ဂြိုဟ်လေးတွေ ဘယ်လိုသွား

ဂြိုဟ်တွေ ဒီနေ့ဘယ်မှာနေ . .

Wednesday, July 11, 2012

တားရော့ပုံပြင်၏ ဂန္တ၀င် စီးချက်၊ ၀ါးချက် နှင့် လျှပ်တပြက်လည်ပြန် (အပိုင်း-၂)


၃။ တားရော့ကတ်ထုပ်
            ဘယ်နေရာမှာပဲဖြစ်ဖြစ် တုန့်ပြန်မှု ရှိပါတယ်။ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ မိမိက အလေးထား တန်ဖိုးထားမှ တစ်ဖက်ကလည်း မိမိကို ပြန်ပြီး တန်ဖိုးထား အလေးထားတတ်ပါတယ်။ တားရော့ကားချပ်တွေကို တန်ဖိုးထားပါ။ အလေးထားပါ။ အဖွင့်ဆောင်းပါးမှာ ပြောခဲ့သလို နို့စို့ကလေးငယ် ကလေးကို ပြုစု ယုယထိန်းသိမ်း စောင့်ရှောက်သလို အစစအရာရာ အလေးထားပါ။ မိမိကိုယ်တိုင်ကလည်း လက်မသန့်ရှင်းပဲ အမွှေးနံ့သာ အဆွတ်ပဲနဲ့ မကိုင်ပါနဲ့။ ဆရာအစဉ်အဆက်ကို မေတ္တာပို့ပါ။ ကျေးဇူးတရားကို အောက်မေ့ပါ။ အစောင့်အရှောက် ပုဂ္ဂိုလ်တွေကို မေတ္တာပို့ပါ။ ပိုးဖဲကတ္တီပါ အ၀တ်စ (သို့) အိတ်ကလေးနဲ့ သိမ်းဆည်းပါ။ မသန့်ရှင်းတဲ့ လက်တွေနဲ့ လုံးဝ အကိုင်မခံပါနဲ့။ အကြောင်းမရှိ၊ မိမိရဲ့ ခွင့်ပြုချက် မရပဲနဲ့ မကိုင်စေပါနဲ့။
            Origin ကားချပ်ထုပ် (ရှေးဟောင်းမူရင်း) ရုပ်ပုံတွေကို ရအောင်ရှာပါ။ နိုင်ငံခြားကလာတဲ့ အသစ်ကို Origin လို့ ပြောတာမဟုတ်ပါ။ ရှေးဟောင်းမူလ ရိုးရာမပျက် (ပြန်လည်ပြုပြင် ရေးဆွဲထားခြင်းမဟုတ်/ နောက်ပေါ်ပုံတွေ မဟုတ်) တဲ့ ရုပ်ပုံတွေပါတဲ့ ကားချပ်ကိုပြောတာပါ။ မြန်မာပြည်မှာတော့ ရှားပါလိမ့်မယ်။ ရှိတော့ရှိကြပါတယ်။ အဲဒီ ပုံတွေပါတဲ့ ကားချပ်ထုပ်ကို ခွင့်တောင်းပြီးတော့ ကော်ပီကူးပြီးတော့ လေ့လာအသုံးပြုပါ။ ကျွန်တော့်ဆီမှာ (၁၈)ရာစု လက်ရာ Swiss 1 JJ (၀မ်းဂျေဂျေ) ကားချပ်ထုပ်ရှိပါတယ်။ အဲဒါကို ၀ါသနာရှင်တွေ လေ့လာလိုသူတွေ အတွက် ကော်ပီဖြန့်ဝေဖို့ ဆန္ဒရှိပါတယ်။ ပုံနှိပ်ပြီး ပွားရင် ငွေကြေးကုန်ကျမှုတော့ များမယ်။ တစ်ထုတ်ချင်းပေါ်မှာတော့ ဈေးသက်သာနိုင်မယ်။ ကျွန်တော် ကြိုးစားနေပါတယ်။
            Origin ပတ်ထုပ်မရသေးခင်တော့ ရနိုင်တဲ့ အထဲက ရုပ်ပုံတွေ ပီပီပြင်ပြင်ရေးဆွဲထားတဲ့ ကားချပ်မျိုးကိုပဲ သုံးပါ။ ဘာပုံတွေမှန်း မသိလောက်အောင် စိတ္တဇပန်းချီပုံတွေ မသုံးပါနဲ့။ ကားချပ်မှာ ပါဝင်တဲ့ အရောင်၊ ရုပ်ပုံ၊ ဟန်ပန်တွေကို လေ့လာ ပုံဖော် အသုံးပြုရမှာမို့ တားရော့ပညာစစ်ကို အသုံးပြုလို့ မရတော့ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ပုံတွေကို သုံးခဲ့ရင် ကြက်တူရွေး စာကျက်၊ စာကလေး ဗေဒင်ဟောသလို နံပါတ်(၁) ကတ်ပေါ်လာရင် အဓိပ္ပာယ်က ဘာ၊ နံပါတ် (၂)ကတ်မြင်ရင် ဒီအတိုင်းဟော အစရှိတဲ့ “ပညာ” မပါတဲ့ ပုံသေကျက်ပြီး ပြောတာမျိုးကိုပဲ သုံးနိုင်ပါလိမ့်မယ်။
            မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့က ဆရာတွေက မကြာခဏ ဆုံးမပါတယ်။ စနစ်တကျတွက်တတ်အောင် သင်ယူပါ။ ပြီးမှ အခြေခံ အဟောဥပဒေသတွေကို လေ့လာပါ။ တစ်ဆင့်ချင်း ကျေညက်အောင် လေ့လာ လေ့ကျင့် ပြီးတော့မှ အဆင့်မြင့် ပြည့်စုံတဲ့ အဟောတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ဟောနိုင်မှာ ဖြစ်ပါတယ်တဲ့ . . ဘယ်ပညာမဆို သူ့နည်းစနစ်နဲ့သူ အဆင့်ဆင့် စနစ်တကျရှိတယ်။ အဲဒီလောက်မှ မတွက်ချင်၊ မမှတ်ချင်၊ မလေ့ကျင်ချင်ဘူး၊ အပင်ပန်းမခံချင်ပဲနဲ့ ဟောတတ်ချင်တယ် ဆိုရင်တော့ ဘာပညာမှ သင်မနေနဲ့တော့။ ပုတီးစိပ် သမထအားထုတ်ပြီး အကြားအမြင်နဲ့သာ ဟောစားဖို့ ကြိုးစားကြပါတော့တဲ့ . .။ ဆရာတွေ ဆုံးမတဲ့ စကား . .။
            “ပညာ” ဆိုတဲ့ ဝေါဟာရမှာ အကြောင်နဲ့အကျိုး၊ အကြောင်းနဲ့ အကျိုးဆက်စပ်မှု၊ အဲဒီဆက်စပ်မှုကို မြင်အောင် ရှာဖွေလေ့လာ ဆင်ခြင်တွေးခေါ် ဖော်ထုတ်ခြင်းဆိုတဲ့ သဘောထား သဘာဝတရားတွေ ပါဝင်ပါတယ်။
            ကျွန်တော် စိတ်ဝင်စားတာက တားရော့ပညာ ဖြစ်ပါတယ်။ တားရော့ပညာဟာ
၁။ ဘယ်ခေတ်က စတင်ပေါ်ပေါက်ခဲ့သလဲ။
၂။ ဘယ်လို ပုဂ္ဂိုလ်တွေ တီထွင်ခဲ့တာလဲ။
၃။ တားရော့ပညာရဲ့ ရည်ရွယ်ချက် အနှစ်သာရက ဘာလဲ။
၎။ ဘာတွေက စပြီး လေ့လာရမလဲ။
၅။ ဘယ်လို ဘယ်ပုံ လေ့လာရမလဲ။
၆။ ဘယ်လို လေ့ကျင့်ရမလဲ။
၇။ ဘယ်လိုဆရာတွေ၊ ဘယ်ဆရာတွေဆီမှာ တပည့်ခံရမလဲ။ သင်ယူရမလဲ။
၈။ ဘယ်လိုအသုံးပြုရမလဲ။
၉။ ဘာစည်းကမ်း ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့ လိုအပ်သလဲ။
            အဲဒီလို “ဘ” (၉)လုံးနဲ့ လေ့လာပါတယ်။ ရှာဖွေတယ်။ လေ့လာတယ်။ စူးစမ်းတယ်။ စုဆောင်းတယ်။ မှတ်သားတယ်။ ဆရာရှာတယ်။ တပည့်ခံတယ်။ လေ့ကျင့်တယ်။။ “တားရော့” ဆိုတဲ့ ကားချပ်ကလေးတွေ စမြင်တွေ့ ကတည်းက စွဲလန်းခဲ့ သိချင်နေခဲ့တာ အနှစ် (၄၀)ကျော်ပြီ။ မဂ္ဂဇင်းတွေထဲမှာပါတဲ့ တားရော့ ဆောင်းပါး မှန်သမျှ ဖတ်တယ်။ (နားမလည်ဘူး၊ သဘောမပေါက်ဘူး) ဒါပေမယ့် ဖတ်တယ်။ တွေ့သမျှ အကုန်ဖတ်၊ အကုန်ဝယ်၊ အကုန်စု။ နိုင်ငံခြား/ ဗမာ ဗီဒီယိုကား တားရော့ပါတယ်လို့ ကြားတာနဲ့ ကြည့်ဖြစ်အောင်ကြည့်တယ်။ တစ်ကွက်ကလေးပဲ မြင်လိုက်ရ မြင်လိုက်ရ။ အဲဒီလိုနဲ့ စိတ်တိုင်းမကျ အားမရတော့မှ လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်တွေကို တစ်အုပ်ချင်း စေ့စေ့စပ်စပ် ဘာသာပြန် လေ့လာခဲ့တာ လေ့ကျင့်ခဲ့တာ (၆)နှစ်ကျော်ပြီ။ မပြည့်စုံသေးဘူး။ “ဘ” တစ်လုံးကို ကျွန်တော်ဖြုတ်ထားပါတယ်။ ဘာကြောင့် တားရော့မှန်ရတာလဲ . . အဖြေရှာမရလို့ . . .

