ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Tuesday, July 17, 2012

သစ္စာခံ ဆန်းကျမ်းဗေဒင်ပညာ(အပိုင်း-4)


အားစစ်ဆေးပုံ
v  ဇေယျ    ၄မတ် ကောင်းအားရှိသောဌာန                             
v  ၀ရ        ၃မတ် ကောင်းအားရှိသောဌာန
v  လာဘ    ၂မတ် ကောင်းအားရှိသောဌာန
v  ဒွယ       ကောင်းဆိုး ၂မတ်စီ ပြိုင်သောဌာန
v  ဗျာယ     ၂မတ် ဆိုးအားရှိသောဌာန
v  မရဏ    ၃မတ် ဆိုးအားရှိသောဌာန
v  ကိစ္ဆ       ၄မတ် ဆိုးအားရှိသောဌာန
မူလနှင့် ကောဇာဂြိုဟ်တို့ (၇) ဌာနတွင် အသီးသီးရပ်တည်သောအခါ ဆိုးအား/ကောင်းအား မည်မျှရှိသည်ကို ခွဲခြားသိရှိရန်
v  တိုင်ထိပ်       ၄မတ် ကောင်းအားရှိသောဌာန
v  ပြ                ၃မတ် ဆိုးအားရှိသောဌာန
v  တန်းစီး         ၃မတ် ကောင်းအားရှိသောဌာန
v  တန်းကပ်      ၂မတ် ကောင်းအားရှိသောဌာန
v  မန္ဒနိစ်          ၂မတ် ဆိုးအားရှိသောဌာန
v  တိက္ခနိစ်       ၄မတ် ဆိုးအားရှိသောဌာန
v  တိုင်ခြေ        ကောင်/ဆိုးအား ၂မတ်စီ ပြိုင်နေသောဌာန
ဂြိုဟ်စားတိုင်နှင့် သက်ရောက်တိုင်တို့တွင် (၇)ဌာနဂြိုဟ်တို့ ကောင်းအား ဆိုးအား မည်မျှရှိသည်ကို သိရန်။

၇ ဌာနတို့၏
v  ဇေယျ    အောင်မြင်ခြင်း၊ တိုးတက်ခြင်း၊ ကြီးပွားခြင်း၊ ကျော်ကြားခြင်း
v  ၀ရ        မြင့်မြတ်ခြင်း၊ ဂုဏ်ရှိခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း၊ စုတ်ဝင်ခြင်း
v  လာဘ    လာဘ်လာဘ ရရှိခြင်း၊ အခြေအနေ တိုးတက်ကောင်းစားခြင်း
v  ဒွယ       အပူအအေး၊ နှစ်ခွသဘော၊ မတင်မကျ၊ ဆန့်ကျင်မှု၊ သံသယ
v  ဗျာယ     စိုးရိမ်ပူပန်ခြင်း၊ အနှောင့်အယှက်၊ အဟန့်အတား
v  မရဏ    ပျက်စီးခြင်း၊ ရွေ့လျားခြင်း၊ ဆုံးရှုံးခြင်း၊ ကွဲကွာခြင်း
v  ကိစ္ဆ       သေခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ ပြင်းထန်ဆိုးရွားခြင်း၊ ဆုံးရှုံးနစ်နာခြင်း
            အထက်ပါတို့မှာ ဂြိုဟ်စားတိုင်၊ သက်ရောက်တိုင်၊ ဒသာတိုင်တို့တွင် ရှိသော အဓိကဂြိုဟ်များကို ကပ်လျက်ရှိသော ကပ်ဂြိုဟ်များဖြင့် ဟောပြောရန် အဓိကဂြိုဟ်များကို ဆုံးဖြတ်ချက်ချရန် ဖြစ်သည်။

Text Box: ဂြိုဟ်စားတိုင်ကို ဆုံးဖြတ်ရန် ကပ်ဂြိုဟ်အဖြစ် (မူလတိုင်)နှင့် ညှိ။
သက်ရောက်တိုင် ဒသာတိုင်ကို ဆုံးဖြတ်ရန် ကပ်ဂြိုဟ်အဖြစ် (ကောဇာတိုင်)နှင့် ညှိ။

