ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Monday, September 19, 2011

ကာရက


ကာရက

ကာရက-ဆိုသည်မှာ ပြုတတ်သည်၊ ပြုတတ်သူ၊ စီရင်သောသူ၊ ကြိယာကို ပြီးစေတတ်သော သတ္တိ၊ အဓိပ္ပာယ်ကို ပေါ်လွင်စေသော သတ္တိဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။
          ဝေဒပညာတွင် ကာရကပြုသောဂြိုဟ်ဟုခေါ်ဆိုကြ၍ (၁) ဂြိုဟ်တို့၏ ကာရကပြုမှုများ (၂) ဂြိုဟ်တို့၏ ကာရက ပြုသော သဘာဝများဟု ခွဲခြားထားကြသည်။

(၁) ဂြိုဟ်တို့၏ ကာရကပြုမှုများ
          တနင်္ဂနွေဂြိုဟ်  -        အဖ   
          တနင်္လာဂြိုဟ်   -        အမိ
          အင်္ဂါဂြိုဟ်       -        ညီငယ် ညီမငယ်၊ ရန်သူ
          ဗုဒ္ဓဟူးဂြိုဟ်     -        ဆွေမျိုး မိတ်ဆွေ
          ကြာသပတေးဂြိုဟ်      -        သားသမီး၊ ဆရာ အစ်ကိုကြီး၊ သူငယ်ချင်း
          သောကြာဂြိုဟ် -        ဇနီး၊ လင်
          စနေဂြိုဟ်       -        တပည့် လက်အောက်ငယ်သား          ခိုးသူ  စသည်ဖြစ်ကြသည်။

(၂)    ဂြိုဟ်တို့၏ ကာရကပြုသောဘာဝများ
          အောင်၊ မည်း၊ ညို၊ ခရေ၊ ပွင့်၊ စွယ်တော်၊ သင့်၊ နတ်၊  အုန်းပင်၊ အပွင့်တွေ ဝေဖြာတိုး။ စိုးလဂ်က စ၍ ရေ။ ၄၊ ၆၊ ၉၊ ၂ လုံးချ၊ ၁၀ ဌာန၊ ၄ တွေ၊ မှတ်ပါလေ ကာရက ဟု လင်္ကာဆိုရိုးရှိလေသည်။
          တနုဘာဝခေါ် လဂ်တည်ရာမှ စတင်၍ ၁ တန့် ၂ တန့် - ၁၂ တန့်ထိ ရေတွက်ရမည်။ လဂ်ဘာဝမှ စတင်၍ ကာရကလင်္ကာကို ဆို၍ အောက်ပါအတိုင်း ကာရကဂြိုဟ် များကို ထည့်သွင်းရမည်။
၁ တန့်
အောင်
၁ နွေဂြိုဟ်
၂ တန့်
မည်း
၅ တေးဂြိုဟ်
၃ တန့်
ညို
၃င်္ဂါဂြိုဟ်
၎ တန့်
ခ၊ ရေ
၂လာဂြိုဟ် ၄ ဟူးဂြိုဟ်
၅ တန့်
ပွင့်
၅တေးဂြိုဟ်
၆ တန့်
စွယ်တော်
၃င်္ဂါဂြိုဟ်၊ စနေဂြိုဟ်
၇ တန့်
သင့်
၆ကြာဂြိုဟ်
၈ တန့်
နတ်
စနေဂြိုဟ်
၉ တန့်
အုန်းပင်
၁နွေဂြိုဟ် ၅ တေးဂြိုဟ်
၁၀ တန့်
အပွင့်တွေဝေ
၁နွေ ၅တေး စနေ ၄ဟူးဂြိုဟ်
၁၁ တန့်
ဖြာ
၅တေးဂြိုဟ်
၁၂ တန့်
တိုး
စနေဂြိုဟ်