၎။ တားရော့ အစောင့်အရှောက်ပုဂ္ဂိုလ် (Cosmic Power / Universal Truth)
            အစောပိုင်းမှာ ကျွန်တော်တင်ပြခဲ့သလို အစောင့်အရှောက်ပုဂ္ဂိုလ်တွေ ရှိတယ်/ မရှိဘူးဆိုတာ လက်တွေ့ သက်သေ မပြနိုင်ပါဘူး။ ယုံကြည် အားကိုးမှုတော့ ရှိဖို့ လိုပါတယ်။ “လောကကြီးရဲ့ သဘာဝ စွမ်းအားစုကြီး” ကို စူးစိုက် အာရုံပြုလိုက်ရင်လည်း ဖြစ်ပါတယ်။ သင့်အတွက်ကတော့ နှစ်သက်သလို အသုံးပြုပါ။
            ကျွန်တော့် ယုံကြည်ချက်ကို ပြောရရင် ခေါင်းစဉ်ပါ နှစ်မျိုးစလုံးကို ယုံပါတယ်။ အစောင့်အရှောက် ပုဂ္ဂိုလ်တွေ ရှိတယ်လို့လည်း ယုံပါတယ်။ သဘာဝရဲ့ စွမ်းအားထုကြီး ကိုလည်း ယုံတယ်။ စကြာဝဠာကြီးထဲမှာ ရှိတဲ့ အမွန်တရားဆိုတာကိုလည်း ယုံတယ်။
            ရှင်းပါမယ်။ ဘာကြောင့် ယုံတယ်ဆိုတာ။ ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းက လက်ခံ အသုံးပြုနေကြတဲ့ ရှေးဟောင်း ပညာရပ်တွေဖြစ်တဲ့ နက္ခတ္တပညာ၊ တားရော့ပညာ တွေကို မူလတီထွင်ခဲ့သူတွေဟာ ကောင်းကင်မှာ ဈာန်ပျံနိုင်တဲ့ ရသေ့သူတော်စင်တွေပဲ ဖြစ်ပါတယ်။ လူသားတွေနဲ့ တစ်ကွ လောကကြီးကို ကောင်းကျိုးပြုဖို့ မကောင်းကျိုးတွေ ရှောင်ကြဉ်နိုင်ကြဖို့ သူတို့ရဲ့ ဂမ္ဘီရပညာတွေနဲ့ စတင်ဖန်တီး ပြုစုပေးထားခဲ့ကြတာပါ။ ဒါကြောင့် ဒီပညာရပ်တွေကို စောင့်ရှောက်နေကြတဲ့ သူတော်စင်တွေ ရှိနေတယ်လို့ ယုံကြည်တယ်။ ဆရာအစဉ်အဆက်ကို လေးစားကြည်ညိုဖို့နဲ့ သစ္စာတရားရှိဖို့ လိုတယ်လို့ ကျွန်တော်ထင်တယ်။
            နောက် Cosmic Power / Universal Truth . .။ စကြာဝဠာကြီးလို့ပဲ ခေါ်ခေါ်။ လောကကြီးလို့ပဲ ပြောပြော။ သဘာဝတရားကြီးပဲလို့ မှတ်မှတ် အတူတူပါပဲ။ အဲဒီ လောကကြီးက မမှန်ကန်မှု၊ တစ်ဖက်စောင်းနင်းနိုင်မှုတွေကို လုံးဝလက်မခံပါဘူး။ သူ့နည်းသူ့ဟန်နဲ့ အင်အား ညှိပေးတယ်။ ပိုနေတာတွေ၊ များနေတာတွေ၊ လွန်နေတာတွေကို တနည်းနည်းနဲ့ ပျက်စီးစေတယ်။ (တစ်ခုတော့ ရှိတယ်။ စကြာဝဠာကြီး၊ လောကကြီး၊ သဘာဝတရားကြီးကို မဖျက်စီးပါနဲ့) အားလုံးကို လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ပေးတယ်။ အချိန်တစ်ခု၊ အတိုင်းအတာ တစ်ခု လောက်တော့ ကြာကောင်းကြာမယ်။ အမှန်တရားကို ဖော်ထုတ်ပေးတယ်။ လူသားတွေ လိုက်မမှီနိုင်အောင် လျှို့ဝှက်သိမ်မွေ့ နက်ရှိုင်းလှတယ်။ ယနေ့ လူသားတွေ သိပ္ပံပညာရှင်တွေ အသစ်တီထွင်နေကြတာကို Research လို့ပဲသုံးတယ်။ Search က ရှာဖွေတာ။ Re က ပြန်လည်၍ နောက်သို့။ ဒီနှစ်ခုပေါင်းလိုက်တော့ Research = ရှိပြီးသားတွေ၊ ကျောက်သွားခဲ့တာတွေ (သဘာဝတရားကြီးမှာ ရှိနေပြီးသား အကြောင်းအရာ စွမ်းအင်တွေ) ကို ပြန်လည်ရှာဖွေခြင်း မဟုတ်ပါလား . . ။ လောကီလူသားမှန်သမျှ လောကကြီးရဲ့ စွမ်းအင် သဘာဝတရားထဲက မလွတ်မြောက်နိုင်ပါဘူး . . .။
            “အစောင့်အရှောက်ပုဂ္ဂိုလ်/သဘာဝစွမ်းအင်” ဆိုတဲ့ စကားလုံးတွေအကြောင်းပြောရင်းနဲ့ ဆက်စပ်မှု ရှိတာလေးတစ်ခု ပြောဖို့ သတိရတယ်။ ကျွန်တော်တို့ တားရော့ဟောဖို့ ကားချပ်တွေ မွှေနှောက်ကြတဲ့အခါ တစ်ခါတစ်ရံ သေသေချာချာ ကိုင်တွယ်နေတဲ့ အထဲက ကားချပ်တစ်ခု တစ်လေဟာ ဘေးကို လွင့်ကျ/လျှောကျ သွားတယ်။ အဲဒီကားချပ်က လာမေးသူ သိချင်တဲ့ အဓိက အကြောင်းအရာ အဖြေဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံ (၇)ချပ်/ (၁၀)ချပ် ကားချပ်များများနဲ့ ဖြန့်ခင်းပြီး ဟောဖို့ အဓိပ္ပာယ်ဖော်ဖို့ ကြိုးစားနေစဉ်မှာ ကားချပ်တွေကို တစ်ချပ်ချင်းကြည့် ပေါင်းစပ်ပြီး ခြုံငုံသုံးသပ်ဖို့ ကြည့်တဲ့အခါ တစ်ခုသော ကားချပ်စီကို အကြည့်က ခဏခဏ ရောက်သွားတယ်။ ဆွဲဆောင်နေတယ်။ ဒါဆိုရင် သေချာပြီ။ အဲဒီကားချပ်က လာမေးသူရဲ့ ထူးခြားချက်ကို ပြောပြနေတာပဲဆိုတာ . . ။ ကျွန်တော့် အတွေ့အကြုံအရတော့ အဲဒီလိုတွေ သတိထားမိတဲ့နောက်ပိုင်းမှာ အဲဒီကတ်တွေက ထူးခြားမှန်ကန်တဲ့ ဟောချက်တွေကို ထုတ်ပေးခဲ့တာချည်းပါပဲ။ ဒါပေမယ့် အမြဲတမ်းတော့ ဖြစ်နေတာ မဟုတ်ဘူးနော် . . ရံဖန်ရံခါမှ ဖြစ်တာ။
            အဲဒါတွေက အဖြေရှာလို့မရတဲ့ ထူးဆန်းတဲ့ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေ ဖြစ်မနေပါလား။ အဲဒါတွေကြောင့် ကျွန်တော့်အနေနဲ့ တားရော့အစောင့်အရှောက် ပုဂ္ဂိုလ်တွေ၊ ဆရာအစဉ်အဆက်တွေကို ယုံကြည်တယ်။ လေးစားတယ်။ သဘာဝရဲ့ စွမ်းအားစုကိုလည်း ယုံကြည်ပါတယ်။ ဒါကြောင့် ဆရာအစဉ်အဆက်ကို နေ့စဉ် ရှိခိုးတယ်။ မေတ္တာပို့တယ်။ အမျှဝေတယ်။ မှားတာရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ တားရော့ပညာကို ပိုမို ရှင်းလင်းလွယ်ကူစွာ သဘောပေါက်နားလည်နိုင်ဖို့ သင်ကြားပေးပါ။ လမ်းညွှန်ပေးပါလို့ တောင်းပန်တယ်။ တားရော့ပညာနဲ့ (၇)ရက်သားသမီးကို အကျိုးပြုနိုင် ရပါလို၏ လို့ ဆုတောင်းတယ်။
            သင့်အတွက်ကတော့ As you Like ပါပဲ . . . . ။