         



တိုင်ထိပ်             ၀င်ခြင်း၊ အကျိုးရှိခြင်း၊ ကောင်းကျိုးပြုခြင်း၊ လျှင်မြန်ခြင်း။
ပြ                      ထွက်ခြင်း၊ ပျက်ခြင်း၊ အကျိုးမဲ့ခြင်း၊ ထိခိုက်ခြင်း၊ ဖျားနာခြင်း။
တန်းစီး               ၀င်ခြင်း၊ အကျိုးရှိခြင်း၊ ကောင်းကျိုးပြုခြင်း။
တန်းကပ်            ၀င်ပြီးထွက်ခြင်း၊ သာမန်ကောင်းကျိုးပြုခြင်း၊ တဖြေးဖြေးဖြစ်ခြင်း။
မန္ဒနိစ်                ထွက်ခြင်း၊ ပျက်ခြင်း၊ အကျိုးမဲ့ခြင်း၊ ထိခိုက်ဖျားနာခြင်း။
တိက္ခနိစ်             ပြင်းထန်ဆိုးရွားခြင်း၊ သေကြေပျက်စီးခြင်း၊ ရုတ်ချည်းဖြစ်ခြင်း။
တိုင်ခြေ              ယာယီအားကြီးခြင်း၊ တာရှည်ခြင်း၊ ကြာခြင်း၊ လေးထိုင်းခြင်း၊ ထွက်ပြီးဝင်ခြင်း။
            အထက်ပါ ဂြိုဟ်စားသက်ရောက်နှင့် ဒသာတိုင်များ၏ အခြေခံသဘာဝများနှင့် မူလ၊ ကောဇာတိုင်တို့မှ အခြေခံ သဘာဝများကို ပေါင်းစပ်ပြီးမှ အဟောယူဆပုံ၊ နိမိတ်ယူဆပုံ အသေးစိတ်ကို ဆက်လက် ဖော်ထုတ်ရလေသည်။
            မူလတိုင်မှလာသော ဂြိုဟ်စားတိုင်ကို မည်သည့်ဂြိုဟ်များ ကောင်းအား ဆိုးအား ဧကန် အနေကန်သဘောသည် ထိုဂြိုဟ်စားသော ကာလတစ်လျှောက်လုံး အကျိုးအပြစ် ကိန်းကြီးဖြစ်ပါသည်။
            ကောဇာတိုင်မှလာသော သက်ရောက်တိုင်ကို မည်သည့်ဂြိုဟ်များ ကောင်းအား၊ ဆိုးအား၊ ဧကန်၊ အနေကန် သဘောများသည် ဇာတာရှင် ယခုကြည့်ဆဲ ပစ္စက္ခ ရောက်ရှိနေသော သက်ရောက်ဒသာကာလအတွင်း အကျိုးအပြစ်များကို သိနိုင်စေသည့် နိယာမ ကိန်းများပင် ဖြစ်လေတော့သည်။
            ဤကဲ့သို့ ဂြိုဟ်တိုင်များနှင့် ညှိနှိုင်းဆုံးဖြတ်ခြင်းသည် သဘာဝတရားအတိုင်း ဓါတ်တို့ ဂြိုဟ်တို့၏ အလိုကျ ကိန်းခန်းများ ဖြစ်ရာ သူ့သဘော သူဆောင်ကြသဖြင့် ဓါတ်ခိုက်ခြင်းး၊ အကျိုးသက်ရောက်စေခြင်းတို့ ဖြစ်ကြရလေသည်။
            ထိုကိန်းခဏ်းတို့နှင့် ကိုက်ညီအောင် လုပ်ကိုင်နေထိုင်ခြင်းသည် ဆန်းဝင်၍ အောင်မြင်၏။ ထိုကိန်းခန်းတို့နှင့် ကိုက်ညီခြင်းမရှိလျှင် ဆန်းကျင်၍ ဆုံးရှုံးနစ်နာခြင်း ပျက်စီးခြင်းတို့ကို ဟောလေသည်။ သဘာဝအတိုင်း အလိုအလျောက် ဆန်းဝင်ခြင်းကို ကောင်းသောနိမိတ်ဟု ယူဆ၍ ကံကောင်းသည့်သူ၊ အောင်မြင်မည့်သူဟု သိရာ၏။ သဘာဝအတိုင်း အလိုအလျောက်ဆန်းကျင်ခြင်းကို မကောင်းသောနိမိတ်ဟု ယူဆ၍ ကံဆိုးမည့်သူ ပျက်စီးထိခိုက်မည့်သူဟု သိရာ၏။
            ကိန်းခန်းတို့ကို အတတ်မုချဟု မယူဆနိုင်သဖြင့်သာ ဗေဒင်တိုင်းတွင် ရှောင်ရန်နှင့် ဆောင်ရန် ရှိရ၏။ ပြုပြင်ယူသော ယတြာရှိရ၏။ ထိုကိန်းခဏ်း အစစ်အမှန်တို့ကို သိသဖြင့်သာ လောကီအကျိုးစီးပွားတို့ကို ရရှိစေရန် စီရင်နိုင်ပေတော့၏။
တနင်္လာသား ဗုဒ္ဓဟူးဂြိုဟ်စား၍ စနေသို့ သက်ရောက်စဉ် . .














မူလ
ကောဇာ

ဂြိုဟ်စား

သက်ရောက်

Ø  အင်္ဂါဂြိုဟ် စက်လုပ်ငန်း၊ ဆေးလုပ်ငန်း၊ စာအုပ်လုပ်ငန်း စသည်လုပ်ကိုင်လိုသော် . .
Ø  စနေဂြိုဟ် နာရီ၊ ထီး၊ အထည်လုပ်ငန်း လုပ်ကိုင်လိုသော် . .
Ø  အခြေခံအားဖြင့် ဂြိုဟ်စားတိုင်တွင် အင်္ဂါဂြိုဟ်ကို မူလတိုင်မှ ၀ရ ဌာနရှိ တနင်္လာဂြိုဟ်သည် မန္ဒနိစ်ဌာနတွင် ကပ်လျှက်ရှိသည်။ ၂မတ် ဆိုးသောဌာနတွင် ၃မတ်ကောင်းသော ဂြိုဟ်ကပ်၍ ၁မတ်ကောင်း၏။
Ø  ယခုသက်ရောက်တွင် တိက္ခနိစ်ရှိ အင်္ဂါဂြိုဟ်ကို ကောဇာတိုင်မှ ကိစ္ဆဌာနရှိ စနေဂြိုဟ်ကပ်လျှက်ရှိသည်။ ၄မတ်ဆိုးသောဌာနတွင် ၄မတ်ဆိုးသော ဂြိုဟ်ကပ်၍ ၈မတ်ဆိုး၏။
            ထို့ကြောင့် အခြေခံဂြိုဟ်စား ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇ နှစ်အတွင်း ကောင်းအား တမတ်သာရှိသော အင်္ဂါဂြိုဟ် အလုပ်သည် ယခုလုပ်ကိုင်လိုသော ကာလအတွင်း ဆိုးအား ၈မတ်ရှိရာ ၇မတ်ဆိုးကျိုးပေးမည် ဖြစ်သောကြောင့် အကြီးအကျယ် ဆုံးရှုံးနစ်နာမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာသည်။
            (ကိန်းပျက် အင်္ဂါဂြိုဟ်ကို ဆက်ဆံပတ်သက်သော် ဆုံးရှုံးနစ်နာမည်၊ ထိခိုက်မည်။ မဆက်ဆံ မပတ်သက်သော် နိမိတ်ဆိုးများ အလိုလိုပေါ်ပေါက်ဆန်းကျင်ပါမှ ထိခိုက်နစ်နာမည်။ ရှောင်ကြဉ်ခြင်း၊ ယတြာချေခြင်းများ ပြုနိုင်သည်။)
            စနေဂြိုဟ်ကိုကြည့်လျှင် အခြေခံအားဖြင့် ဂြိုဟ်စားတိုင်တွင် စနေဂြိုဟ်ကို တိုင်ထိပ်တွင် မူလတိုင်မှ ဇေယျဌာနရှိ သောကြာဂြိုဟ်က ကပ်လျှက်ရှိ၏။ (၄မတ်အား ကောင်းသောဌာနတွင် ၄မတ်အား ကောင်းသောဂြိုဟ်ကပ်၍ ၈မတ် ကောင်း၏။
            ယခု သက်ရောက်တိုင်တွင် ပြဌာနတွင် ရှိသော စနေဂြိုဟ်ကို ကောဇာတိုင်မှ မရဏဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ်ကပ်လျှက်ရှိ၏။ (၃မတ်ဆိုးသောဌာနတွင် ၃မတ်ဆိုးသောဂြိုဟ်ကပ်၍ ၆မတ်ဆိုး၏။
            ထို့ကြောင့် အခြေခံဂြိုဟ်စား ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇ နှစ်အတွင်း စနေဂြိုဟ်သည် ၈မတ် ကောင်းအားရှိရာ ယခုလုပ်ကိုင်လိုသော ကာလအတွင် ၆မတ်ဆိုးလျှက်ရှိသဖြင့် ၂မတ်မျှသာ ကောင်းကျိုးပေးနိုင်သည်။
            ယခုကာလမှာ ကောဇာတိုင်တွင် မွေးနံ တနင်္လာဂြိုဟ်သည် (လာဘ) ဣဋ္ဌ ဌာနတွင်ရှိ၏။ ရောက်နေသည်မှာ သက်ရောက် စနေဂြိုဟ်ဖြစ်၍ (ကိစ္စ) အနိဋ္ဌ ဌာနတွင် ရှိ၏။ ဣဋ္ဌ အစ၊ အနိဋ္ဌ အဆုံးဖြစ်သောကြောင့် အစတွင် ကောင်းသလိုရှိသော်လည်း နောက်ဆုံး၌ ထိခိုက်နစ်နာခြင်း၊ ဆုံးခန်းတိုင် မရောက်ခြင်းများ၊ တဇွတ်ထိုး လုပ်မိမှုများကြောင့် ပျက်စီးခြင်းများကို သတိထားရမည်။ ထို့အပြင် အခြေခံဂြိုဟ်စားတိုင်၌ တနင်္လာဂြိုဟ် မွေးနံဂြိုဟ်သည် တိက္ခနိစ် ဌာနတွင် ရပ်တည်လျှက် ရှိသောကြောင့်လည်း အဆိုးကို အကောင်းထင်တတ်ခြင်း၊ အယူအဆ အဆုံးအဖြတ်များ လွဲမှားချွတ်ယွင်းခြင်း တို့ကိုဟောရပါမည်။
ဗေဒင်မေးရန်လာသောနေ့သည် ၎င်းကာယကံရှင်၏ မွေးနေ့သဘောကဲ့သို့ ထား၍ စစ်ဆေး ဝေဘန် ဟောပြောရမည်။

ဂြိုဟ်                       အဇ္ဈတ္တနာမ်                အိမ်တွင်းရေး                     ကိုယ်အင်္ဂါဂြိုဟ်
တနင်္ဂနွေဂြိုဟ်                  စိတ်                               အဖ၊ အစ်ကိုကြီး                        အရိုး
တနင်္လာဂြိုဟ်                   လှုပ်ရှားသောသဘော         အမိ၊ အမကြီး                            သွေး
အင်္ဂါဂြိုဟ်                        ခွန်အားအစွမ်း                  လင်သား၊ ညီ၊ ညီမ                     ခြင်ဆီ
ဗုဒ္ဓဟူးဂြိုဟ်                     အသံ                             သားသမီး                                 အရေ
ကြာသပတေးဂြိုဟ်            ပညာဥာဏ်                      ဆရာ                                      အဆီခဲ
သောကြာဂြိုဟ်                 ရမ္မက်ဆန္ဒ                       မယား                                     သုတ်သွေး
စနေဂြိုဟ်                        ပူပန်ခြင်း                         ကျေးကျွန်                                အကြော