          စိုးလဂ်ကစ၍ ရေ ဆိုသဖြင့် လဂ်ရှိရ တနုဘာဝ = ၁ တန့်မှသာ စတင်ရေတွက်ရမည်။ ၄၊ ၆၊ ၉၊ ၂ လုံးချဆိုသဖြင့်  ၄ -တန့်ဘာဝတွင် ကာရကပြုသော ဂြိုဟ်နှစ်လုံး၊ ၆ တန့် တွင် နှစ်လုံး၊ ၉ တန့်တွင် နှစ်လုံးရှိကြသည်။ ၁၀ ဌာန ၄ ထွေဆိုသဖြင့် ၁၀ တန့် ဘာဝတွင် ကာရကဂြိုဟ် ၄လုံးရှိ သည်။  
          မိဿလဂ် ပြိဿလဂ် စသော လဂ် (၁၂)ပါးအတွက် ကာရကဂြိုဟ်များကို အောက်ပါအတိုင်း ဖော်ပြနိုင်ပါသည်။

         ကာရကပြုသော ဂြိုဟ်အလိုက် အတန့်ဘာဝများ
         
၁နွေဂြိုဟ်      
၁တန့်၊ ၉ တန့်၊ ၁၀တန့်
၂လာဂြိုဟ်     
၎ တန့်၊ ၁၀ တန့်
၃င်္ဂါဂြိုဟ်        
၃ တန့်၊ ၆ တန့်
၎ ဟူးဂြိုဟ်     
၎ တန့်၊ ၁၀ တန့်
၅ တေးဂြိုဟ်   
၂ တန့်၊ ၅ တန့်၊ ၉တန့်၊ ၁၀ တန့်၊ ၁၁ တန့်
၆ ကြာဂြိုဟ်    
၇ တန့်
စနေဂြိုဟ်      
၆ တန့်၊ ၈ တန့်၊ ၁၂ တန့်၊ ၁၀ တန့်
          ကြာသပတေးဂြိုဟ်သည် ဘာဝ ၅ ခုကို ကာရကပြု ထားသည်ကို သိရှိနိုင်ပါသည်။ ၁၀ တန့် ဘာဝသည် ဂြိုဟ် ၄ လုံးကာရကပြုထားသည်။ ကမ္မဘာဝဖြစ်၍ ၁ နွေဂြိုဟ် - ကံ၊ ၄ ဟူးဂြိုဟ် ဥာဏ်၊ စနေဂြိုဟ် - ၀ီရိယ ၅တေးဂြိုဟ် ပညာစသည်ဖြင့် ကာရကပြုထားကြသည်။

ကာရကဥပဒေသများ
(၁)     မည်သည့်ဂြိုဟ်မဆို ဗျာယဘာဝ၌ ရပ်တည်ခဲ့သော် မိမိ ကာရကပြုသော ဘာဝအား ကောင်းကျိုးပေး၏။
(၂)     မည်သည့်ဂြိုဟ်မဆို မိမိကာရကပြုသော သဘာဝတို့၌ ရပ်တည်ခဲ့သော် ထိုဘာဝသည် ပျက်စီး၏။
(၃)     ကြာသပတေးဂြိုဟ်သည် နှစ်တန့်၊ စနေဂြိုဟ်သည် ရှစ်တန့် ဘာဝတွင် ရပ်တည်သော် ထိုဘာဝတို့သည် မပျက်စီးပါ။
ဥပဒေသ (၁)
          ဗျာယဘာဝ၌ ရပ်တည်ခဲ့သော် မိမိကာရကပြုသော ဘာဝအား ကောင်းကျိုးလဂ်ဆိုရာ၌ ၅ တေးဂြိုဟ် ဗျာယ ဘာဝရပ်တည်သော ဥပမာကို ပြဆိုလိုက်ပါသည်။
          ၅ တေး - ဗျာယဘာဝရပ်တည်၍ ကာရကပြုသော  ဘာဝများ ဖြစ်သည့် ၂ တန့်၊ ၅ တန့်၊ ၉ တန့်၊ ၁၀ တန့်၊     ၁၁ တန့် ဘာဝတို့ ကောင်းကျိုးပေး၏။
          တစ်ဆက်တည်း ၅ တေးဂြိုဟ်သည် သောမဂြိုဟ်ဖြစ် ၍ မြင်ရာယှဉ်ရာ ရပ်တည်ရာ (သမ္ဗန္ဓ ပြုရာ) ဘာဝကောင်း ကျိုးပြုသည်။ ထို့ကြောင့် ၅ တေးရပ်တည်သော ၁၂ တန့်ဘာဝ၊ သမသတ်မြင်သော ၆ တန့်၊ ၅ တန့်၊ အထူးမြင်သော ၄ တန့်၊ ၉ တန့်၊ အထူးမြင်သော   ၈ တန့် ဘာဝများ ကောင်း ကျိုးပေးကြသည်။
          ထို့ကြောင့် ၅ တေး ဗျာယဘာဝရပ်တည်သော် ၂ တန့်၊ ၄ တန့်၊ ၅ တန့်၊ ၆ တန့်၊ ၈ တန့်၊ ၉ တန့်၊ ၁၀ တန့်၊ ၁၁ တန့်၊ ၁၂ တန့် စသော ဘာဝ ၉ ခုကောင်းသဖြင့် ''မုချသုခ ယုဂ်“ ရသည်။