တားရော့ကားချပ်တွေနဲ့ ဂမ္ဘီရစွမ်းအင်
            ဘုရားစောင်းတန်းက ပန်းပုဆိုင်တွေမှာ ဘုရားပုံတော်တွေ အမျိုးမျိုး လာအပ်ကြတယ်။ ဒက္ခိဏသာခါ၊ ညောင်ပင်ရဲ့ တောင်ဘက်အကိုင်း၊ သစ်ကနက်၊ ယမနေ၊ ကန့်ကော်၊ ခရေ၊ ပိတောက်၊ ဇီး၊ ထိန် စသည်ဖြင့် အသားအမျိုးမျိုး။ ပုံတော်တွေကျပြန်တော့လည်း ဒက္ခိဏသာခါ၊ ဆင်ခံ၊ မြင်းရံ၊ ဆင်ခံ လာဘမုနိ၊ မဟာမြတ်မုနိ၊ ဘေးကင်းလာဘ်ရွှင်၊ ဓမ္မစကြာ မုဒ္ဒြာ စသည်ဖြင့် ကာယကံရှင်တို့ စိတ်တိုင်းကျ ပုံတော်တွေ။ ဆရာတော်က ကိုးကွယ်ခိုင်းလို့။ ဗေဒင်ဆရာက ခိုင်းလို့၊ ဘိုးတော်က လမ်းညွှန်လို့ . . ။ အကြောင်းပေါင်းများစွာ . . . ။
            လာချင်တဲ့ သစ်သားနဲ့ လာချင်တဲ့ ပုံတော်တွေ လာချင်ရာလာခဲ့။ အဲဒီသစ်သားတုံးက ပန်ပုဆရာရဲ့ ခြေနှစ်ဘက်အောက် ရောက်သွားတာချည်းပဲ။ ခြေနှစ်ဘက်ကြားမှာ ဖိရင်း ညှပ်ရင်းနဲ့ တဖြည်းဖြည်း ထွင်းထုလာလိုက်တာ ပုံတော်ပေါ်လာပြီ။ ဒါပေမယ့် သင်္ကန်းရဲ့ အနားနှုတ်ခမ်းတွေ၊ မျက်စေ့တွေ၊ နားတွေကို ကြည်ညိုဖွယ်ရာဖြစ်အောင် ဖန်တီးရသေးတယ်။ ပန်းပုဆရာရဲ့ ခြေထောက်အောက်မှာပါပဲ။ ခေါင်းတော်ပေါ်က ဆံခွေလေးတွေကို လက်ယာရစ် အခွေကလေးတွေဖြစ်အောင် တစ်ခုချင်းလှီးဖြတ်၊ ခြေထောက်တွေ အောက်မှာပါပဲ။ မဟာမြတ်မုနိပုံတော်ဆိုရင် မကိုဋ်တွေ နားကင်းတွေ ထွင်းထုရသေးတယ်။ ခြေထောက်အောက်မှာပဲ ရှိသေးတယ်။ ပြီးသွားပြီ . .။ အချောကိုင် ကော်ပတ်စား ရသေးတယ်။ ခြေထောက်နဲ့ ဖိတန်ဖိ၊ ဒူးနှစ်လုံးကြား ညှပ်တန်ညှပ်နဲ့ ကော်ပတ်စားချောရတယ်။
            ဒီလိုနဲ့ ဆေးသုတ် ရွှေချပြီး လာအပ်တဲ့သူလက် ရောက်သွားတယ်။ လာရွေးယူတဲ့ အချိန်ကစပြီး ရိုရိုသေသေ လက်နှစ်ဖက်နဲ့ ပင့်မချီသွား။ အိမ်ရောက်တော့ အိမ်ဦးခန်းပေါ်မှာထား။ အနေကဇာတင်။ ပန်းရေချမ်း ကပ်လှူ။ နေ့စဉ် စားဦးစားဖျား ကပ်လှူ၊ ဘုရားဆင်းတုတော်ရှေ့မှာ နေ့တိုင်း ရိုရိုသေသေ ထိုင်ရှိခိုး။ သီလယူ။ တရားဘာဝနာ ရွတ်ဆို ပွားများ။ မေတ္တာပို့ အမျှဝေ ဆုတောင်း . . . ။
            ဘယ်အချိန်မှာ ဒီဆင်တုတော်ဟာ ကိုးကွယ်ရာထိုက်သွားတာလဲ။ ပန်းပုဆရာရဲ့ ခြေနှစ်ဖက်ကြားက ထွက်လာတဲ့ ဆင်းတုတော်ကို အထွတ်အမြတ်ထားပြီး ကိုးကွယ်သင့်ရဲ့လား . . . ။ ကုသိုလ်ရော ရပါ့မလား . . ။
. . . . . . . . . . . . . . . . . . . . . . . . . . . . !
. . . . . . . . . . . . . . . . . . . . . . . . . . . . !
. . . . . . . . . . . . . . . . . . . . . . . . . . . . !
            တားရော့ကားချပ်တွေကိုလည်း နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးက ပုံနှိပ်စက် အသီးသီးမှာ ပုံနှိပ်ကြတယ်။ ပန်းချီဆရာ အသီးသီးကလည်း သူတို့ ဆန္ဒရှိသလို ပြင်ဆင်ရေးဆွဲကြတယ်။ ပြီးတော့ စာအုပ်ဆိုင်ပေါ်တင်ရောင်းတယ်။ နိုင်ငံခြားဖြစ် မ၀ယ်နိုင်သူတွေက ကော်ပီပွားပြီး သုံးကြရတယ်။ အဲဒီကားချပ်တွေမှာ ဂမ္ဘီရစွမ်းအင်ရှိရဲ့လား။ ဘယ်လို ဘယ်ပုံနဲ့ စွမ်းအင်တွေ ရောက်လာမှာလည်း . . . ။
. . . . . . . . . . . . . . . . . . . . . . . . . . . . !
. . . . . . . . . . . . . . . . . . . . . . . . . . . . !
. . . . . . . . . . . . . . . . . . . . . . . . . . . . !
            ဘုရားပုံတော် ဆင်တုတော်တွေဟာ ကိုကွယ်သူရဲ့ လက်ထဲရောက်ပြီး ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ကိုယ်ပွား ကိုယ်စား ရုပ်ပွားတော်ပါလားလို့ ယုံကြည်သဒ္ဓါပွားလိုက်တဲ့ အချိန်ကစပြီး ကိုးကွယ် ထိုက်သွားပါပြီ။ အနေကဇာတိသံသာရံ ဆိုတဲ့ ဂါထာတော်နဲ့ ဥဒါန်းကျူးရင့်ပြီး အနေကဇာတင်လိုက်ရင် ပိုပြည့်စုံပါတယ်။ ဒီထက်ပိုပြီး ကောင်းတာကတော့ ဆင်တုတော်ကို နံ့သာရေနဲ့ သပ္ပါယ်ဆွတ်ဖျန်း အလှူဒါနလုပ် အကျင့်သီလလည်း ပြည့်စုံတဲ့ သံဃာတော်တွေကို ပင့်ဖိတ်၊ အနေကဇာတင်လိုက်တဲ့အခါ ပိုပြီး မွန်မြတ်ပြည့်စုံသွားတာပေါ့။ အဲဒီနောက် သက်ရှိထင်ရှား မြတ်စွာဘုရားအမှတ်နဲ့ အလုပ်အကျွေးပြု ကိုးကွယ်တဲ့အခါ ကုသိုလ်တော် အနန္တ ရတော့တာပေါ့။
            တားရော့ ၀ါသနာရှင်တစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ တားရော့ကားချပ်ထုပ်ရအောင် ရှာဖွေ ကြိုးစားရတာပါ့။ တစ်နေ့နေ့မှာ တစ်နည်းနည်းနဲ့ ကားချပ်ထုပ် တစ်မျိုးမျိုးတော့ လက်ထဲရောက်လာမှာပေါ့။ ပေးလို့ပဲ ရရ။ တောင်းလို့ပဲ ရရ။ ၀ယ်လို့ပဲ ရရ။ လက်ထဲရောက်တဲ့ အချိန်ကစပြီး ၀မ်းပမ်းတသာ နှစ်ထောင်းအားရ တန်ဖိုးထား အလေးအနက်ထားမိပြီးတဲ့ အချိန်ကစပြီး အဲဒီကားချပ်ထုပ်ဟာ အသက်ဝင်သွားပါပြီ။ ပတ်ထုပ်ပိုင်ရှင်မှာ ဂမ္ဘီရ တားရော့ပညာတွေ ပြည့်စုံသထက် ပြည့်စုံလာလေလေ ကျားချပ်တွေက အစွမ်းသတ္တိ ရှိလာလေလေ . . ။ ပိုင်ရှင်က ယုံကြည်ရင် ယုံကြည်သလောက်၊ အလေးထားရင် အလေးထားသလောက် ကားချပ်တွေကလည်း နိုးကြားလာပါတယ်။ တားရော့ကတ်ထုပ် ပိုင်ရှင်ရယ်၊ တားရော့ကတ်ထုပ်ရယ်၊ တားရော့အပေါ် ယုံကြည်မှု၊ တားရော့ပညာကို နက်ရှိုင်းစွာ နားလည်မှု (အစောင့်အရှောက်ပုဂ္ဂိုလ်/သဘာဝစွမ်းအင်) ဆိုတဲ့ အကြောင်းတရား (၃)ခုဟာ တြိဂံအသွင် ပြန်အလှန် စွမ်းအားညီညွတ်စွာ ပေါင်းစပ် ဆက်နွယ် စီးဆင်းမှုတွေ ဖြစ်ပေါ်လာပြီဆိုတာနဲ့ အဲဒီ ကားချပ်ထုပ်ဟာ သင့်အတွက် ဂမ္ဘီရပစ္စည်း/ သိဒ္ဓိ၀င်ပစ္စည်း (မေးသမျှ ဖြေနိုင်မယ့်) ဖြစ်သွားပါ လိမ့်မယ်။
            သာမန် စကားလေးတစ်ခွန်းကိုတောင် စီး-၀ါး ဘောင်ထဲဝင်အောင် သံစဉ် အနိမ့်အမြင့်ကလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဂန္တ၀င် တေးဂီတ တစ်ပုဒ် ဖြစ်သွားရသေးတာပဲ . . ။
            ယခင်ရေးသားဖော်ပြပြီးသားတွေကို ဖတ်ပြီးသူတွေလည်း ထပ်မှတ်မိအောင်၊ မဖတ်ရသေးသူတွေလည်း ဖတ်ရအောင် ပြန်ရေးပေးပါဆိုလို့ သိစေချင်တာတွေ ရေးလိုက်တာ မရေးဖြစ်သေးတဲ့ အကြောင်းတွေ တော်တော်များများ ပါသွားတယ်။ အခြေခံ အထွေထွေ သဘောတရားတွေ ခေတ္တရပ်ပြီး ကားချပ်တွေအကြောင်း ပြန်ဆက်ရအောင်။ နောက် အခွင့်သင့်တဲ့အခါ သတိရတာလေးတွေ ပြောကြတာပေါ့ . . ။

ဆရာစိုး (ရွှေအရုဏ်ဦး)
မိုးကောင်း


 
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>

Monday, July 9, 2012

ဆရာမင်းကျော်ဇော်၏ သစ္စာခံ ဆန်းကျမ်း ဗေဒင်ပညာ (အပိုင်း-3)


ဆန်းဗေဒင် ကိန်းခန်းတွက်ပုံ


































ဝဲယာတိုင်















မူလတိုင်
ကောဇာတိုင်

ဂြိုဟ်စားတိုင်

သက်ရောက်တိုင်

ဒသာတိုင်

မူလတိုင်နှင့်ညှိ
            ဂြိုဟ်စားတိုင်ထူထားသော ဌာနနှင့် ဂြိုဟ်များကို အဆုံးအဖြတ်ပြုရန်မှာ မူလတိုင်နှင့် ညှိရလေသည်။
            မည်သည့် ဌာနရှိ ဂြိုဟ်စားသနည်း။ ကောင်းသောဌာနရှိ ဂြိုဟ်စားလျှင် ဂြိုဟ်စားတိုင်တွင် ကောင်းသောဌာနရှိ ဂြိုဟ်များမှ အကျိုးပြုတတ်ခြင်း။ ဆိုးသောဌာနရှိဂြိုဟ်စားလျှင် ဂြိုဟ်စားတိုင်တွင် ဆိုးသောဌာနရှိ ဂြိုဟ်များကို အထူး သတိပြုရလေသည်။







မူလတိုင်

ဂြိုဟ်စားတိုင်
ပုံစံအားဖြင့်-
တနင်္ဂနွေသားတစ်ယောက်သည် သူ၏မူလတိုင်တွင် အောက်ဆုံးရှိ ဆိုးသောဌာနဂြိုဟ်ဖြစ်သော အင်္ဂါဂြိုဟ်သို့ ဂြိုဟ်စားသဖြင့် ဂြိုဟ်စားတိုင် ထူသောအခါ အဆိုး အင်္ဂါဂြိုဟ်မှလာသော တိုင်ဖြစ်သောကြောင့် အဆိုးဌာနများကိုသာ အထူးသတိပြု ဆင်ခြင်ရမည်။
သက်ရောက်ဒသာတိုင်များ
          ဆန်းဗေဒင်ပညာ၏ အရေးကြီးဆုံးနှင့် အလွန်လျှို့ဝှက်သော သက်ရောက်ဒသာကာလ အနုစိတ်တွက်ချက် တိုင်ထူနည်းသည် ရှေးအစဉ်အလာ ဆန်းဗေဒင် ဆရာကြီးများ ဆရာစားထားကြသည့် ပညာပင် ဖြစ်လေသည်။
            ဆန်းဒသာတိုင်များကိုမှ မတတ်လျှင် ကိန်းခန်း အစစ်အမှန်ကို မသိသေးသဖြင့် ဗေဒင်ဟောခြင်း၊ ယတြာပေးခြင်းများကို လုံးဝပြု၍ မရပါ။ စိတ်ကူးယဉ် ယတြာ စိတ်ကူးယဉ် ကိန်းများသာ ဖြစ်ပါလိမ့်မည်။
တစ်နှစ်လျှင် လေးလ ဒသာ (၃) မျိုး
            သက်ရောက်ဂြိုဟ်ပိုင်သော ကာလ တစ်နှစ်တာအတွင်း သုံးပိုင်းပိုင်း၍ တစ်ပိုင်းလျှင် လေးလစီ ဒသာတိုင် ပြောင်းလေ့ရှိသည်။
Ø  ပထမ လေးလသည် သက်ရောက်ဂြိုဟ်ပိုင် ဒသာကာလ ဖြစ်သည်။
Ø  ဒုတိယ လေးလသည် သက်ရောက်ဂြိုဟ်မှ ကူးပြောင်းလာသော ဓါတ်ဖက် ဒသာကာလ ဖြစ်သည်။
Ø  တတိယ လေးလသည် ဒုတိယ ဓါတ်ဖက်မှ ကူးပြောင်းလာသော မိတ်ဂြိုဟ်၏ ဒသာကာလဖြစ်သည်။
ဥပမာ . . .
ပထမလေးလသည် ကြာသပတေးဂြိုဟ်တွင် သက်ရောက်လျက်ရှိ၍ ကြာသပတေးဂြိုဟ် သက်ရောက်တိုင်ကို ထူပါ။ မူလ ကြာသပတေးဂြိုဟ်၊ ကောဇာ ကြာသပတေးဂြိုဟ်တို့၏ အနေအထားဌာနကို ကြည့်၍ ဆုံးဖြတ်ရမည်။
ဒုတိယလေးလသည် ကြာသပတေးဂြိုဟ်၏ ဓါတ်ဖက်မိတ်ဖြစ်သော (ဂဗ္ဘေ) တနင်္လာဂြိုဟ်ဖြစ်ရာ တနင်္လာဂြိုဟ်မှ ကောက်ယူ၍ သမသတ်ရှု၊ တခွင်ဆုတ်၍ ထူနေကျအတိုင်း ထူရပါမည်။ တနင်္လာဂြိုဟ်၏ မူလနှင့် ကောဇာတိုင်တို့တွင် ရပ်တည်မှု၊ ဌာနဆိုးကောင်း ပရိယာယ်ဖြင့် ဆုံးဖြတ်ရပါမည်။
တတိယလေးလသည် တနင်္လာဂြိုဟ်၏ မိတ်ဖြစ်သော ဗုဒ္ဓဟူးဂြိုဟ်မှ သမသတ်ကိုကြည့်၍ တစ်ခွင်ဆုတ် ထုံးစံအတိုင်း ထူရပါမည်။ မူလနှင့် ကောဇာတိုင်တို့တွင် ဗုဒ္ဓဟူးဂြိုဟ်၏ အနိမ့်အမြင့် ဌာနပရိယာယ် အတိုင်း ဆုံးဖြတ်ရမည်။
သက်ရောက်ဂြိုဟ်

ဓာတ်မိတ်

အပြင်မိတ်

(အန္တော)

(အောင်ပ)

ပထမလေးလ

ဒုတိယလေးလ

တတိယလေးလ
သက်ရောက်ဂြိုဟ်

ဓါတ်မိတ်ဂြိုဟ်

မိတ်ဖက်ဂြိုဟ်



















ကြာသပတေးမှ ထူသော
အဓိကဂြိုဟ်တိုင်

ဓါတ်တနင်္လာမှ ထူသော
အဓိကဂြိုဟ်တိုင်

အပြင်မိတ် ဗုဒ္ဓဟူး ထူသော
အဓိကဂြိုဟ်တိုင်


ဒသာခွင်လွှဲမှတ်ချက်
၁။ သက်ရောက်ဂြိုဟ်၏ ပထမလေးလတွင် ဇာတာရှင်၏ မွေးနံ ရိုးရိုးကို ကြည့်၍ ခွင်လွှဲထူရပါမည်။
၂။ ဒုတိယ လေးလတွင် ဓါတ်ဖက်၏ ဂြိုဟ်ဖြစ်၍ မွေးနံမှ ကြည့်၍ ခွင်လွှဲမထူဘဲ တနင်္ဂနွေဂြိုဟ် ဖြစ်လျှင် တနင်္ဂနွေဂြိုဟ်၏ ဓါတ်ဘက်ဖြစ်သော စနေဂြိုဟ်ကို ကြည့်၍သာ ခွင်လွှဲထူရသည်။ (အန္တော)
၃။ တတိယ လေးလတွင် မိတ်ဖက်မှ ဒသာတိုင် ဖြစ်သောကြောင့် ဇာတာရှင်၏ မွေးနံဂြိုဟ်နှင့်ကြည့်၍ ခွင်လွှဲမထူဘဲ မွေးနံဂြိုဟ်၏ မိတ်ဖက်ဖြစ်သော ဂြိုဟ်ကိုကြည့်၍ ခွင်လွှဲထူရမည်။ မွေးနံဂြိုဟ် တနင်္ဂနွေဂြိုဟ်ဖြစ်လျှင် တနင်္ဂနွေဂြိုဟ်၏ မိတ်ဖက်ဖြစ်သော ကြာသပတေးဂြိုဟ်ကို ကြည့်၍သာ ခွင်လွှဲထူရမည်။ (အောင်ပ)















            အဓိက ဂြိုဟ်တိုင် (၀ဲဘက်ရှိတိုင်)သည် ဆန်းဝင်/ဆန်းကျင် ဟောပြောရာ၌ လည်းကောင်း၊ ဓါတ်ယတြာ ပေးရာ၌ လည်းကောင်း အရေးကြီးသော တိုင်များ ဖြစ်သည်။ ပထမ လေးလတွင် ကောင်းသောဌာနတွင် နေသော ဂြိုဟ်များမှာ ပြောင်းလဲသွားသော ဒသာတိုင်များ၌ ဆိုးသောဌာနသို့ ရောက်ချင် ရောက်နေမည်။ ဤဒသာတိုင်များနှင့် ခွင်လွှဲအမျိုးမျိုးကို ထူတတ်ပြီဆိုလျှင် ဟောပြောခြင်း ဓါတ်ယတြာ ပြုပြင်ခြင်းများတွင် အမှားမရှိနိုင်တော့ချေ။
ဝဲယာတိုင် ရှင်းလင်းချက်
၁။ ဇာတာရှင် မှည့်ခေါ်ထားသော နာမည်အက္ခရာဂြိုဟ်များသည် တိုင်စဉ် ထက်အောက် အမှားအမှန်ကို သိနိုင်ခြင်း။
၂။ လက်ဝဲဘက်တွင် ရှိသောဂြိုဟ်များသည် လက်ဝဲဘွားဖြစ်ပြီး လက်ျာဘက်တွင် ရှိသောဂြိုဟ်များသည် လက်ျာဘွား ဖြစ်၏။
            လက်ဝဲဘွားဖြစ်၍ လက်ဝဲအက္ခရာဖြင့် မှည့်ခေါ်သူသည် မိန်းမဆန်သဖြင့် ပျော့၍ ယောက်ျားဖြစ်လျှင် မကောင်း။ ယောက်ျားသည် လက်ျာဘွားဖြစ်၍ လက်ျာအက္ခရာဖြင့် မှည့်ခေါ်သူသည် ထက်မြက်ပြတ်သားရမည်။ အားရှိရမည်။ ပျော့လျှင်မကောင်းဟု ယူဆရပါမည်။ မပျော့သော အလုပ် သတ္တိရှိရသော အလုပ်မျိုးတွင် မဟုတ်ဘဲ ပျော့လျှင် အကျိုးမပေးပါ။ လက်ဝဲဘွားသည် မိန်းမဆန်၏။ မိန်းမဖြစ်လျှင် ဆန်းဝင်သည်။ ယောက်ျားဖြစ်လျှင် ဆန်းကျင်သည်။ အားနာတတ်ရမည်။ နူးညံ့ပျော့ပျောင်းသော စိတ်ရှိရမည်။ ဤသို့ မဟုတ်လျှင် ဆန်းကျင်သဖြင့် အန္တရာယ်များခြင်း၊ ရန်သူ ပေါ်ပေါက်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။
            လက်ဝဲသည် ပျော့ပျောင်းနူးညံ့သည့် သဘော၊ အားနည်းသည့် သဘောကို ဆောင်လျှင် ဆန်းဝင်သည်။ လက်ျာသည် အားကြီးသည့်သဘော၊ ထက်မြက်သည့်သဘော၊ စွန့်စားသည့် သဘောနှင့် ဆန်းဝင်သည်။ ပျော့လျှင် ဆန်းကျင်လေသည်။ ၀ဲသည် “မ” အတွက်ဆန်းဝင်၍ “ကျား” အတွက် ဆန်းကျင်သည်။ ယာသည် “ကျား”အတွက် ဆန်းဝင်၍ “မ” အတွက် ဆန်းကျင်လေသည်။
၃။ လက်ဝဲဘွားသည် လက်ျာဘက်မှ ဂြိုဟ်များတွင် ဂြိုဟ်စားစဉ် သက်ရောက်စဉ် အတိုက်အခံများခြင်း၊ ခက်ခဲပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ အတားအဆီး အပိတ်အပင်များခြင်း၊ ဆန်းကျင်သည့် သဘောကို ယူဆနိုင်လေသည်။ ထို့အတူ လက်ယာဘွားသည် လက်ဝဲဘက်မှ ဂြိုဟ်များတွင် ဂြိုဟ်စားစဉ် သက်ရောက်စဉ်တွင် ဆန်းဝင်သော အလုပ်မျိုး၊ အနေမျိုးကို လုပ်ကိုင်နေထိုင်ပါမှ ဆန်းဝင်၍ လွယ်ကူစွာ အောင်မြင်မည်။ အကျိုးဖြစ်ထွန်းမည်။
၎။ ၀ဲယာဘွား ကျားမအားလုံး တိုင်ထိပ်မှ ဂြိုဟ်၏ ဒသာ၊ ဂြိုဟ်စား၊ သက်ရောက်တို့တွင် ပက္ခလွတ်ပါက အလွန်အားကောင်း၍ ထက်မြက်သော ဣဋ္ဌဂြိုဟ်များကို လှုံ့ဆော် အကျိုးပေးစေ၏။ (ဂြိုဟ်စားတိုင် သက်ရောက်တိုင်တို့၏ ကောင်းသောဌာနရှိ ဂြိုဟ်များကို အားပေးထောက်ပံ့၏)
ဝဲယာတိုင်နှင့်နာမည်
            နာမည် ပညတ်တစ်ခုသည် တိုင်စဉ်မှန်နေရမည်။ ပညတ်က သုတိသာယာ မင်္ဂလာနှင့် ပြည့်စုံသော်လည်း မွေးဂြိုဟ်တို့နှင့် ဆန်းစစ်ရာတွင် တိုင်စဉ်မမှန်ခြင်းကို တွေ့ရှိရပါက ၎င်းနာမည်ရှင်သည် ဘေးဥပါဒ် မကင်းခြင်း၊ အခက်အခဲ အတားအဆီး အနှောင့်အယှက် ပေါများခြင်း၊ အထိအခိုက် အမှုအခင်း မကင်းစေသည့် အပြစ်များ ရှိလေသည်။
            တိုင်စဉ်မှန်လျှင် ဘေးဥပါဒ် အန္တရာယ် ကင်းပ၏။ လွယ်ကူချောမော၏။ ဂြိုဟ်တို့၏ ပင်ကိုယ်အားကို ကောင်းမွန်စေ၏။ တိုင်စဉ်မှားသူသည် အခြားသောဂြိုဟ်တို့၏ ဆိုးအားကို ဖြည့်တတ်၍ တိုင်စဉ်မှန်သူသည် အခြားသော ဂြိုဟ်တို့၏ ကောင်းအားကို ဖြည့်တတ်လေသည်။
မူလတိုင် ရှင်းလင်းချက်
            မူလမွေးသက္ကရာဇ်ကို တွက်ထူထားသော မူလတိုင်သည်
၁။ နာမည်တစ်ခု (ပက္ခ)ကြုံ၊ မကြုံ . .  ပက္ခကြုံလျှင် မတော်တဆနှင့် ဘေးအန္တရာယ်ကြီးတို့ မကင်း။ တိုင်စဉ်မှားပြီး ပက္ခမိပါလျှင် ခန္ဓာကိုယ်ကို ထိခိုက်ပျက်ပြားအောင် ဘေးတွေ့ရတတ်၏။ ကျိုးပဲ့ကန်း ဆွံ့အစေတတ်၏။ အထိအခိုက် ရန်သူရန်ဘက်များ၏။ တစ်ပါးသူတို့ တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ခြင်း၊ လုပ်ကြံခြင်းများကို ခံရတတ်၏။
၂။ ဇာတာရှင်သည် (ဇေယျ၊ ၀ရ၊ လာဘ စသည်) မည်သည့်ဌာနဘွား ဖြစ်ကြောင်းသိနိုင်၏။
၃။ မွေးနံဂြိုဟ်နှင့် သက်ရောက်ဂြိုဟ်စား စသည်တို့ ပက္ခကြုံမကြုံ သိနိုင်သည်။
၎။ ဇာတာရှင်သည် မည်သည့်ဌာနတွင် ရှိသောဂြိုဟ်၌ ရောက်ရှိနေသည်ကို သိနိုင်၏။
၅။ ကောဇာတိုင်နှင့် မူလတိုင်တို့ ယှဉ်ကြည့်၍ (ဆန်းကျင်သောဂြိုဟ်)များကို ရှာဖွေ သိရှိနိုင်၏။
မူလတိုင်နှင့် ပက္ခကြုံပုံ


ပက္ခကြုံမူ ဘေးရန်ဥပါဒ်များ၊ ရန်သူ ရန်ဘက်များ ကြုံတွေ့ရတတ်သည်။ သက်ရောက်တိုင် ဒသာတိုင်တို့တွင် ခိုက်သောဌာနမှ ဂြိုဟ်များကို အကြောင်းပြု၍ ဇာတာရှင်တွင် အတိုက်အခံ ရန်များ ပေါ်ပေါက်စေတတ်သော သဘာဝရှိလေသည်။
ဣဋ္ဌဘွား မွေးနံရှင်၊ သောမမွေးနံဂြိုဟ်
            ထိုသူတို့သည် ဣဋ္ဌရုပ်နှင့် ဆန်းဝင်သည်။ အနိဋ္ဌရုပ်နှင့် ဆန်းကျင်သည်။ ဣဋ္ဌ အလုပ်မျိုးတို့တွင် အောင်မြင်၍ အကျိုးပေး ထက်သန် တည်မြဲ၏။
အနိဋ္ဌဘွားမွေးနံရှင်၊ ပါပမွေးနံဂြိုဟ်
            ထိုသူတို့သည် အနိဋ္ဌရုပ်နှင့် ဆန်းဝင်သည်။ ဣဋ္ဌ ရုပ်နှင့် ဆန်းကျင်သည်။ အနိဋ္ဌ အလုပ်မျိုးတို့တွင် အောင်မြင်၍ အကျိုးပေး ထက်သန်၏။ တည်မြဲ၏။
ရုပ်ပိုင်းယတြာ
            ဣဋ္ဌဘွားများသည် အနိဋ္ဌ ရုပ်ရည်မရှိကောင်း၊ ထို့အတူ အနိဋ္ဌဘွားများသည်လည်း ဣဋ္ဌ ရုပ်ရည် မရှိကောင်းပါ။ ရှိပါက အခက်အခဲများ၍ ပင်ပန်းစွာ အသက်မွေးရတတ်သည်။ အနှောင့်အယှက် အမျိုးမျိုး ပေါ်ပေါက်တတ်သည်။
            ထို့ကြောင့် ဣဋ္ဌရုပ်၊ အနိဋ္ဌရုပ် ခွဲခြား၍ ယတြာ ဆင်ပေးရမည်။
            ဣဋ္ဌရုပ်သည် ဖြူ၏။ ရှည်၏၊ ပြည့်ဖြိုး၏။
            အနိဋ္ဌရုပ်သည် မဲ၏။ ပု၏။ ကြုံလှီ၏။
            မွေးဇာတာနှင့် ရုပ်သဏ္ဍာန်တို့သည် ဆန်းကျင်သည့်ဘက်က အားသာနေပါက ဆန်းဝင်သည့် ယတြာကို အစဉ်အမြဲ အားဖြင့် ပြုပေးရမည်။
            ဇာတာရှင်သည် ဣဋ္ဌဘွား ဆိုပါစို့ . . . ဣဋ္ဌရုပ် မရှိဘဲ အနိဋ္ဌရုပ်က ကြီးစိုးအားသာနေပါက အောက်ပါအတိုင်း ရုပ်ပိုင်း ယတြာကို ပြုလုပ်ပေးရလေသည်။
            မိမိနှင့်မွေးနံတူသော ဣဋ္ဌ ရုပ်အားသာသော သီလ၊ သမာဓိတိုနှင့် ပြည့်စုံ၍ ကြည်ညိုဖွယ်ဖြစ်သော သံဃာတော် တစ်ပါးကိုရွေး၍ ပစ္စည်းလေးပါး ဒကာအဖြစ် ကတိခံယူထားပါ။ မိမိ၌ အကျိုးအမြတ်များရတိုင်း ထိုသံဃာအား လှူဘွယ် ၀တ္ထူတို့ဖြင့် လှူဒါန်းပါ။ ထိုသံဃာသည် မိမိနှင့် စိတ်တူ ကိုယ်တူ ခင်မင်ရင်းနှီးလာ၍ မိမိအလှူဒါနအား ၀မ်းပမ်းတသာ ခံယူလျှင် မိမိနှင့် တစ်သဘောတည်း ဆောင်လာလျှင် ထိုရုပ်ပိုင်းယတြာသည် အောင်မြင်ပြီဖြစ်လေသည်။ မိမိ အစီးအပွားသည် ထိုသံဃာ၏ အစီးအပွားပင် မည်စေရမည့်သဘော ဖြစ်ပါသည်။
            ထိုနည်းအတိုင်းပင် အနိဋ္ဌဘွားများသည် ဣဋ္ဌရုပ်အားသာ၍ ဆန်းကျင်နေပါက အနိဋ္ဌရုပ်ရည် အပြည့်အ၀ရှိသော မိမိနှင့် မွေးနံတူသော သီလ၊ သမာဓိတို့နှင့် ပြည့်စုံ၍ ကြည်ညိုဘွယ်ဖြစ်သော သံဃာတစ်ပါးကို အထက်ပါ ယတြာနည်းအတိုင်း ရာသက်ပန် ပြုသွားရပေမည်။ သို့မှသာ ဆန်းဝင်လာပြီး အေးချမ်းသာယာ၍ လွယ်ကူစွာ အသက်မွေးရ ပေလိမ့်မည်။
            ဣဋ္ဌဘွားဖြစ်၍ ဣဋ္ဌရုပ်နှင့် ပြည့်စုံပြီး သောမနေ့ မွေးမူ သူတော်ကောင်းတရား လက်ကိုင်ထားရခြင်း၊ အလှူဒါနနှင့် သီလရှိရခြင်း၊ ကူညီပေးကမ်းရခြင်း၊ မေတ္တာ စေတနာကြီးမားရခြင်း၊ တစ်ပါးသူအကျိုးကို ဆောင်တတ်ခြင်း၊ ဒေါသနည်းပါးရခြင်း ရှိလျှင် ဣဋ္ဌ စိတ်စေတနာကြောင့် ဆန်းဝင်လေသည်။ ဘ၀တာ၌ အဆင်ပြေ အောင်မြင်မည်။ စိတ်ချမ်းသာမည်။ ပြည့်စုံ ကုံလုံ၍ ဘေးရန်ဥပါဒ် အနှောင့်အယှက် ကင်းမည်။
ဣဋ္ဌ စိတ်နေစိတ်ထားကို သိရန်မှာ သဒ္ဒအသံကိုကြည့်၍ ဆုံးဖြတ်နိုင်ရမည်။ ဣဋ္ဌအသံသည် အသံအေး၏။ အသံရှည်၏၊ အသံနွဲ့၏။ အနိဋ္ဌအသံသည် အသံပူ၏။ အသံတို၏။ ငေါက်ဆတ်တတ်၏။ အသံပြင်း၏။
            အနိဋ္ဌဘွားတို့သည် အနိဋ္ဌရုပ်ရှိလျှင် ဆန်းဝင်၏။ စိတ်နေစိတ်ထားမှာ မာကျောခက်ထန်၏။ တိကျ၏။ မဟုတ်မခံ စိတ်ရှိ၏။ ခွင့်မလွှတ်တတ်။ ကိုယ့်အားကိုယ်ကိုး၍ မာနကြီးတတ်၏။ ပျော့ပြောင်းစွာ မဆက်ဆံတတ်။ အနိဋ္ဌအလုပ်မျိုး တို့တွင် အောင်မြင်လွယ်၏။ အနိဋ္ဌစိတ် ရှိမရှိကို အသံကို ခွဲခြား၍ စီစစ်ပါ။
            ဣဋ္ဌ အနိဋ္ဌ တို့ကိုဆန်းစစ်ရာတွင် . .  လက်ဝဲဘွား၊ လက်ယာဘွား တို့ကို ထည့်သွင်းယူရမည်။
မှတ်ချက်            ။ အချို့သော ဣဋ္ဌဘွားတို့သည် လက်ျာဘွားဖြစ်၍ တိကျပြတ်သားခြင်း၊ စည်းကမ်းကြီးခြင်း၊ အားမနာတတ်ခြင်းများကို တွေ့ရသကဲ့သို့ အချို့သော အနိဋ္ဌဘွားတို့သည် လက်ဝဲဘွားဖြစ်၍ စိတ်နေစိတ်ထား ပျော့ပြောင်း နူးညံ့ခြင်း၊ သည်းခံတတ်ခြင်းတို့ကို တွေ့ရမည်။ (ဆန်းဝင်ခြင်း၊ ဆန်းကျင်ခြင်းတို့ကို ရူပ သဒ္ဒနည်းတို့ဖြင့် ကြည့်၍ ဆုံးဖြတ်ရာ၏)
နာမည်နှင့် ဣဋ္ဌ အနိဋ္ဌ
၁။ နာမည်၏ ရှေ့ကအက္ခရာသည် အနိဋ္ဌဖြစ်၍ နောက်အက္ခရာသည် အနိဋ္ဌ ဖြစ်လျှင် ဘ၀၌ အခက်အခဲများစွာ ကြုံတွေ့ရတတ်သည်။ ပင်ပန်းဆင်းရဲတတ်သည်။ အတိုက်အခံလုပ်သောဥာဉ် ရှိသည်။ အတိုက်အခံလည်းများသည်။ အပြောအဆို ကြမ်းတမ်းတတ်သည်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ ပညာရေးတို့တွင် အခက်အခဲ၊ အဟန့်အတား အမျိုးမျိုး ကြုံတွေ့ရတတ်၏။ မကောင်းမှု အမျိုးမျိုးတို့ကို လိုက်စားတတ်၏။ အခြေအနေ အရပ်ရပ်တို့သည် တည်ငြိမ် ခိုင်မြဲခြင်းမရှိ။ လှုပ်ရှားယိမ်းယိုင်တတ်သော သဘောရှိ၏။ နာမည်အုပ်စိုးမှုရှိသော သူများဖြစ်လျှင် အထက်ပါအတိုင်း အဖြစ်များ၏။ နာမည် အုပ်စိုးမှု ဆိုရာ၌ လုပ်ကိုင်သော အလုပ်ကြောင့်ဖြစ်စေ၊ သူ့အလိုအလျောက်ဖြစ်စေ လူသိများသော နာမည်ကို ဆိုသည်။ မွေးနံဂြိုဟ်က ဣဋ္ဌဖြစ်၍ နာမည်က အနိဋ္ဌဖြစ်လျှင် စိတ်ကကောင်းသောစိတ်ရှိသော်လည်း အခြေအနေ ပတ်ဝန်းကျင်ကြောင့် သူယုတ်မာ ကဲ့သို့ ဖြစ်ရလေသည်။
၂။ ရှေ့အက္ခရာသည် ဣဋ္ဌဖြစ်၍ နောက်အက္ခရာကလည်း ဣဋ္ဌဖြစ်ပါက အေးဆေးတည်ကြည်သောသူ ဖြစ်သည်။ အပြောအဆို အမူအရာ ယဉ်ကျေးပျော့ပြောင်း၏။ လူတစ်ဖက်သားအား သနားကြင်နာတတ်၏။ ကူညီ ရိုင်းပင်းတတ်၏။ သည်းခံနိုင်၏။ အားနာတတ်၏။ (မိတ်ဂြိုဟ်ချင်း မှည့်ခေါ်လျှင် သူတပါးအကျိုးကို အထူးဆောင်တတ်၏။ ကောင်းသောစိတ် ကောင်းသောအမူအရာတို့ကို အထူးနှစ်သက်တတ်သူဖြစ်၍ ဣဋ္ဌဘက်တွင် ဆန်းဝင်ပါက အကျိုးပေးခိုင်မြဲ ကောင်းမွန်၏။ ကောင်းကျိုးပေးမှုတွင် ထက်သန်၏။ မွေးနံဂြိုဟ်ကလည်း ဣဋ္ဌပင် ဖြစ်ပါက ဧကန် အကျိုးပေး ကောင်းမည်။ မွေးနံဂြိုဟ်က အနိဋ္ဌဖြစ်လျှင် စိတ်ကမပါသော်လည်း လက်တွေ့တွင် သူတော်ကောင်းကဲ့သို့ နေထိုင် ကျင့်သုံးတတ်သည်။ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်ရတတ်သည်။
၃။ ရှေ့အက္ခရာသည် အနိဋ္ဌဖြစ်၍ နောက်အက္ခရာက ဣဋ္ဌဖြစ်လျှင် စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေးတို့တွင် ပဋိပက္ခများစွာ ပေါ်ပေါက်တတ်၏။ အမြဲတမ်း ပြိုင်ဖက်များ ရှိနေတတ်သည်။ အပြိုင်အဆိုင် အတိုက်အခံဖြင့်သာ အောင်မြင်ရတတ်၏။ အနှောင့်အယှက်မကင်း ကြောင့်ကြစိတ် မကင်းဘဲ လုပ်ကိုင်ရတတ်၏။ အရာရာတိုင်းတွင် ၀ါသနာ ပါတတ်၏။ စပ်စုတတ်၏။ စကားပရိယာယ် ကြွယ်ဝတတ်၏။ (မိတ်မဟုတ်၊ ရန်မဟုတ်၊ ဥဒါသိန်ဂြိုဟ်ချင်း မှည့်လျှင် ပို၍မှန်တတ်၏)
၎။ ရှေ့အက္ခရာသည် ဣဋ္ဌဖြစ်၍ နောက်အက္ခရာက အနိဋ္ဌဖြစ်လျှင် စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေးတို့တွင် ကောင်းမလိုလိုနှင့် အဆိုးဘက်သို့ ရောက်တတ်သည်။ အစပိုင်းကောင်းသော်လည်း နောက်ပိုင်းတွင် ပျက်စီးရတတ် လေသည်။ ဆုံးခန်းတိုင်အောင် မရောက်တတ်။ တပိုင်းတစနှင့် ပျက်ကွက်ရတတ်သည်။ စိတ်ဓါတ်မှာလည်း ခဏပမ်းသာ လုပ်ကိုင်တတ်၍ အဖျားရှုးတတ်သည်။ စိတ်ပါဝင်စားခိုက်တွင် အပင်ပန်းများစွာခံ၍ လုပ်တတ်သည်။ တရှူးထိုး တဟုတ်ထိုး တဇောက်ကန်း လုပ်တတ်သည်။ စိတ်အား တက်ကြွလွယ်၏။ ထက်မြက်စူးရှသည်။
            ဂြိုဟ်စားသက်ရောက်တွင်လည်း အထက်ပါနာမည်ကို စစ်ဆေးသကဲ့သို့ မွေးနံဂြိုဟ်ကို (အစ)ဟူ၍ ဂြိုဟ်စားဂြိုဟ်၊ သက်ရောက်ဂြိုဟ်တို့ကို (အဆုံး) ပြုပြီး ဣဋ္ဌ အနိဋ္ဌသဘော၊ အားရှိအားမဲ့သဘောများကို စစ်ဆေးကြပါလေ။
            မူလတိုင်ကိုကြည့်၍ မူလအမည်တို့၏သဘော၊ ပက္ခနှင့် ဣဋ္ဌ အနိဋ္ဌ သဘောများ၊ ဂြိုဟ်စားသောအခါ ကာလအပိုင်းအခြားအတွင်း မွေးနံနှင့် ယှဉ်၍ ပက္ခကျမကျ၊ ဣဋ္ဌ အနိဋ္ဌ ကူးပုံ သဘောတို့ကို ဝေဖန် ဆုံးဖြတ်နိုင်ရမည်။
            ဤတွက်ကိန်းများ၏ အယူအဆတို့သည် အားသာရာသို့လိုက်၍ ဖြစ်တတ်၏။ သဘာဝ နိယာမ ကိန်းခန်းများ၊ သူ့သဘော သူဆောင်သည့် ကိန်းများသာ ဖြစ်သည်။ သူသဘောကို လိုက်နာလျှင် ဆန်းဝင်၍ လွယ်ကူသည့်သဘောကို ယူဆရမည်။ အားသာရာကိုလိုက်၍ သဘာဝလှုပ်ရှားမှု သရုပ်ကို ဆောင်တတ်သည်။ ဤကဲ့သို့ သဘာဝသရုပ်ကို မဆောင်သော် ဆန်းကျင်နေပြီဟု မှတ်ရမည်။ ဆန်းကျင်လျှင် ဆန်းဝင်သည့် အဟောများနှင့် အပြန်အားဖြင့် ၀ိပရိတ်ပြန်၍ ယူရပေတော့မည်။
ဆန်းကျင်ကပ်ဂြိုဟ်
ဣဋ္ဌ နှင့် ဣဋ္ဌ သည် လည်းကောင်း
အနိဋ္ဌ နှင့် အနိဋ္ဌ သည် လည်းကောင်း ဆန်းဝင်ကြလေ၏။
ဣဋ္ဌ နှင့် အနိဋ္ဌ သည် လည်းကောင်း
အနိဋ္ဌ နှင့် ဣဋ္ဌ သည် လည်းကောင်း ဆန်းကျင်ကြလေ၏။
မူလတိုင်နှင့်ကောဇာတိုင်တို့တွင် . . .
ဇေယျ နှင့် ကိစ္ဆ (သို့) ကိစ္စ နှင့် ဇေယျ သည်လည်းကောင်း
ဝရ နှင့် မရဏ (သို့) မရဏ နှင့် ၀ရ သည်လည်းကောင်း
လာဘ နှင့် ဗျာယ (သို့) ဗျာယ နှင့် လာဘ သည်လည်းကောင်း
ဒွယ နှင့် ဒွယ သည်လည်းကောင်း ဆန်းကျင်ကြလေ၏။
ဆန်းကျင် ၀ိသေသ
ဆန်းကျင်သောဂြိုဟ်သည် သက်ရောက်တိုင်နှင့် ဒသာတိုင်များတွင် ကပ်ဂြိုဟ်အဖြစ် ညာဘက်တွင် ရပ်တည်သောအခါ အဓိက အဟောဂြိုဟ်တွင် “၀ိသေသ” အဟောများ ပေါ်ထွက်လာလေသည်။
ဥပမာ . .










သက်ရောက်တိုင်
တစ်ဖက်ပါ ဇာတာခွင်တွင် အဓိက အဟောတိုင်တွင် တနင်္ဂနွေဂြိုဟ်ကို အင်္ဂါဂြိုဟ်က တိက္ခနိစ်ဌာန၌ ဆန်းကျင်၍ ကပ်နေသည်။ ထို့အတွက် ၀ိသေသအဟောအဖြစ် “မင်းအပြစ် ခံရခြင်း၊ အင်းမြှုပ်ခံရခြင်း” ကို ဟောရလေသည်။ ဆန်းကျင်သော ဂြိုဟ်သည် သဘာဝ ဖောက်ပြန်သော ဂြိုဟ်တစ်ခု အဖြစ် မှတ်ရမည် . . .
ကောဇာတိုင်အကြောင်း ရှင်းလင်းချက်များ
ကောဇာတိုင်သည် ဗေဒင်တွက်သည့်အခိုက် ကောဇာသက္ကရာဇ်ကို တွက်ချက်ထူထားသော တိုင်ဖြစ်ရာ လောလောဆယ်အားဖြင့် ဇာတာရှင် ရင်ဆိုင်ကြုံတွေ့ရမည့် အကောင်းအဆိုးများကို ဆုံးဖြတ်နိုင်ရန်တိုင် ဖြစ်လေသည်။
၁။ ဇာတာရှင်သည် မည်သည့်ဌာန၏ ဂြိုဟ်တွင် လောလောဆယ် သက်ရောက်နေသည်။ ဒသာစားနေသည်။
၂။ ဇာတာရှင်၏ မွေးနံဂြိုဟ်သည် ယခုအခါ မည်သည့်ဌာနတွင် ရောက်ရှိနေသည်။
၃။ မွေးနံဂြိုဟ် ရောက်ရှိနေသော ဌာနနှင့် သက်ရောက်ဒသာစားသော ဂြိုဟ်များ၏ ပက္ခသဘော၊ ဣဋ္ဌ အနိဋ္ဌသဘော
၎။ သက်ရောက်တိုင်၊ ဒသာတိုင်တို့တွင် ဂြိုဟ်အသီးသီးအား ကပ်ဂြိုဟ်အဖြစ် မည်သည့်ဌာနဂြိုဟ်များ ကပ်နေသည် စသည့်အချက်များကို သိနိုင်ပါသည်။
ဆိုကြပါစို့ . . . သောကြာဂြိုဟ်တစ်ဦး . . .