Ø  အောင်ဆုလည်းပွား ဂြိုဟ်ယောက်ျား၊ ခြေသွားထိန်းရ ဂြိုဟ်မိန်းမ။
Ø  အောင်ထွန်းစံရာ ဂြိုဟ်လက်ျာ၊ ကေလာပြဿဒ် လက်ဝဲမှတ်။
Ø  ချွေဆွတ်သိမ်းယူ ယာယီယူ၊ အင်တူလက်မျှ နဂိုပ။

            အထက်၌ ဖော်ပြခဲ့သော ဂြိုဟ်ပရိယာယ်များမှာ မွေးဇာတာ မဟာဘုတ်တွင် ကောင်းသောဂြိုဟ် ဆိုးသောဂြိုဟ် တို့ကြောင့် အကျိုးအပြစ်ကို ဝေဘန်စီစစ်ရာတွင် အသုံးပြုသော ပရိယာယ်များ ဖြစ်ကြသည်။ သက်ရောက်တိုင် ဒသာတိုင်တွင် အဓိက အဟောတိုင်၌ အသုံးပြုသည့် ဂြိုဟ်ပရိယာယ်များနှင့် အနည်းငယ် ကွဲပြားပ်သည်။ အဓိက အဟောတိုင်များတွင် ဟောပြောရန်အတွက်ဖြစ်သော ကာလအဟောဂြိုဟ်တို့၏ ပရိယာယ်များမှာ ပညတ်အခေါ်အဝေါ် အသံထွက်ကို မူတည်၍ ပူခြင်း၊ ဆန်းအင်္ဂါဂြိုဟ်ဖြင့် ပရိယာယ် ခွဲခြားခြင်းများ ဖြစ်ပါသည်။

ဆန်းဒသာတိုင်များမှ ပရိယာယ်
တနင်္ဂနွေဂြိုဟ်      - အိုး၊ အစ်၊ အုန်း၊ အိမ်၊ အင်း၊ အထက်လူကြီး၊ အဘိုး၊ အဘွား၊ အိမ်ထောင်၊ အိမ်ခန်း၊ အိပ်ယာ၊ အလုပ်အကိုင်
တနင်္လာဂြိုဟ်       - ကား၊ ကျောက်၊ ငွေ၊ ကျောင်း၊ ခြေနှစ်ချောင်း၊ ချစ်သူ၊ အလှူ၊ မင်္ဂလာ၊ ခြေ၊ ခေါင်း၊ ခါး၊ ကြောင်၊ ကြက်၊ ကျွဲ၊ ခွေး
အင်္ဂါဂြိုဟ်            - မုဆိုးဖို၊ မုဆိုးမ၊ အောက်လက်ငယ်သား၊ အစာ၊ အဆိပ်၊ အင်္ဂါချို့ယွင်းသူ၊ သူတောင်းစား၊ လက်စွပ်၊ စိန်၊ စက်၊ စာအုပ်၊ ဆေး၊ ဆန်၊ ဆီ၊ ဆား၊ စုန်းမ၊ ရွာသူ၊ ပညာသည်
ဗုဒ္ဓဟူးဂြိုဟ်         - ခြေလေးချောင်း သတ္တ၀ါ၊ လင်၊ လက်၊ ၀မ်း၊ ရင်၊ ရွှေ၊ လှေ၊ လှည်း၊ ဘုရား၊ ရှင်သီဝလိ၊ ဓါတ်တော်၊ ရေဒီယို၊ ဂ၀ံရုပ်
ကြာသပတေးဂြိုဟ်   - မိန်းမ၊ မြေ၊ မြင်း၊ မြ၊ ပညာရေး၊ ပေါင်၊ ပါး၊ မှဲ့၊ အမာရွတ်၊ ပျားရည်၊ ပျားစွဲ၊ မှိုပေါက်၊ မီးဖို၊ ဖျာ
သောကြာဂြိုဟ်     - သဲ၊ သွပ်၊ သံ၊ အတောင်ပေါက်သတ္တ၀ါ၊ သားချင်း၊ သွား၊ သစ်ပင်၊ ခရီးယာယီ၊ သွေး၊ မယား
စနေဂြိုဟ်            - တောင်ပို့၊ ကိုယ်ဝန်ဆောင်မိန်းမ၊ မီးနေသည်၊ မီး၊ အပူသောက၊ အမှုအခင်း၊ တရားတပေါင်၊ နာရီ၊ ဖောင်တိန်၊ ထီး၊ ဒါး၊ ဘိနပ်၊ လုံချည်၊ ဘီဒို၊ သေတ္တာ၊ ထီ၊ ထီပေါက်ခြင်း၊ မြွေ၊ ခိုးကိန်း၊ ခိုးမှု

မူလအဟောဂြိုဟ်များ
                        မူလသည် ကောဇာနှင့် ချိန်ဆယူနိုင်သည်။ မူလအဟော ယူဆပုံများ ပိုင်နိုင်ရန်အတွက်
(က) အခြေခံဂြိုဟ်ပရိယာယ်များ
(ခ)  မူလမဟာဘုတ်အယူအဆ
(ဂ)  ရုပ်လက္ခဏာ
(ဃ) နာမည်အင်္ဂါဂြိုဟ် တို့ကို လေ့လာရမည်။

သက်ရှိသက်မဲ့ ခွဲခြားခန်း
အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း                       - အပြင်မိတ်၊ အပမိတ်၊ ယာယီမိတ်
ဦးသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ                                  - အတွင်းမိတ်၊ အိမ်ထောင်မိတ်၊ မြဲသောမိတ်
အန္တော၊ ဂဗ္ဘေ၊ စရေ၊ ၀ံသေ                                       - ဓါတ်ဖက်ဂြိုဟ်
ဦးညို၊ ခေမာ၊ သူတ၊ ဝေရီ                                       - အပြင်ရန်၊ အပရန်၊ ယာယီရန်

အပြင်                = ယာယီသဘော၊ အပြင်မှ ဖြစ်သောသဘော
အတွင်း              = မြဲသောသဘော၊ အတွင်းမှ ဖြစ်သောသဘော
မိတ်                   = ကောင်းအားကို ပိုစေသည်။ လွယ်ကူ ချောမောသည်။
ရန်                    = ဆိုးအားကို ပိုစေသည်။ ခက်ခဲ ပင်ပန်းသည်။
မိတ်ပျက်ရန်         = လွယ်ရာမှ ခက်သည့်သဘော၊ ကောင်းရာမှ ဆိုးသည့်သဘော။
ရန်ပျက်မိတ်         = ခက်ခဲရာမှ လွယ်ကူလာသည့်သဘော၊ ဆိုးရာမှ ကောင်းလာသည့် သဘော။
Ø  အန္တော စရေ ပါပဓါတ်များသည် မိန်းမ၌ သက်ရှိ၊ ယောက်ျား၌ သက်မဲ့
Ø  တောအန်၊ ရေစ ဟုအပြန်အားဖြင့်တွေ့လျှင် ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  ဂဗ္ဘေ ၀ံသေ သောမဓါတ်များသည် ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  ဘေဂဗ် သေ၀ံ ဟု အပြန်အားဖြင့်တွေ့လျှင် ကျား၌ သက်မဲ့၊ မ၌ သက်ရှိ