ဥပဒေသ (၂)
          ကာရကပြုသော ဂြိုဟ်၊ ကာရကပြုရာ ဘာဝရပ်သော် ပျက်စီး၏ ဟု ဆိုရာ၌ ဆရာကြီး ဆရာမြိုင်၏ သြ၀ါဒအရ ''သက်ရှိ ပျက်၏'' ဟု မှတ်ရန်လိုသည်။

တန့်ဘာဝတွင်
ကာရကဂြိုဟ်
၁နွေ ရပ်သော်
မိမိ ပျက်၏ အကျိုးမခံစားရ။
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၅တေး ရပ်သော်
မိသားစု
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၃င်္ဂါ ရပ်သော်
ညီကိုမောင်နှမ
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၂လာ ရပ်သော်
မိခင်
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၎ဟူး ရပ်သော်
ဆွေမျိုး၊ မိတ်ဆွေ
တန့် ဘာဝတွင်
ကာရကဂြိုဟ်
၅တေး ရပ်သော်
သားသမီး
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၃င်္ဂါ ရပ်သော်
ရန်သူ
တန့်ဘာဝတွင်
ကာရကဂြိုဟ်
စနေ ရပ်သော်
ခိုးသူ
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၆ကြာ ရပ်သော်
ဇနီးခင်ပွန်း
တန့်ဘာဝတွင်
ကာရကဂြိုဟ်
စနေ ရပ်သော်
ကျေးကျွန်
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၁နွေ ရပ်သော်
ဖခင်
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၅တေး ရပ်သော်
ဆရာ၊ အစ်ကိုကြီး
၁၀
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၁နွေ ရပ်သော်
လုပ်ငန်းဆိုင်ရာအကြီးအကဲ
၁၀
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၎ဟူး ရပ်သော်
ရပ်သော် လုပ်ငန်းဆိုင်ရာမိတ်ဆွေ
၁၀
တန့်ဘာဝတွင်
ကာရကဂြိုဟ်
စနေ ရပ်သော်
လုပ်ငန်းဆိုင်ရာတပည့်
၁၀
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၅တေး ရပ်သော်
လုပ်ငန်းဆိုင်ရာဆရာ
၁၁
တန့်ဘာဝတွင်
ကာရကဂြိုဟ်
၅ တေး
အစ်ကိုကြီး သူငယ်ချင်း
၁၂
တန့်ဘာဝတွင်
ကာရကဂြိုဟ်
စနေ
သူလျှိုစသည် ပျက်စီး၏




အကျိုးမခံစားရပါ။

ဥပဒေသ (၃)
          ကြာသပတေး -၂တန့်ရပ်သော် ၂ တန့်မပျက်ပါ။ ဥစ္စာဓနပြည့်ဝသော  ''ဓနယုဂ်'' ရသည်။
          ထို့ကြောင့် ''၂တန့် ကြာသပတေး၊ ဓနပေး''၏ ဟုဆိုကြသည်။
          စနေဂြိုဟ် ၈ တန့်ရပ်သော် ၈ တန့်မပျက်ပါ အသက်ရှည်သော ယုဂ် ''ဒီဃာယုယုဂ်'' ရသည်။
          ထို့ကြောင့် ''၈တန့် စနေ၊ အသက်ရှည်'' ဟုဆိုကြသည်။
ဆက်လက်ဖော်ပြပါမည်။
မှူးဝေဒ (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)


2 comments: