တော်တို့ လူတွေကြားထဲမှာ ရှိနိုင်ပါ့မလား။ လူတွေဖြစ်ချင်ရာ ဆန္ဒ အသီးသီးကို ဖြည့်စွမ်းပေးလေ့ ရှိပါသလား။
            လောကီဝိဇ္ဖာ အစစ်အမှန်တွေဟာ လူတွေကြားထဲမှာ မရှိနိုင်ပါ။ လူတွေ ဖြစ်ချင်ရာဆန္ဒတွေကိုလည်း မဖြည့်စွမ်းပေးနိုင်ပါဘူး။

တချို့ပုဂ္ဂိုလ်များဟာ မူလက အကျင့်စခန်းမှန်ကန်ပေမယ့် နောက်ပိုင်း အတုအယောင်သဖွယ် လမ်းမှားသွားတာ ဘာကြောင့်လဲ။ သူ့ဖောက်ပြန်မှုကြောင့်လား။ လူတွေရဲ့ ဖျက်စီးမှုကြောင့်လား။
            မူလအမှန်၊ နောက်မမှန်တာက လူ့သဘာဝ နိယာမအတိုင်း ကိုယ်တိုင် ဖောက်ပြန်တတ်တဲ့ သဘာဝကြောင့် ဖြစ်ပါတယ်။ တပည့်တပန်းများရဲ့ မြှောက်ပင့်မှုအပေါ် သာယာသောကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
            ဒါကလည်း လူ့သဘာဝပေါ့။

Media တွေမှာ ဖော်ပြလေ့ရှိတဲ့ ပုဂ္ဂိုလ်ထူးတွေကို ဆရာ စိတ်ချပါသလား။ လူတွေကိုရော စိတ်ချပါသလား။
            ပုဂ္ဂိုလ်ထူးဟု ဆိုသူတွေကို လုံးဝစိတ်မချ။ မယုံကြည်ပါ။ လူတွေကိုလည်း စိတ်မချပါနဲ့။ မယုံကြည်ပါနဲ့လို့ တိုက်တွန်းလိုပါတယ်။ အရှိအမှန်ဆို ဟုတ်၊ မဟုတ်ကို အသိအမှန် ကိုယ်ပိုင်ဥာဏ်ပေတံဖြင့် တိုင်းကြည့်ပါလို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။

ဗေဒင်ဆရာ၊ လက္ခဏာဆရာ၊ နတ်ကတော်၊ အကြားအမြင်၊ ဘိုးတော်၊ မယ်တော် ဆိုတိုင်း “သံသယ”အမြင်နဲ့ ကြည့်သင့်ပါသလား။
            “သံသယ” အမြင်များလေ မမှားလေလို့ ဆိုပါရစေ။

လူတွေကို အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့သတ္တိ ဘယ်လိုမွေးပေးရင် ဖြစ်နိုင်မလဲဆရာ (ကျွန်တော်ပြောတဲ့ သတ္တိက ဒီလိုပါဆရာ၊ ဥပမာ . . . ဗေဒင်ဆရာရဲ့ ဟောချက်ကို မှားရင်မှားတယ်လို့ ပြောရဲတဲ့ သတ္တိမျိုးပါ။ ဘိုးတော်အတုယောင်တွေနဲ့ ဆက်နွယ်ပြီး ပြောရရင် ရှင်ဘုရင်ရဲ့ နတ်ဝတ်ပုဆိုး သာဓကလိုပေါ့။ အမွှေးတိုင်က အငွေ့ထွက်လာပုံကိုကြည့်၊ ဘိုးတော် အောင်မင်းခေါင်ပုံ ပေါ်နေတယ် မြင်လား (မမြင်ရင် အရှက်ကွဲတော့မှာ) ဒီတော့ မမြင်လဲ မြင်တယ် ပြောရတာပေါ့။ အမှန်ပြောရဲတဲ့ သတ္တိမရှိဘူး။ ကျွန်တော်ဆိုလိုချင်တာက အဲဒီသတ္တိမျိုး)
            ဗေဒင်၊ နတ်ကတော်၊ ဘိုးတော်တွေထံသို့ သွားကတည်းက မိမိမှာ အားနည်းချက် အခံရှိထားပြီမို့ အမှန်ကို အမှန်အတိုင်း မဟုတ်တာကို မဟုတ်တဲ့အတိုင်း ပြောဆိုတဲ့ သတ္တိမျိုး မရှိနိုင်ပါ။

ဆရာ့ဘ၀ ဆရာ့အတွေ့အကြုံမှာ ပရလောကပုဂ္ဂိုလ် (သိုက်၊ ရုက္ခစိုးစသည်) တစ်ဦးဦးရဲ့ ကူညီစောင့်ရှောက်မှုမျိုး ရှိခဲ့ဖူးပါသလား။ ရှိရင် အဲဒီအတွေ့အကြုံကို ပြောပြစေချင်ပါတယ်။
            ပရလောကရဲ့ ကူညီစောင့်ရှောက်မှုမျိုးမရှိပါ။ အလေးအနက်လည်း မထားပါ။ ကောင်းမှုပြုပြီးတိုင်း အမျှအတန်းပေးဝေသင့်သည် ဟူသော သဘောထားကို လက်ခံပါတယ်။ ကိုယ်တွေ့ စမ်းသပ်မှုတစ်ခုတော့ ရှိခဲ့ဖူးပါတယ်။ ဒါကိုတော့ အလျင်းသင့်လျှင် သီးခြားရေးပါဦးမယ်။

ဒါဆို ဆရာ့အနေနဲ့ ပရလောကရဲ့ ကူညီစောင့်ရှောက်မှုကို ယုံကြည်တယ်ပေါ့။
            ကူညီစောင့်ရှောက်မှုကို မယုံကြည်ပါ။ ကူညီစောင့်ရှောက်နိုင်စွမ်း ရှိတယ်လို့လည်း မထင်ပါ။

ပရလောကရဲ့ အကူအညီတွေအပေါ် ယုံသင့် မယုံသင့် ဘယ်လိုဝေဖန်ပိုင်းခြား စမ်းသပ်မလဲဆရာ။
            အကြောင်းချင်းရာ အခြေခံကို ကျယ်ကျယ်ပြန့်ပြန့် တွေးပြီးမှ ဖြေဆိုသင့်သည့် မေးခွန်းမို့ အတိုခြုံ၍ ဖြေဆိုရန်မသင့်ဟု ထင်မြင်ယူဆပါသည်။

လူတွေ ဗေဒင်၊ လက္ခဏာ မေးသင့်ပါသလား။ ဘယ်လိုအခါမျိုးမှာ မေးသင့်သလဲ။ ဘယ်လို ဆရာမျိုး မေးသင့်သလဲ။ အကြံပေးပါဦးဆရာ။
            ကိုယ့်အကြောင်း ကိုယ်သာလျှင် အသိဆုံးဖြစ်ပါတယ်။ ဗေဒင် လက္ခဏာဟာ အရှိပညာကို အခြေခံ၍ တွက်ချက်ကြည့်မြင်ဟောပြောတဲ့ ပညာရပ်ဖြစ်လို့ မေးသင့်ပါတယ်။ စိတ်အစာကို ဖြည့်စွမ်းပေးနိုင်တဲ့ သဘော သက်ဝင်တာကြောင့် မေးသင့်တယ်လို့ ပြောရတာပါ။ မိမိရဲ့ အကြောင်းနဲ့ ပတ်သက်သော ကိုယ်ပိုင် ဆုံးဖြတ်ချက် ၀ိုးတ၀ါး၊ ဇဝေဇ၀ါ၍ ဖြစ်နေတဲ့အချိန်မျိုးမှာ မေးသင့်ပါတယ်။ လက်ဆန်းဗေဒင်ပညာထက် နက္ခတ်ဗေဒင်ပညာ တတ်ကျွမ်းတဲ့ ဆရာမျိုးကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ လွယ်ကူ သွက်လက်မှုနဲ့ ခက်ခဲနက်နဲမှုကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။

ဆရာစိတ်အ၀င်စားဆုံး လောကီပညာရပ်တစ်ခုခု (ဗေဒင်၊ လက္ခဏာ၊ ဂဏန်းဗေဒင်၊ တားရော့ စသည့်) ဘာ့ကြောင့် စိတ်ဝင်စားတာလဲဆရာ။
            နက္ခတ်ဗေဒင်ပညာကို စိတ်ဝင်စားပါတယ်။ လူဗြိန်းအကြိုက် ဟောပေးသလို ဟောလို့မရသောကြောင့် ဖြစ်ပါတယ်။

စာနယ်ဇင်းတွေမှာ ပါလေ့ရှိတဲ့ ဟောစာတမ်းတွေအပေါ် ဆရာဘယ်လို သဘောထားပါသလဲ။
ယေဘူယျ ဟောစာတမ်းဖြစ်လို့ ယေဘူယျလို့ဘဲ သဘောထားသင့်တယ်လို့ပဲ ဆရာယူဆပါတယ်။

အဆောင် လက်ဖွဲ့တွေအပေါ်ထားတဲ့ ဆရာ့သဘောထား၊ ဆရာ့အမြင် . . .။
            ဗုဒ္ဓ၏ ရတနာသုံးပါးအဆောင်မှလွဲလို့ အခြား ဆောင်စရာ အဆောင်မရှိဘူးလို့ ဆိုပါရစေ။ အဲဒီ ယုံကြည်ချက် အတိုင်းလည်း စွဲမြဲစွာ ယုံကြည်တဲ့အလျောက် ယနေ့ထိ အမြတ်ဆုံးအဆောင်အဖြစ် ဆောင်ထားရတယ်။

ထေရ၀ါရဗုဒ္ဓ၀ါဒမှာ မပါတဲ့ ဂါထာမန္တာန်တွေအပေါ် ဆရာ့သဘောထား။
            ထေရ၀ါဒ၊ ဗုဒ္ဓ၀ါဒများမပါတဲ့ ဂါထာ မန္တန်များကို စိတ်မ၀င်စားပါ။ အန္တရာယ်ကင်း ရွတ်ဖတ်ရမည့် ဂါထာ (၉)မျိုး၊ ကျက်သရေရှိရန် ရွတ်ဖတ်ရမည့် ဂါထား(၄)မျိုး၊ အကျိုးပေး ဖြစ်ထွန်းစေမယ့် သုတ် (၁၁)သုတ်ကိုသာ စိတ်ဝင်စားပါတယ်။ ဓမ္မစင်္ကြာပါဠိတော်၊ ပဋ္ဌာန်းပါဠိတော်၊ ဓရဏသုတ်၊ ပရိမိတ္တဇလသုတ်၊ အဘိဏှသုတ်၊ ဇောဇ္ဈင်င်္ဂသုတ်၊ မေတ္တာသုတ်များ နေ့စဉ်နေ့တိုင်း ရွတ်ဖတ်လာတာ ၁၅နှစ် ကျော်ကာလတိုင်ခဲ့ပါပြီ။ အကျိုးကတော့ ယနေ့အထိ အစစ အရာရာ အဆင်ပြေ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေထိုင်ရခြင်းပဲ ဖြစ်ပါသည်။

“ဘိုးတော်ကင်း”၊ “ကနားစီးမောင်မောင်လတ်”၊ “ဟောသမျှ ပြောသမျှ အဟောဝက” စတဲ့ ၀တ္တုတိုတွေ ရေးဖို့အတွက် ဆရာဘယ်လို အတိုင်းအတာတွေအထိ လေ့လာခဲ့ရပါသလဲ။ အတွေ့အကြုံတစ်ချို့ ပြောပြပါဦးဆရာ။
            မဟိဒ္ဓိဂိုဏ်းကြီး တစ်ဂိုဏ်းတွင် ဆရာအဖြစ် နှစ်နှစ်ကျော်၊ ကိုယ်တိုင် ဘိုးတော်အဖြစ် နှစ်နှစ်နီးပါး လုပ်ခဲ့ဖူးတဲ့ ကိုယ်တွေ့ အတွေ့အကြုံကို အခြေခံပြီး လေ့လာတွေ့ရှိချက်များနဲ့ ပေါင်းစပ်လို့ ဘိုးတော်ကင်းကို ရေးခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးစောဦးကြောင့် စွန်းလွန်းရိပ်သာသို့ ရောက်ရှိခဲ့ပြီးနောက် အရှိအမှန်ကို အသိဥာဏ်ဖြင့် ဆင်ခြင်နိုင်သောကြောင့် ဘိုးတော်ဘ၀ တစ်ဖြစ်လဲခဲ့ပါတယ်။ နတ်အကြောင်းကတော့ နတ်ပွဲတွေ လေ့လာပြီး စာအရှိနှင့် ကိုယ်တွေ့အသိများကို ဆက်စပ်ပြီး ရေးဖွဲ့ခြင်း ဖြစ်ပါတယ်။

ကနားစီး မောင်မောင်လတ်ထဲမှာ နတ်ကတော်တွေရဲ့ လျှို့ဝှက်ချက် (မီးစားပြတာ၊ အသားစိမ်းစားပြတာ၊ စတဲ့ . . )တွေကို ဆရာက စားပေါက်ပိတ်မှာစိုးလို့ ဆိုပြီး ထိန်ချန်ခဲ့တယ်။ အဲဒါ ကျွန်တော့်သဘောပြောရရင် သိပ်ဘ၀င်မကျဘူးဆရာ။ သူတို့ လျှို့ဝှက်ချက်တွေ လူတွေသိမှ နတ်ကတော်ကို အယုံအကြည်ကင်းမှာ၊ အဲဒီအချက် ဆွေးနွေးပေးပါဦးဆရာ။
            နတ်ကတော်တွေ လုပ်တဲ့နည်းနဲ့ မျက်လှည့်ဆရာတွေ လုပ်တဲ့နည်းဟာ အတူတူပါပဲ။ တကယ်တန်းဆို မျက်လှည့် ဆရာတွေက သူတို့ထက်တောင် သာပါလိမ့်ဦးမယ်။ ဒီလောက်ဆို ဘ၀င်ကျရောပေါ့။

လောကီပညာရပ်တွေကို လူတွေလိုက်စားသင့်ပါသလား။ လိုက်စားသင့်တယ်ဆို ဘယ်လိုလိုက်စားသင့်ပါသလဲ။ တစ်ဦးကောင်း တစ်ယေက်ကောင်း လိုက်စားလာတာနဲ့ အုပ်စုလိုက် လိုက်စားကာ ဘယ်ဟာပိုကောင်းနိုင်ပါသလဲ။
            ကိုယ့်အကြောင်းနဲ့ ကိုယ့်အခြေအနေအပေါ် အခြေခံပြီး လိုက်စားလိုက လိုက်စားသင့်ပါတယ်။ တကယ်လိုက်စားသင့်တာကတော့ အရှိအမှန် ဓမ္မတရားနဲ့ ၀ိပဿနာ ဘာဝနာ ပွားများအားထုတ်ခြင်း ဖြစ်ပါတယ်။ စိတ်ပါဝင်စားလို့ လောကီပညာလိုက်စားမယ် ဆိုရင်လည်း အစုအဖွဲ့နဲ့ မလိုက်စားသင့်ဘူးလို့ ထင်ပါတယ်။ လောကမှာ ဘာကိုမဆို ကိုယ့်အသိနဲ့ ကိုယ်ဟာ ကိုယ်လုပ်တာ အကောင်းဆုံးပါဘဲ။

လောကီပညာရပ်တွေ လိုက်စားမယ်ဆိုရင် အခြေခံ သိသင့်တဲ့ ဘာသာရပ်တွေရှိဖို့ လိုမယ်ထင်ပါတယ်။ ဥပမာ- Psychology; General Science နောက် နက္ခတ်ဗေဒင်၊ ဆန်းကျမ်း၊ လက္ခဏာ ပြီးတော့ ကျင့်ကြံမှု စရတာ (ပုတီးစိတ်တာ၊ သမထထိုင်တာ၊ ယောဂပညာတွေ လေ့လာဆည်းပူးလေ့ကျင့်တာ) စသည်ဖြင့် . . .။
            လောကီပညာ လိုက်စားမယ်ဆိုရင် “သီလနဲ့ စရဏ”ဟာ အဓိက ပထမပါ။ သမာဓိ တည်ကြည်အောင် ကျင့်ကြံအားထုတ်တာက ဒုတိယပါ။ အဲဒီနှစ်ချက်နဲ့ တွဲစပ်ပြီး နည်းစနစ်ကျနမှုကို အလေးပေးထားဖို့ပါပဲ။

အဲဒီလို လေ့လာလိုက်စားခြင်းအားဖြင့် အတိုင်းအတာ တစ်ရပ်အထိ အောင်မြင်မယ်ဆိုရင် ကာယကံရှင်အတွက်ရော သူ့ဝန်းကျင်အတွက်ပါ အကျိုးရှိနိုင်ပါ့မလား။
            ကောင်းသောအကြောင်း ပြုလုပ်မှ ကောင်းသောအကျိုးကို ခံစားရရှိနေတာဟာ သဘာဝ သဘောပါ။ ကိစ္စတိုင်းမှာ အကြောင်းနှင့်အကျိုး ရှိစမြဲ ဖြစ်ပါတယ်။ ပုတီးစိပ်ခြင်း အကြောင်းတွင်လည်း အကျိုးတရားများ ရှိရမည်မှာ အမှန်ပါ။ အကျိုးမရှိဘဲ အကြောင်းမရှိနိုင်သလို၊ အကြောင်းမရှိဘဲလည်း အကျိုးမပေါ်နိုင်ပါ။ ရည်ရွယ်ချက်၊ ဦးတည်ချက် မှန်ကန်ဖို့တော့ လိုပါမယ်။

အဲဒီလိုလေ့လာလိုက်စား ကျင့်ကြံအားထုတ်ပြီး အတိုင်းအတာတစ်ရပ်အထိ အောင်မြင်ပြီဆိုပါစို့။ ဒီအောင်မြင်မှုအပေါ် အခြေတည်ပြီး “စီးပွားဖြစ် ဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းမှု ပုံစံနဲ့ဖြစ်စေ” ငွေရှာသင့်ပါသလား။
            အသက်မွေးဝမ်းကြောင်းနှင့် စီးပွားဖြစ် လုံးဝမလုပ်သင့်ပါ။ ကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်နဲ့ မလဲပါနဲ့။

ထောင်ထဲမှာရောက်သွားတဲ့ ဘိုးတော်အတုတွေ ဘာတွေကတော့ တွေ့ဖူး၊ မြင်ဖူး၊ ဖတ်ဖူးပါတယ်ဆရာ။ အဲလို ထောင်ထဲရောက်သွားတဲ့ ဗေဒင်ဆရာတွေရော ဆရာတွေ့ဖူးပါသလား။ ထောင်ထဲမှာ ဗေဒင်ဟောတဲ့ ဆရာရဲ့ အဟောခံရဖူးလား။ မှန်ရော မှန်လား။
            ဗေဒင်ကို လူတိုင်းစိတ်ဝင်စားပါတယ်။ ထောင်ထဲရောက်နေသူတွေက ပိုပြီး စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ လက်ဆန်းအဟောသွက်ရင် ထောင်ထဲရောက်သွားလို့ကတော့ မပူပါနဲ့။ ဗေဒင်ဆရာ ထောင်ထဲရောက်ရင် အနေအစား အလွန်ချောင်ပါတယ်။ ဗွီအိုင်ပီ စာရင်းဝင်ပါတယ်။ နာမည်ကြီးရင် ကြီးသလောက် အရေးပေးခံရပါတယ်။ တန်းစီ၊ တိုကင်ယူပြီး ဗေဒင်မေးရတဲ့ ရေးဖော် ဆရာကြီး ထောင်ထဲရောက်သွားစဉ်က ၀ါဒါကအစ၊ ထောင်ပိုင်အဆုံး သူတို့မိသားစုတွေပါ လက်မလည်အောင် ဟောခဲ့ရတယ်လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်တော့ ထောင်ထဲမှာ ဗေဒင်မမေးဖူးပါဘူး . .. . . ။

            တကယ်တော့ မိမိမေးလို ပြောလိုသော အကြောင်းအရာများစွာ ကျန်ရှိနေပါသေးသည်။ မိမိဆွေးနွေးလိုသမျှကို ဆရာကလည်း ရွှင်လန်းတက်ကြွစွာ ပြောဆိုဆွေးနွေး ရှင်းပြပေးသည်။ တန်ဖိုးကြီးမားသော အချိန်များ . .။ ဆရာက ရွှင်လန်းတက်ကြွနေသော်လည်း ဆရာ့ကို အားနာမိသည်။ ဆရာ့ အသက်က ၆၈ နှစ်၊ အရွယ်က ရှိသေးသည်။ ဆရာနားချိန်ကို သည်မျှအထိ သိမ်းပိုက်ထားဖို့ မိမိလောဘမကြီးသင့်တော့ပါ။ ဆရာ့ဇနီး ကြီးကြီးမြကိုလည်း အားနာရသည်။ သို့ပါ၍ အချို့ဆွေးနွေးဆရာများကို ရင်ထဲမှာပင် လျှိုထားခဲ့ရသည်။
            ဆရာ့ကျေးဇူးတွေကတော့ မိမိအဖို့ ကြီးမားပြီးရင်း ကြီးမားနေသည်။
            “အမှန်သိမှ အသိမှန်မယ်၊ အသိမှန်မှ အမှန်သိမယ်” ဟူသော အမှန်တရားသည် ရင်ထဲမှာ ပဲ့တင်ထပ် လို့နေသည်။

ဝေဒပရိတ်သတ်ကြီး . . .
“အမှန်သိ အသိမှန်ကြပါစေ၊ အသိမှန် အမှန်သိကြပါစေ”
 . . . ကျေးဇူးမှတ်တမ်း . . .
            ဆရာ့စာရေးချိန်၊ အနားယူချိန်၊ ပရိတ်ရွတ်ချိန်၊ ပုတီးစိတ်ချိန်တို့ကို ဖဲ့ချွေ၍ မိမိသိလိုရာများကို ဆွေးနွေးပေးသော ဆရာကျော်မြသန်း၊ ဆရာ့ဇနီး ကြီးကြီးမြ၊ ဆရာ၏ စာအုပ်ဟောင်းများကို ရက်အကန့်အသတ်မရှိ ဖတ်ရှုခွင့်ပေးသော န၀ဒေးစာပေ ဥယျာဉ်မိသားစု(စံပြ ဖဆပလ)၊ အနှစ် ၄၀ကျော်ကြာ ဓာတ်ပုံမရိုက်ဖြစ်ခဲ့သော ဆရာနှင့် ကြီးကြီးမြတို့အား ဓာတ်ပုံမှတ်တမ်း ပြုပေးသော မိုးလွင်ဟန်တို့အား ဝေဒမဂ္ဂဇင်းမှတဆင့် ၀မ်းသာ ကြည်နူးစွာ ကျေးဇူးတင်ပါကြောင်း စာကမ္ဗည်း တင်ပါသည်။
ဟိန်းဆက် (15-July-97)

ဝေဒမဂ္ဂဇင်းအား ဗျူးခွင့်ပေးတဲ့ ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ အမှန်သိဖို့အတွက် အမှန်ရေးမှ ပြောမှ ဖြစ်ပါမယ်။ ဗေဒင်ဆရာ တချို့နဲ့ ဗေဒင်မဂ္ဂဇင်းလို့ သတ်မှတ်ထားတဲ့ မဂ္ဂဇင်းတစ်ချို့ရဲ့ ရိုက်သွင်းလိုင်းကြောင့် မီဒီယာတွေကြောင့် ဗေဒင်မေးပရိသတ် တချို့ဟာ ဗေဒင်ပညာအစစ်ကို မသိတော့တာတော့ ကျွန်တော်တို့ ၀မ်းနည်းမိပါတယ်ဆရာ။ ကျွန်တော်တို့ ကြိုးစားပါမယ်။
ဝေဒမိသားစု

အထက်မှာက အသီးသီးကျေးဇူးတင်စကားတွေ ပြောကြာခဲ့ကြတာဆိုတော့ ကျွန်တော်ကလည်း . . .
 အမှန်သိပြီး အသိမှန်စေရန် ဖြေကြားပေးခဲ့ပါသော ဆရာကြီးကျော်မြသန်း အားလည်းကောင်း၊အသိမှန်ပြီး အမှန်သိစေရန် တွေ့ဆုံမေးမြန်းပေးခဲ့သော ဆရာဟိန်းဆက်အားလည်းကောင်း၊ အများဖတ်ရှုခွင့် ရရှိစေရန် ဇောတိသဝေဒ မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသော ဝေဒမိသားစုအားလည်းကောင်း၊ အထူးသဖြင့် ဤဆောင်းပါးအား ကျွန်တော် ဖတ်ရှုမှတ်သားခွင့်ရရှိအောင် တစ်ကူးတက ရှာဖွေယူလာပေးပါသော ဆရာကြီး ဦးမောင်မောင်ကြည် (သေသ၀ိဇ္ဇာ)အား လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မောင်အောင်ဟိန်းအေး
http://mmastrolesson.blogspot.com
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

Tuesday, July 17, 2012

သစ္စာခံ ဆန်းကျမ်းဗေဒင်ပညာ(အပိုင်း-4)


အားစစ်ဆေးပုံ
v  ဇေယျ    ၄မတ် ကောင်းအားရှိသောဌာန                             
v  ၀ရ        ၃မတ် ကောင်းအားရှိသောဌာန
v  လာဘ    ၂မတ် ကောင်းအားရှိသောဌာန
v  ဒွယ       ကောင်းဆိုး ၂မတ်စီ ပြိုင်သောဌာန
v  ဗျာယ     ၂မတ် ဆိုးအားရှိသောဌာန
v  မရဏ    ၃မတ် ဆိုးအားရှိသောဌာန
v  ကိစ္ဆ       ၄မတ် ဆိုးအားရှိသောဌာန
မူလနှင့် ကောဇာဂြိုဟ်တို့ (၇) ဌာနတွင် အသီးသီးရပ်တည်သောအခါ ဆိုးအား/ကောင်းအား မည်မျှရှိသည်ကို ခွဲခြားသိရှိရန်
v  တိုင်ထိပ်       ၄မတ် ကောင်းအားရှိသောဌာန
v  ပြ                ၃မတ် ဆိုးအားရှိသောဌာန
v  တန်းစီး         ၃မတ် ကောင်းအားရှိသောဌာန
v  တန်းကပ်      ၂မတ် ကောင်းအားရှိသောဌာန
v  မန္ဒနိစ်          ၂မတ် ဆိုးအားရှိသောဌာန
v  တိက္ခနိစ်       ၄မတ် ဆိုးအားရှိသောဌာန
v  တိုင်ခြေ        ကောင်/ဆိုးအား ၂မတ်စီ ပြိုင်နေသောဌာန
ဂြိုဟ်စားတိုင်နှင့် သက်ရောက်တိုင်တို့တွင် (၇)ဌာနဂြိုဟ်တို့ ကောင်းအား ဆိုးအား မည်မျှရှိသည်ကို သိရန်။

၇ ဌာနတို့၏
v  ဇေယျ    အောင်မြင်ခြင်း၊ တိုးတက်ခြင်း၊ ကြီးပွားခြင်း၊ ကျော်ကြားခြင်း
v  ၀ရ        မြင့်မြတ်ခြင်း၊ ဂုဏ်ရှိခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း၊ စုတ်ဝင်ခြင်း
v  လာဘ    လာဘ်လာဘ ရရှိခြင်း၊ အခြေအနေ တိုးတက်ကောင်းစားခြင်း
v  ဒွယ       အပူအအေး၊ နှစ်ခွသဘော၊ မတင်မကျ၊ ဆန့်ကျင်မှု၊ သံသယ
v  ဗျာယ     စိုးရိမ်ပူပန်ခြင်း၊ အနှောင့်အယှက်၊ အဟန့်အတား
v  မရဏ    ပျက်စီးခြင်း၊ ရွေ့လျားခြင်း၊ ဆုံးရှုံးခြင်း၊ ကွဲကွာခြင်း
v  ကိစ္ဆ       သေခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ ပြင်းထန်ဆိုးရွားခြင်း၊ ဆုံးရှုံးနစ်နာခြင်း
            အထက်ပါတို့မှာ ဂြိုဟ်စားတိုင်၊ သက်ရောက်တိုင်၊ ဒသာတိုင်တို့တွင် ရှိသော အဓိကဂြိုဟ်များကို ကပ်လျက်ရှိသော ကပ်ဂြိုဟ်များဖြင့် ဟောပြောရန် အဓိကဂြိုဟ်များကို ဆုံးဖြတ်ချက်ချရန် ဖြစ်သည်။

Text Box: ဂြိုဟ်စားတိုင်ကို ဆုံးဖြတ်ရန် ကပ်ဂြိုဟ်အဖြစ် (မူလတိုင်)နှင့် ညှိ။
သက်ရောက်တိုင် ဒသာတိုင်ကို ဆုံးဖြတ်ရန် ကပ်ဂြိုဟ်အဖြစ် (ကောဇာတိုင်)နှင့် ညှိ။

         



တိုင်ထိပ်             ၀င်ခြင်း၊ အကျိုးရှိခြင်း၊ ကောင်းကျိုးပြုခြင်း၊ လျှင်မြန်ခြင်း။
ပြ                      ထွက်ခြင်း၊ ပျက်ခြင်း၊ အကျိုးမဲ့ခြင်း၊ ထိခိုက်ခြင်း၊ ဖျားနာခြင်း။
တန်းစီး               ၀င်ခြင်း၊ အကျိုးရှိခြင်း၊ ကောင်းကျိုးပြုခြင်း။
တန်းကပ်            ၀င်ပြီးထွက်ခြင်း၊ သာမန်ကောင်းကျိုးပြုခြင်း၊ တဖြေးဖြေးဖြစ်ခြင်း။
မန္ဒနိစ်                ထွက်ခြင်း၊ ပျက်ခြင်း၊ အကျိုးမဲ့ခြင်း၊ ထိခိုက်ဖျားနာခြင်း။
တိက္ခနိစ်             ပြင်းထန်ဆိုးရွားခြင်း၊ သေကြေပျက်စီးခြင်း၊ ရုတ်ချည်းဖြစ်ခြင်း။
တိုင်ခြေ              ယာယီအားကြီးခြင်း၊ တာရှည်ခြင်း၊ ကြာခြင်း၊ လေးထိုင်းခြင်း၊ ထွက်ပြီးဝင်ခြင်း။
            အထက်ပါ ဂြိုဟ်စားသက်ရောက်နှင့် ဒသာတိုင်များ၏ အခြေခံသဘာဝများနှင့် မူလ၊ ကောဇာတိုင်တို့မှ အခြေခံ သဘာဝများကို ပေါင်းစပ်ပြီးမှ အဟောယူဆပုံ၊ နိမိတ်ယူဆပုံ အသေးစိတ်ကို ဆက်လက် ဖော်ထုတ်ရလေသည်။
            မူလတိုင်မှလာသော ဂြိုဟ်စားတိုင်ကို မည်သည့်ဂြိုဟ်များ ကောင်းအား ဆိုးအား ဧကန် အနေကန်သဘောသည် ထိုဂြိုဟ်စားသော ကာလတစ်လျှောက်လုံး အကျိုးအပြစ် ကိန်းကြီးဖြစ်ပါသည်။
            ကောဇာတိုင်မှလာသော သက်ရောက်တိုင်ကို မည်သည့်ဂြိုဟ်များ ကောင်းအား၊ ဆိုးအား၊ ဧကန်၊ အနေကန် သဘောများသည် ဇာတာရှင် ယခုကြည့်ဆဲ ပစ္စက္ခ ရောက်ရှိနေသော သက်ရောက်ဒသာကာလအတွင်း အကျိုးအပြစ်များကို သိနိုင်စေသည့် နိယာမ ကိန်းများပင် ဖြစ်လေတော့သည်။
            ဤကဲ့သို့ ဂြိုဟ်တိုင်များနှင့် ညှိနှိုင်းဆုံးဖြတ်ခြင်းသည် သဘာဝတရားအတိုင်း ဓါတ်တို့ ဂြိုဟ်တို့၏ အလိုကျ ကိန်းခန်းများ ဖြစ်ရာ သူ့သဘော သူဆောင်ကြသဖြင့် ဓါတ်ခိုက်ခြင်းး၊ အကျိုးသက်ရောက်စေခြင်းတို့ ဖြစ်ကြရလေသည်။
            ထိုကိန်းခဏ်းတို့နှင့် ကိုက်ညီအောင် လုပ်ကိုင်နေထိုင်ခြင်းသည် ဆန်းဝင်၍ အောင်မြင်၏။ ထိုကိန်းခန်းတို့နှင့် ကိုက်ညီခြင်းမရှိလျှင် ဆန်းကျင်၍ ဆုံးရှုံးနစ်နာခြင်း ပျက်စီးခြင်းတို့ကို ဟောလေသည်။ သဘာဝအတိုင်း အလိုအလျောက် ဆန်းဝင်ခြင်းကို ကောင်းသောနိမိတ်ဟု ယူဆ၍ ကံကောင်းသည့်သူ၊ အောင်မြင်မည့်သူဟု သိရာ၏။ သဘာဝအတိုင်း အလိုအလျောက်ဆန်းကျင်ခြင်းကို မကောင်းသောနိမိတ်ဟု ယူဆ၍ ကံဆိုးမည့်သူ ပျက်စီးထိခိုက်မည့်သူဟု သိရာ၏။
            ကိန်းခန်းတို့ကို အတတ်မုချဟု မယူဆနိုင်သဖြင့်သာ ဗေဒင်တိုင်းတွင် ရှောင်ရန်နှင့် ဆောင်ရန် ရှိရ၏။ ပြုပြင်ယူသော ယတြာရှိရ၏။ ထိုကိန်းခဏ်း အစစ်အမှန်တို့ကို သိသဖြင့်သာ လောကီအကျိုးစီးပွားတို့ကို ရရှိစေရန် စီရင်နိုင်ပေတော့၏။
တနင်္လာသား ဗုဒ္ဓဟူးဂြိုဟ်စား၍ စနေသို့ သက်ရောက်စဉ် . .














မူလ
ကောဇာ

ဂြိုဟ်စား

သက်ရောက်

Ø  အင်္ဂါဂြိုဟ် စက်လုပ်ငန်း၊ ဆေးလုပ်ငန်း၊ စာအုပ်လုပ်ငန်း စသည်လုပ်ကိုင်လိုသော် . .
Ø  စနေဂြိုဟ် နာရီ၊ ထီး၊ အထည်လုပ်ငန်း လုပ်ကိုင်လိုသော် . .
Ø  အခြေခံအားဖြင့် ဂြိုဟ်စားတိုင်တွင် အင်္ဂါဂြိုဟ်ကို မူလတိုင်မှ ၀ရ ဌာနရှိ တနင်္လာဂြိုဟ်သည် မန္ဒနိစ်ဌာနတွင် ကပ်လျှက်ရှိသည်။ ၂မတ် ဆိုးသောဌာနတွင် ၃မတ်ကောင်းသော ဂြိုဟ်ကပ်၍ ၁မတ်ကောင်း၏။
Ø  ယခုသက်ရောက်တွင် တိက္ခနိစ်ရှိ အင်္ဂါဂြိုဟ်ကို ကောဇာတိုင်မှ ကိစ္ဆဌာနရှိ စနေဂြိုဟ်ကပ်လျှက်ရှိသည်။ ၄မတ်ဆိုးသောဌာနတွင် ၄မတ်ဆိုးသော ဂြိုဟ်ကပ်၍ ၈မတ်ဆိုး၏။
            ထို့ကြောင့် အခြေခံဂြိုဟ်စား ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇ နှစ်အတွင်း ကောင်းအား တမတ်သာရှိသော အင်္ဂါဂြိုဟ် အလုပ်သည် ယခုလုပ်ကိုင်လိုသော ကာလအတွင်း ဆိုးအား ၈မတ်ရှိရာ ၇မတ်ဆိုးကျိုးပေးမည် ဖြစ်သောကြောင့် အကြီးအကျယ် ဆုံးရှုံးနစ်နာမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာသည်။
            (ကိန်းပျက် အင်္ဂါဂြိုဟ်ကို ဆက်ဆံပတ်သက်သော် ဆုံးရှုံးနစ်နာမည်၊ ထိခိုက်မည်။ မဆက်ဆံ မပတ်သက်သော် နိမိတ်ဆိုးများ အလိုလိုပေါ်ပေါက်ဆန်းကျင်ပါမှ ထိခိုက်နစ်နာမည်။ ရှောင်ကြဉ်ခြင်း၊ ယတြာချေခြင်းများ ပြုနိုင်သည်။)
            စနေဂြိုဟ်ကိုကြည့်လျှင် အခြေခံအားဖြင့် ဂြိုဟ်စားတိုင်တွင် စနေဂြိုဟ်ကို တိုင်ထိပ်တွင် မူလတိုင်မှ ဇေယျဌာနရှိ သောကြာဂြိုဟ်က ကပ်လျှက်ရှိ၏။ (၄မတ်အား ကောင်းသောဌာနတွင် ၄မတ်အား ကောင်းသောဂြိုဟ်ကပ်၍ ၈မတ် ကောင်း၏။
            ယခု သက်ရောက်တိုင်တွင် ပြဌာနတွင် ရှိသော စနေဂြိုဟ်ကို ကောဇာတိုင်မှ မရဏဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ်ကပ်လျှက်ရှိ၏။ (၃မတ်ဆိုးသောဌာနတွင် ၃မတ်ဆိုးသောဂြိုဟ်ကပ်၍ ၆မတ်ဆိုး၏။
            ထို့ကြောင့် အခြေခံဂြိုဟ်စား ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇ နှစ်အတွင်း စနေဂြိုဟ်သည် ၈မတ် ကောင်းအားရှိရာ ယခုလုပ်ကိုင်လိုသော ကာလအတွင် ၆မတ်ဆိုးလျှက်ရှိသဖြင့် ၂မတ်မျှသာ ကောင်းကျိုးပေးနိုင်သည်။
            ယခုကာလမှာ ကောဇာတိုင်တွင် မွေးနံ တနင်္လာဂြိုဟ်သည် (လာဘ) ဣဋ္ဌ ဌာနတွင်ရှိ၏။ ရောက်နေသည်မှာ သက်ရောက် စနေဂြိုဟ်ဖြစ်၍ (ကိစ္စ) အနိဋ္ဌ ဌာနတွင် ရှိ၏။ ဣဋ္ဌ အစ၊ အနိဋ္ဌ အဆုံးဖြစ်သောကြောင့် အစတွင် ကောင်းသလိုရှိသော်လည်း နောက်ဆုံး၌ ထိခိုက်နစ်နာခြင်း၊ ဆုံးခန်းတိုင် မရောက်ခြင်းများ၊ တဇွတ်ထိုး လုပ်မိမှုများကြောင့် ပျက်စီးခြင်းများကို သတိထားရမည်။ ထို့အပြင် အခြေခံဂြိုဟ်စားတိုင်၌ တနင်္လာဂြိုဟ် မွေးနံဂြိုဟ်သည် တိက္ခနိစ် ဌာနတွင် ရပ်တည်လျှက် ရှိသောကြောင့်လည်း အဆိုးကို အကောင်းထင်တတ်ခြင်း၊ အယူအဆ အဆုံးအဖြတ်များ လွဲမှားချွတ်ယွင်းခြင်း တို့ကိုဟောရပါမည်။
ဗေဒင်မေးရန်လာသောနေ့သည် ၎င်းကာယကံရှင်၏ မွေးနေ့သဘောကဲ့သို့ ထား၍ စစ်ဆေး ဝေဘန် ဟောပြောရမည်။

ဂြိုဟ်                       အဇ္ဈတ္တနာမ်                အိမ်တွင်းရေး                     ကိုယ်အင်္ဂါဂြိုဟ်
တနင်္ဂနွေဂြိုဟ်                  စိတ်                               အဖ၊ အစ်ကိုကြီး                        အရိုး
တနင်္လာဂြိုဟ်                   လှုပ်ရှားသောသဘော         အမိ၊ အမကြီး                            သွေး
အင်္ဂါဂြိုဟ်                        ခွန်အားအစွမ်း                  လင်သား၊ ညီ၊ ညီမ                     ခြင်ဆီ
ဗုဒ္ဓဟူးဂြိုဟ်                     အသံ                             သားသမီး                                 အရေ
ကြာသပတေးဂြိုဟ်            ပညာဥာဏ်                      ဆရာ                                      အဆီခဲ
သောကြာဂြိုဟ်                 ရမ္မက်ဆန္ဒ                       မယား                                     သုတ်သွေး
စနေဂြိုဟ်                        ပူပန်ခြင်း                         ကျေးကျွန်                                အကြော

Ø  အောင်ဆုလည်းပွား ဂြိုဟ်ယောက်ျား၊ ခြေသွားထိန်းရ ဂြိုဟ်မိန်းမ။
Ø  အောင်ထွန်းစံရာ ဂြိုဟ်လက်ျာ၊ ကေလာပြဿဒ် လက်ဝဲမှတ်။
Ø  ချွေဆွတ်သိမ်းယူ ယာယီယူ၊ အင်တူလက်မျှ နဂိုပ။

            အထက်၌ ဖော်ပြခဲ့သော ဂြိုဟ်ပရိယာယ်များမှာ မွေးဇာတာ မဟာဘုတ်တွင် ကောင်းသောဂြိုဟ် ဆိုးသောဂြိုဟ် တို့ကြောင့် အကျိုးအပြစ်ကို ဝေဘန်စီစစ်ရာတွင် အသုံးပြုသော ပရိယာယ်များ ဖြစ်ကြသည်။ သက်ရောက်တိုင် ဒသာတိုင်တွင် အဓိက အဟောတိုင်၌ အသုံးပြုသည့် ဂြိုဟ်ပရိယာယ်များနှင့် အနည်းငယ် ကွဲပြားပ်သည်။ အဓိက အဟောတိုင်များတွင် ဟောပြောရန်အတွက်ဖြစ်သော ကာလအဟောဂြိုဟ်တို့၏ ပရိယာယ်များမှာ ပညတ်အခေါ်အဝေါ် အသံထွက်ကို မူတည်၍ ပူခြင်း၊ ဆန်းအင်္ဂါဂြိုဟ်ဖြင့် ပရိယာယ် ခွဲခြားခြင်းများ ဖြစ်ပါသည်။

ဆန်းဒသာတိုင်များမှ ပရိယာယ်
တနင်္ဂနွေဂြိုဟ်      - အိုး၊ အစ်၊ အုန်း၊ အိမ်၊ အင်း၊ အထက်လူကြီး၊ အဘိုး၊ အဘွား၊ အိမ်ထောင်၊ အိမ်ခန်း၊ အိပ်ယာ၊ အလုပ်အကိုင်
တနင်္လာဂြိုဟ်       - ကား၊ ကျောက်၊ ငွေ၊ ကျောင်း၊ ခြေနှစ်ချောင်း၊ ချစ်သူ၊ အလှူ၊ မင်္ဂလာ၊ ခြေ၊ ခေါင်း၊ ခါး၊ ကြောင်၊ ကြက်၊ ကျွဲ၊ ခွေး
အင်္ဂါဂြိုဟ်            - မုဆိုးဖို၊ မုဆိုးမ၊ အောက်လက်ငယ်သား၊ အစာ၊ အဆိပ်၊ အင်္ဂါချို့ယွင်းသူ၊ သူတောင်းစား၊ လက်စွပ်၊ စိန်၊ စက်၊ စာအုပ်၊ ဆေး၊ ဆန်၊ ဆီ၊ ဆား၊ စုန်းမ၊ ရွာသူ၊ ပညာသည်
ဗုဒ္ဓဟူးဂြိုဟ်         - ခြေလေးချောင်း သတ္တ၀ါ၊ လင်၊ လက်၊ ၀မ်း၊ ရင်၊ ရွှေ၊ လှေ၊ လှည်း၊ ဘုရား၊ ရှင်သီဝလိ၊ ဓါတ်တော်၊ ရေဒီယို၊ ဂ၀ံရုပ်
ကြာသပတေးဂြိုဟ်   - မိန်းမ၊ မြေ၊ မြင်း၊ မြ၊ ပညာရေး၊ ပေါင်၊ ပါး၊ မှဲ့၊ အမာရွတ်၊ ပျားရည်၊ ပျားစွဲ၊ မှိုပေါက်၊ မီးဖို၊ ဖျာ
သောကြာဂြိုဟ်     - သဲ၊ သွပ်၊ သံ၊ အတောင်ပေါက်သတ္တ၀ါ၊ သားချင်း၊ သွား၊ သစ်ပင်၊ ခရီးယာယီ၊ သွေး၊ မယား
စနေဂြိုဟ်            - တောင်ပို့၊ ကိုယ်ဝန်ဆောင်မိန်းမ၊ မီးနေသည်၊ မီး၊ အပူသောက၊ အမှုအခင်း၊ တရားတပေါင်၊ နာရီ၊ ဖောင်တိန်၊ ထီး၊ ဒါး၊ ဘိနပ်၊ လုံချည်၊ ဘီဒို၊ သေတ္တာ၊ ထီ၊ ထီပေါက်ခြင်း၊ မြွေ၊ ခိုးကိန်း၊ ခိုးမှု

မူလအဟောဂြိုဟ်များ
                        မူလသည် ကောဇာနှင့် ချိန်ဆယူနိုင်သည်။ မူလအဟော ယူဆပုံများ ပိုင်နိုင်ရန်အတွက်
(က) အခြေခံဂြိုဟ်ပရိယာယ်များ
(ခ)  မူလမဟာဘုတ်အယူအဆ
(ဂ)  ရုပ်လက္ခဏာ
(ဃ) နာမည်အင်္ဂါဂြိုဟ် တို့ကို လေ့လာရမည်။

သက်ရှိသက်မဲ့ ခွဲခြားခန်း
အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း                       - အပြင်မိတ်၊ အပမိတ်၊ ယာယီမိတ်
ဦးသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ                                  - အတွင်းမိတ်၊ အိမ်ထောင်မိတ်၊ မြဲသောမိတ်
အန္တော၊ ဂဗ္ဘေ၊ စရေ၊ ၀ံသေ                                       - ဓါတ်ဖက်ဂြိုဟ်
ဦးညို၊ ခေမာ၊ သူတ၊ ဝေရီ                                       - အပြင်ရန်၊ အပရန်၊ ယာယီရန်

အပြင်                = ယာယီသဘော၊ အပြင်မှ ဖြစ်သောသဘော
အတွင်း              = မြဲသောသဘော၊ အတွင်းမှ ဖြစ်သောသဘော
မိတ်                   = ကောင်းအားကို ပိုစေသည်။ လွယ်ကူ ချောမောသည်။
ရန်                    = ဆိုးအားကို ပိုစေသည်။ ခက်ခဲ ပင်ပန်းသည်။
မိတ်ပျက်ရန်         = လွယ်ရာမှ ခက်သည့်သဘော၊ ကောင်းရာမှ ဆိုးသည့်သဘော။
ရန်ပျက်မိတ်         = ခက်ခဲရာမှ လွယ်ကူလာသည့်သဘော၊ ဆိုးရာမှ ကောင်းလာသည့် သဘော။
Ø  အန္တော စရေ ပါပဓါတ်များသည် မိန်းမ၌ သက်ရှိ၊ ယောက်ျား၌ သက်မဲ့
Ø  တောအန်၊ ရေစ ဟုအပြန်အားဖြင့်တွေ့လျှင် ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  ဂဗ္ဘေ ၀ံသေ သောမဓါတ်များသည် ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  ဘေဂဗ် သေ၀ံ ဟု အပြန်အားဖြင့်တွေ့လျှင် ကျား၌ သက်မဲ့၊ မ၌ သက်ရှိ

Ø  သောမဂြိုဟ်ချင်းတွဲသော ဥဒါသိန်      - ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  သောမရှေ့သွား ဥဒါသိန်        - ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  ပါပဂြိုဟ်ချင်းတွဲသော ဥဒါသိန် - ကျား၌ သက်မဲ့၊ မ၌ သက်ရှိ
Ø  ပါပရှေ့သွား ဥဒါသိန်             - ကျား၌ သက်မဲ့၊ မ၌ သက်ရှိ
အနီးအဝေး
အဓိကအဟောဂြိုဟ်ကို ကပ်လျှက်ရှိသော ကပ်ဂြိုဟ်သည် ပါပ ပါပချင်း၊ သောမ သောမချင်း ကပ်လျှက်ရှိပါက အနီးအနား တစ်ရပ်ထဲမှာ၊ တစ်ဌာနထဲမှ ဖြစ်သည်။ အတူနေ အနီးသဘောကိုယူ။
သောမနှင့်ပါပ၊ ပါပနှင့်သောမ ကပ်လျှက်ရှိပါက အဝေး၊ တစ်ရပ်တစ်ကျေး၊ စိမ်းသောနေရာမှ၊ စိမ်းသောသူကို ယူပါ။
Ø  သောမ သောမချင်းကပ်လျှင်   - အတူနေသူ၊ ဆွေမျိုးရင်းချာကဲ့သို့သောသူ၊ အတွင်းပစ္စည်း
Ø  ပါပ ပါပချင်းကပ်လျှင်            - လူမျိုးတူ
Ø  သောမ ပါပကပ်လျှင်             - လူမျိုးတူ၊ လူစိမ်း
Ø  ပါပ သောမ ကပ်လျှင်            - လူမျိုးကွဲ၊ လူစိမ်း

လူတိရိစ္ဆာန် ခွဲခြားခဏ်း
            သက်ရှိဟု သတ်မှတ်ရသော အဓိက အဟောဂြိုဟ်ကို ကပ်လျှက်ရှိသော ဂြိုဟ်သည် ကောဇာတိုင်တွင် (ဇေယျ၊ ၀ရ၊ လာဘ) မြတ်သော ဌာနဂြိုဟ်များ ကပ်ပါက (၀ါ) အထက်ဂြိုဟ်များ ကပ်ပါက လူကိုဟောရ၏။
            အောက်ဂြိုဟ်များဖြစ်သော ဗျာယ၊ မရဏ၊ ကိစ္စဂြိုဟ်များကပ်ပါက တိရစ္ဆာန် (သို့မဟုတ်) မချစ်ခင်၊ အနှစ်သက်သော ယုတ်နိမ့်သော သူကို ဟောရမည်။
            မိတ်ဂြိုဟ်၊ ဓါတ်ဖက်ဂြိုဟ်ဖြစ်၍ အထက်ဂြိုဟ်ကပ်လျှင် အပျို၊ လူပျို (ကျား၊ မ ခွဲယူပါ) ဖြစ်သည်။
မိတ်ဂြိုဟ်၊ ဓါတ်ဖက်ဂြိုဟ်ကိုပင် အောက်ဂြိုဟ်ဖြစ်သော (ဗျာယ၊ မရဏ၊ ကိစ္ဆ) တစ်ခုခုကပ်ပါက (အအို) ဖြစ်သည်။
ရန်ဂြိုဟ်၊ ဥဒါသိန်ဂြိုဟ်များပင် ဖြစ်စေကာမူ အထက်ဂြိုဟ်ကပ်လျှင် လူဟုပင် ယူဆနိုင်သည်။ သို့သော် ရန်ဂြိုဟ်တွင် အထက်ဂြိုဟ်ကပ်ပါက (မုဆိုးဖို၊ မုဆိုးမ) ဟု ယူရမည်။ ဥဒါသိန်တွင် အထက်ဂြိုဟ်ကပ်ပါက (အပျိုကြီး၊ လူပျိုကြီး) ဟုယူရမည်။
၎င်းရန်နှင့် ဥဒါသိန်တွင် အောက်ဂြိုဟ်ကပ်ပါက တိရိစ္ဆာန်ကို ယူရမည်။

ဆက်ရန် . .
ဆရာမင်းကျော်ဇော်
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>