Ø  သောမဂြိုဟ်ချင်းတွဲသော ဥဒါသိန်      - ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  သောမရှေ့သွား ဥဒါသိန်        - ကျား၌ သက်ရှိ၊ မ၌ သက်မဲ့
Ø  ပါပဂြိုဟ်ချင်းတွဲသော ဥဒါသိန် - ကျား၌ သက်မဲ့၊ မ၌ သက်ရှိ
Ø  ပါပရှေ့သွား ဥဒါသိန်             - ကျား၌ သက်မဲ့၊ မ၌ သက်ရှိ
အနီးအဝေး
အဓိကအဟောဂြိုဟ်ကို ကပ်လျှက်ရှိသော ကပ်ဂြိုဟ်သည် ပါပ ပါပချင်း၊ သောမ သောမချင်း ကပ်လျှက်ရှိပါက အနီးအနား တစ်ရပ်ထဲမှာ၊ တစ်ဌာနထဲမှ ဖြစ်သည်။ အတူနေ အနီးသဘောကိုယူ။
သောမနှင့်ပါပ၊ ပါပနှင့်သောမ ကပ်လျှက်ရှိပါက အဝေး၊ တစ်ရပ်တစ်ကျေး၊ စိမ်းသောနေရာမှ၊ စိမ်းသောသူကို ယူပါ။
Ø  သောမ သောမချင်းကပ်လျှင်   - အတူနေသူ၊ ဆွေမျိုးရင်းချာကဲ့သို့သောသူ၊ အတွင်းပစ္စည်း
Ø  ပါပ ပါပချင်းကပ်လျှင်            - လူမျိုးတူ
Ø  သောမ ပါပကပ်လျှင်             - လူမျိုးတူ၊ လူစိမ်း
Ø  ပါပ သောမ ကပ်လျှင်            - လူမျိုးကွဲ၊ လူစိမ်း

လူတိရိစ္ဆာန် ခွဲခြားခဏ်း
            သက်ရှိဟု သတ်မှတ်ရသော အဓိက အဟောဂြိုဟ်ကို ကပ်လျှက်ရှိသော ဂြိုဟ်သည် ကောဇာတိုင်တွင် (ဇေယျ၊ ၀ရ၊ လာဘ) မြတ်သော ဌာနဂြိုဟ်များ ကပ်ပါက (၀ါ) အထက်ဂြိုဟ်များ ကပ်ပါက လူကိုဟောရ၏။
            အောက်ဂြိုဟ်များဖြစ်သော ဗျာယ၊ မရဏ၊ ကိစ္စဂြိုဟ်များကပ်ပါက တိရစ္ဆာန် (သို့မဟုတ်) မချစ်ခင်၊ အနှစ်သက်သော ယုတ်နိမ့်သော သူကို ဟောရမည်။
            မိတ်ဂြိုဟ်၊ ဓါတ်ဖက်ဂြိုဟ်ဖြစ်၍ အထက်ဂြိုဟ်ကပ်လျှင် အပျို၊ လူပျို (ကျား၊ မ ခွဲယူပါ) ဖြစ်သည်။
မိတ်ဂြိုဟ်၊ ဓါတ်ဖက်ဂြိုဟ်ကိုပင် အောက်ဂြိုဟ်ဖြစ်သော (ဗျာယ၊ မရဏ၊ ကိစ္ဆ) တစ်ခုခုကပ်ပါက (အအို) ဖြစ်သည်။
ရန်ဂြိုဟ်၊ ဥဒါသိန်ဂြိုဟ်များပင် ဖြစ်စေကာမူ အထက်ဂြိုဟ်ကပ်လျှင် လူဟုပင် ယူဆနိုင်သည်။ သို့သော် ရန်ဂြိုဟ်တွင် အထက်ဂြိုဟ်ကပ်ပါက (မုဆိုးဖို၊ မုဆိုးမ) ဟု ယူရမည်။ ဥဒါသိန်တွင် အထက်ဂြိုဟ်ကပ်ပါက (အပျိုကြီး၊ လူပျိုကြီး) ဟုယူရမည်။
၎င်းရန်နှင့် ဥဒါသိန်တွင် အောက်ဂြိုဟ်ကပ်ပါက တိရိစ္ဆာန်ကို ယူရမည်။

ဆက်ရန် . .
ဆရာမင်းကျော်ဇော်

No comments:

Post a Comment