ကောဇာတိုင်



Ø  သောကြာဂြိုဟ်သည် ကောဇာတွင် ဘင်္ဂခေါ် မရဏ ဌာနတွင် ရှိသည်။
Ø  တနင်္လာဂြိုဟ်သက်ရောက်လျှက်ရှိရာ ၎င်းတနင်္လာဂြိုဟ်သည် မရဏ ခေါ် ကိစ္ဆ ဌာနတွင် ရှိနေသည်။
Ø  မွေးနံဂြိုဟ်ရှိရာ ဌာနမှာ အနိဌ ဘင်္ဂဖြစ်၍ သက်ရောက် တနင်္လာဂြိုဟ်မှာလည်း မရဏ အနိဋ္ဌချင်း ဧကံ ဖြစ်နေသည်။
Ø  သက်ရောက်တိုင်တွင် ကြည့်လျှင် မွေးနံ သော့ာမှစ၍ ဂြိုဟ်အသီးသီးကို ကောဇာတိုင်မှ အထက်ဂြိုဟ်ကပ်ခြင်း၊ အောက်ဂြိုဟ်ကပ်ခြင်းများ စီစစ်ရမည်။
Ø  ယခု ဥပမာပုံတွင် . .  ကောဇာအောက်ဆုံး ကိစ္ဆ တနင်္လာဂြိုဟ်မှ လာသော သက်ရောက်တိုင် ဖြစ်သောကြောင့် ကောင်းသောဌာနရှိ ဂြိုဟ်များကိုသာ ဦးစားပေး စီစစ်ရမည်။ နိစ်နှင့်ပြတွင်ရှိသော အနိဋ္ဌဂြိုဟ်များကို ဦးစားပေး၍ ညွှန်ပြဟောပြောခြင်း ပြုရမည်။ ဤနမူနာတိုင်တွင် တနင်္ဂနွေဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသပတေးဂြိုဟ်များ၏ အကြောင်းနိမိတ်နှင့် အကျိုးတရားများကို ဦးစားပေး ဟောပြော ညွှန်ပြရမည်။

သက်ရောက်တိုင်နှင့်ဒသာတိုင်များ ရှင်းလင်းချက်
          သက်ရောက်တိုင်တွင်ဖြစ်စေ ဒသာတိုင်တွင်ဖြစ်စေ၊ ကောင်းသော မူလနှင့် ကောဇာဂြိုဟ်တို့မှ ဆင်းသက်လျှင် ကောင်းသောဌာနမှ ဂြိုဟ်များကို အားပေးကြခြင်း၊ ဆိုးသောဌာနရှိ မူလနှင့် ကောဇာဂြိုဟ်တို့မှ ဆင်းသက်လျှင် သက်ရောက်တိုင်၏ ဆိုးသောဌာနမှ ဂြိုဟ်များကို အားပေးကြလေသည်။







မူလ
ကောဇာ

သက်ရောက်

            နမူနာ တည်ဆောက်ထားသော တိုင်များတွင် ကြည့်ပါက မူလတွင် (ဇေယျ) ကောဇာတွင် (၀ရ) ကောင်းသောဌာနမှ သောကြာဂြိုဟ်၏ သက်ရောက်ဖြစ်သောကြောင့် ထူထားသော အင်္ဂါဂြိုဟ်တန်းစီးတိုင်တွင် မူလနှင့် ကောဇာ ကောင်းအားသာသော သောကြာဂြိုဟ်၏တိုင်ဖြစ်သောကြောင့် ကောင်းသောဌာနရှိ တနင်္လာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ် (တန်းကပ်၊ တန်းစီး၊ တိုင်ထိပ်) ၃ဌာနတွင် ကပ်ဂြိုဟ်အားနှင့် ယှဉ်၍ ဧကန် အနေကန် သဘောကို ဆုံးဖြတ် ဟောပြောရမည်။
            မူလနှင့် ကောဇာတိုင် နှစ်မျိုးလုံး၏ အထက်ဂြိုဟ် သောကြာဂြိုဟ်လာသောတိုင်ဖြစ်၍ ကောင်းအား အလွန်သာနေသည်။ တဖန် အဟောဖြစ်သည့် သက်ရောက်တိုင်တွင် တိုင်ထိပ်၌ ကြာသပတေးဂြိုဟ်ကို (မူလတိုင်မှ ၀ရ၊ ကောဇာတိုင်မှ လာဘ အထက်ဂြိုဟ်) တနင်္လာဂြိုဟ်က ကပ်ဂြိုဟ်အဖြစ် ကပ်လျှက်ရှိလေသည်။
            ထိုကြာသပတေးဂြိုဟ်ကို ကောင်းသည့်ဂြိုဟ် ကောင်းသည့်ဓါတ်အဖြစ် ဧကန်ယူဆ ရလေသည်။ ဤဇာတာရှင်သည် ဤဒသာ လေးလကာလအတွင်း ကြာသပတေးဂြိုဟ်၏ အကျိုးကျေးဇူး (ဆန်းစစ်မှုများအလိုက်) ကို ရရှိခံစားဖို့ ရှိသည်ဟု ယူဆရပေ၏။ ဆန်းဝင်လျှင် သူ့အလိုအလျောက်(အကြောင်းနိမိတ်များပေါ်လာပြီး) အကျိုးတရားကို တွေ့ကြုံ ရရှိပေအံ့သတည်း။
            ဤသို့ အားရှိသော အကျိုးပြုဂြိုဟ်ကို ဧကန်အဖြစ်ယူဆသော်လည်း ဆန်းဝင်သော အကြောင်းနိမိတ်မပေါ်ဘဲ လိုအလျောက် ရရှိခံစားရမည်ဟု မဟောပြောနိုင်ပေ။ အကြောင်းနိမိတ်ကို ပေး၍သာ အကျိုးတရားကို ဟောလျှင် ဟောနိုင်ပေသည်။
ဧကန်နှင့် အနေကန်
            ယူဆပုံမှာ ဆန်းပညာ၏ အယူအဆ အရံအားရှိသောဘက်သို့လိုက် ဧကန်၊ အားမရှိသောအခါ အနေကန် သတ်မှတ် ဆုံးဖြတ်ရသော်လည်း အတတ်သေ မုချဤသို့ ဖြစ်ရမည်ဟု မယူဆရပါ။ ဇာတာရှင်က ဤဧကန်ဂြိုဟ်နှင့် ဆက်ဆံပတ်သက်လျှင် ဧကန်ကောင်းခြင်း ဆိုးခြင်းကိုသာ ဆိုလိုသည်။ တိုင်ပင်ခြင်း၊ စုံစမ်းခြင်း နည်းမျိုးဖြင့် ဗေဒင်မေးသူမျိုးအတွက် အကောင်းအဆိုးကို ဧကန်သဘော၊ အနေကန်သဘော ဟောပြောနိုင်ပါသည်။










မူလ
ကောဇာ

သက်ရောက်

တစ်ဘက်ပါ ပုံစံ၌ကား မူလတိုင်မှ (မရဏ)ဌာနရှိ စနေဂြိုဟ်၊ ကောဇာတိုင်မှ (ကိစ္စ)ဌာနရှိ စနေဂြိုဟ်သို့ သက်ရောက်သဖြင့် ထူထားသော သောကြာဂြိုဟ်တန်းစီးတိုင်ဖြစ်သည်။ ဤအဟောတိုင်တွင် မကောင်းသောဌာနမှ လာသောတိုင်ဖြစ်၍ မကောင်းသောအား သာလျက်ရှိသည်။ ထို့ကြောင့် ပြဌာန၊ မန္ဒနိစ်ဌာန၊ တိက္ခနိစ်ဌာနရှိ ဂြိုဟ်များကို ဦးစားပေး၍ စီစစ် ဟောပြောရမည်။ ဤထွက်သော ပျက်သောဌာနရှိ ဂြိုဟ်များသည် သူ့အလိုအလျောက် အကြောင်းနိမိတ်ခံ၍ အကျိုးအတိုင်း ထွက်ခဲ့ ပျက်ခဲ့သော် ဆန်းဝင်၏။ ဤသို့ မဟုတ်မူဘဲ အထွက် အပျက် အရှောင် ဖြစ်ရမည့်အစား အ၀င် အမြတ် အဆောင် ဖြစ်လာလျှင် ပြုခဲ့လျှင် “ဆန်းကျင်”သောကြောင့် မုချ ခိုက်ပေတော့မည်။
မှတ်ချက်            ။ ဤဆန်းဗေဒင်တွင် ယတြာ၊ ဓါတ်ဆိုသည်များမှာ ဆန်းဝင်အောင်ပြုခြင်းနှင့် ဆန်းကျင်ခြင်းကို ရှောင်စေခြင်းသည် အသက်သွေးကဲ့သို့ ဖြစ်သတည်း။
လူကလိုက်နာ ပြုလုပ်ခြင်း၊ ရှောင်ကြဉ်ခြင်းတို့သည် ယတြာဖြစ်၍ သူ့အလိုအလျောက် အကြောင်းခံလာခြင်းကို နိမိတ်ဟု ခေါ်၏။ ဤဗေဒင်ပညာတွင် အကြောင်းမရှိဘဲ အကျိုးမဖြစ်။ အကြောင်းပေါ်အောင်လုပ်မှ အကျိုးဖြစ်၏။ ယတြာဟူသည်မှာ အကြောင်းအကျိုး၏ အချုပ်ပင် ဖြစ်လေသည်။


ဆက်ရန် . . .
ဆရာမင်းကျော်ဇော်
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်>>>